လူပုံအလည်မှာ လက်သရမ်းခဲ့သူကို နောင်တရစေခဲ့တဲ့ စားပွဲထိုးမလေး

အသက် (၂၁) နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီမီလီယာ ဟိုးလ်ဒန် ဆိုတဲ့ စားပွဲထိုးမလေးကတော့ လူပုံအလည်မှာ သူမကို လက်သရမ်းခဲ့တဲ့အမျိုးသားကို ကြောက်ရွံ့မနေပဲ ချက်ချင်းပဲ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ဒီ ဖြစ်ရပ်က ဂျော်ဂျီယာပြည်နယ်ရဲ့ ဆာဗန်နာမြို့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး လမ်းဘေးစားသောက်ဆိုင်လေးမှာ စားပွဲထိုးအလုပ်လုပ်နေခဲ့တဲ့ အီမီလီယာကို အဲဒီဘေးမှာ ဖြတ်သွားတဲ့ အမျိုးသားတစ်ယောက်က လက်သရမ်းခဲ့တာပါ။

Dailymail

CCTV မှတ်တမ်းတွေအရ အီမီလီယာဟာ စားသုံးသူတစ်ဦးရဲ့ အစားအသောက်မှာယူမှုကို လက်ခံပြီးတဲ့နောက် မီနူးကတ်ကို ပြန်ထားနေတုန်း အဲဒီလမ်းပေါ်မှာ ဖြတ်သွားသူတစ်ယောက်က သူမရဲ့တင်ပါးကို ကိုင်သွားခဲ့တာပါ။

ချက်ချင်းဆိုသလိုပဲ အီမီလီယာက အမျိုးသားရဲ့ အင်္ကျီကိုဆောင့်ဆွဲခဲ့ပြီး သူ့ရဲ့လည်ပင်းကို လက်နဲ့အနောက်ကနေ သိုင်းဖက်ကာ ထိုင်ခုံတွေရှိရာဖက် ဆောင့်တွန်းလိုက်ပါတယ်။

Dailymail

အဲဒီနောက်မှာတော့ နံဘေးမှာရှိတဲ့ စားသောက်သူတွေရောက်လာခဲ့ပြီး နှစ်ယောက်စလုံးကို ပြဿနာမဖြစ်အောင် ၀င်ထိန်းပေးခဲ့ကြတာပါ။

READ
အများအကျိုးအတွက် ခန္ဓာကိုယ်ကို ကင်ဆာကုထုံး အစမ်းသပ်ခံအဖြစ် လှူခဲ့တဲ့ အမျိုးသား

ဒီ ဗီဒီယိုဖိုင်က အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး အီမီလီယာရဲ့ဖြစ်ရပ်ဟာ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့အလုပ်နေရာတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ခံနေရကြောင်း မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။

အီမီလီယာက သူမရဲ့အဖြစ်အပျက်ကို ရဲတပ်ဖွဲ့ဆီ တိုင်ကြားခဲ့ပြီး အဲဒီ CCTV မှတ်တမ်းကတစ်ဆင့် ရဲတပ်ဖွဲ့က လက်သရမ်းခဲ့သူကို ရှာဖွေဖမ်းဆီးခဲ့ပါတယ်။

Dailymail

“အကောင်းဆုံးဖြစ်မယ်ထင်တာကို ကျွန်မလုပ်ခဲ့တာပါပဲ။ အဲဒီလူကို ဆွဲလှဲချလိုက်တဲ့အချိန်မှာ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်က ရဲကိုခေါ်လိုက်ပါတယ်။ CCTV မှတ်တမ်းတွေကို ပြန်ကြည့်ပြီးတဲ့အချိန်မှာတော့ သူ့ကို ရဲတွေက နှစ်ရက်လောက်ကြာအောင် ထိန်းသိမ်းထားခဲ့ကြပါတယ်။ အဲဒါက သူနဲ့ထိုက်တန်တာပါပဲ” လို့ အီမီလီယာ က ဆိုလိုက်ပါတယ်။

“ကျွန်မအနေနဲ့ အမျိုးသမီးတွေကိုပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ကြိုးစားတာဟာ အပြစ်မရှိပါဘူး။ ကျွန်မတို့မှာ ကိုယ့်ရဲ့သိက္ခာအတွက် ကာကွယ်ပိုင်ခွင့်အပြည့်ရှိပါတယ်” လို့ စားသောက်ဆိုင်ရဲ့ စားပွဲထိုးမလေးအဖြစ်လည်း သတ္တိခဲလေး အီမီလီယာ က ဆိုလိုက်ပါတယ်။

READ
ဝယ်လာတဲ့ဗီရိုထဲမှာစိန်နဲ့ရတနာပစ္စည်းတွေတွေ့ခဲ့ပေမယ့် ပိုင်ရှင်ထံပြန်ပေးခဲ့တဲ့အဘိုးအို

Linn

Source : Dailymail

SHARE