
ပြီးခဲ့တဲ့ သောကြနေ့(၁၈.၁၂.၂၀၂၀) တုန်းက အမေရိကန်နိုင်ငံ၊ Florida ပြည်ယ်ရှိ Taco Bell စားသောက်ဆိုင်မှ အသက် ၇၀ အရွယ်ရှိ အမျိုးသားဝန်ထမ်းကြီးတစ်ဦးဟာ စားသုံးသူတွေထံမှာ Christmas လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ ဘောက်ဆူးငွေ အမေရိကန်ဒေါ်လာ ၆,၀၀၀ ကျော်ကို ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီလိုမျိုး ရရှိတယ်ဆိုတာကလည်း အဆိုပါ ဝန်ထမ်းအမျိုးသားကြီးရဲ့ လုပ်ရည်ကိုင်ရည်၊ စားသုံးသူတွေအပေါ် ဆက်ဆံတဲ့ အပြုအမူတွေနဲ့ အဆိုပါ အမျိုးသားကြီးရဲ့ ရိုးသားဖော်ရွေတဲ့ စိတ်ဓာတ်တို့ကြောင့်ဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ဝန်ထမ်းအမျိုးသားကြီးတော့ အသက် ၇၀ အရွယ်ရှိ Joe DeCicco အမည်ရ ဝန်ထမ်းကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Joe ဟာ အဆိုပါ Taco Bell စားသောက်ဆိုင်မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ Taco Bell ဆိုင်ရဲ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်လာတဲ့ နှစ်ပေါင်း ၂၀ လုံးလုံးမှာ Joe ဟာ စားသုံးသူ customer တွေအပေါ်မှာ အမြဲလိုလို ဖော်ရွေးစွာ ဆက်ဆံတတ်သူတစ်ယောက် ဖြစ်တဲ့အပြင် အချိန်မရွေးလည်း အကူအညီတောင်းတာနဲ့ အကူအညီပေးလေ့ရှိတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် customer တွေ သဘောအကျဆုံး ဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့် Joe ကို စားသုံးသူတွေဖက်ကနေ Christmas လက်ဆောင် ပေးအပ်ပြီး Joe ရဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုဖို့ Joe အတွက် အလှူငွေတွေ ဝိုင်းဝန်းကောက်ခံခဲ့ကြပါတယ်။ စစချင်းမှာ ဒေါ်လာ ၅၀ သာရှိတဲ့ အလှူငွေကနေ နောက်ဆုံးမှာတော့ ဒေါ်လာ ၆,၀၉၅ အထိ ရှိလာခဲ့ပါတယ်။ “Joe ဟာ တစ်ကယ့်ကို ရိုးသားကြိုးစားပြီး တန်ဖိုရှိတဲ့ ဝန်ထမ်းကောင်းတစ်ယောက်ပါ။ သူ ဒီ Taco Bell ဆိုင်မှာ အလုပ်လုပ်နေတာ ကျွန်မတစ်သက် ရှိပါပြီ။ အဓိကကတော့ သူ့ရဲ့ စိတ်ဓာတ်နဲ့ စာသုံးသူတွေအပေါ် ဆက်ဆံတဲ့ ပုံစံလေးတွေကို ကြိုက်လို့ပါ။ ဒါ့ကြောင့် ကျွန်မအပါအဝင် ဒီဆိုင်မှာ လာစားဖူးတဲ့ လူတွေက စုပြီး Joe အတွက် Christmas လက်ဆောင်သဘောမျိုးနဲ့ အလှူငွေကို ပေးအပ်ခဲ့တာပါ”လို့ Tricia Phillippi အမည်ရ အလှူရှင် အမျိုးသမီးတစ်ဦးက people သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw