McDonald ဆိုင်ထဲ ဖိနပ်ချွတ်ပြီးဝင်ရောက်ခဲ့လို့ နာမည်ကြီးနေတဲ့အမျိုးသား

အရှေ့တိုင်းသားအများစုဟာ တခြားလူတစ်ယောက်သန့်ရှင်းရေးလုပ်ထားတဲ့ နေရာကို ညစ်ပါတ်အောင် လုပ်မိမှာကိုစိုးရိမ်တတ်ကြပါတယ်။။ဒါကြောင့် အထွတ်အမြတ်ထားတဲ့ နေရာတွေ၊သန့်ရှင်းရေးလုပ်ထားတဲ့ နေရာတွေမှာဆိုရင် အပြင်ဘက်မှာ ဖိနပ်ချွတ်ပြီး ခြေထောက်ဗလာနဲ့ ၀င်ရောက်လေ့ရှိပါတယ်။

အခုလတ်တလော အင်တာနက်မှာ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဟာ သန့်ရှင်းရေးပြုလုပ်ထားတဲ့ McDonald စားသောက်ဆိုင်ထဲကို ဖိနပ်ချွတ်ပြီးဝင်သွားခဲ့တဲ့ ဖြစ်ရပ်ဟာ လူအပြောများနေကြပါတယ်။သို့ပေမဲ့ အင်တာနက်အသုံးပြုသူများကတော့ သူဟာ ဖိနပ်ချွတ်တတ်တဲ့ အကျင့်ရှိလို့ ဖိနပ်ချွတ်ခဲ့တာဖြစ်နိုင်သလို ကြမ်းပြင်စိုနေတော့ ချော်လဲမှာ စိုးရိမ်တဲ့အတွက်ကြောင့် ဖိနပ်ချွတ်ခဲ့တာဖြစ်တယ် လို့ပြောဆိုနေသူတွေလည်းရှိနေပါတယ်။

ဒီဖိလစ်ပိုင်နိုင်ငံသားဟာ McDonald စားသောက်ဆိုင် အ၀မှာ သန့်ရှင်းရေး လုပ်ထားတဲ့ အချက်ပြ ဆိုင်းဘုတ်တွေကိုတွေ့တဲ့အခါမှာ ချက်ချင်းဖိနပ်ချွတ်ခဲ့ပြီး ၀ယ်ပြီးအပြင်ထွက်လာမှ ပြန်ဝတ်ဆင်ခဲ့ပါတယ်။

McDonald စားသောက်ဆိုင်မှ ၀န်ထမ်းများကတော့ ထိုလူရဲ့ အပြုအမူကို ရယ်သွမ်းသွေးခဲ့ကြပြီး အင်တာနက် အသုံးပြုသူများကတော့” ငါတို့ အိမ် မှာသာဖိနပ်ချွတ်ကြပေမဲ့ အများပြည်သူပိုင်နေရာတွေရောက်ရင်တော့ မချွတ်ကြပါဘူး ကွာ ” လို့ဆိုခဲ့ပါတယ်။တခြားသော အင်တာနက် အသုံးပြုသူတွေကတော့ ထိုလူရဲ့ အပြုအမူကို ” သူတပါး သန့်ရှင်းရေး လုပ်ထားတဲ့ ကြမ်းပြင်ကို ညစ်ပါတ်အောင်မလုပ်လိုတဲ့အတွက်ဖြစ်တယ် ” လို့ပြောဆိုခဲ့ပြီး ဒီလူကို ချီးကျူးခဲ့ကြပါတယ်။

READ
တက်တူးအတုထိုးရာမှ Henna ဓာတ်မတည့်မှုကြောင့် သေရာပါဒဏ်ရာရခဲ့တဲ့အမျိုးသား

Slash (Shwemom)

Ref : Rach Feed

SHARE