ညှပ်ခိုင်းတဲ့ဆံပင်ပုံစံအတိုင်းမရလို့ ဆံသဆရာအတွက်ပေးလိုက်တဲ့ တန်ပြန်ကလဲ့စား

ဆံပင်ညှပ်ဖို့သွားတဲ့အခါ လက်တစ်လုံးပဲညှိပေးပါနော်၊ ပုံသွင်းပေးပါနော်လို့ ပြောသော်လည်း ဆံသဆရာများညှပ်ချပစ်လိုက်လို့ တစ်ထွာလောက် ဆံပင်တိုသွားတဲ့ အမျိးသမီးတွေ၊ ဆံပင်ရှည်ကြိုက်လွန်းလို့ အလလထားခဲ့ရတဲ့ ဆံနွယ်ရှည်ရှည်လေးတွေဟာ တိုနန့်သွားကုန်တဲ့ အမျိုးသားတွေ ရှိဖူးကြမယ်ထင်ပါတယ်နော်။ ဒေသထွက်စရာနော်။ တကယ်တော့ အိမ်တစ်အိမ်မှာ ခေါင်မိုးကအရေးကြီးသလို လူတစ်ယောက်မှာလည်း ဆံပင်ပုံစံဟာ သိပ်ကိုအရေးကြီးပါတယ်။ ဆံပင်ပြောင်းသွားတာနဲ့ လူရဲ့ရုပ်ထွက်ပါလိုက်ပြောငာ်းသွားကြတတ်ပါတယ်။

တရုတ်ပြည်မှာတော့ ပြောတဲ့ဆံပင်ပုံစံအတိုင်း မရဘဲ တလွဲကြီးဖြစ်သွားလို့ဆိုပြီး ဆံပင်လာညှပ်တဲ့အမျိုးသားက ဆံသဆရာကို ကလဲ့စားကောင်းကောင်းပြန်ချေပစ်တဲ့ ဗီဒီယိုတစ်ခု ခေတ်စားနေပါတယ်။

ဗီဒီယိုဟာ CCTV မှတ်တမ်းဖြစ်ပြီး ၂၀၁၉ မတ်လ ၃၁ ရက်နေ့က ရိုက်ကူးထားမိခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ Nan’an ဒေသ၊ Chongqing မှာရှိတဲ့ ဆံပင်ညှပ်ဆိုင်လေးတစ်ဆိုင်မှာ ဆံသဆရာနဲ့ဆံပင်လာညှပ်သူတို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပါတယ်။

pear video

ဆံပင်လာညှပ်တဲ့အမျိုးသားဟာ သူ့ဖုန်းထဲမှ ဆံပင်ပုံစံနမူနာလို့ ယူဆရတဲ့ပုံတစ်ပုံကိုပြကာ တခြားသောဆိုင်ကဝန်ထမ်းတွေကို အခုညှပ်ထားတဲ့ ဆံပင်ပုံစံနဲ့တူမတူ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောနေခဲ့ပါတယ်။ နောက်မှာတော့ ဒေါသမထိန်းနိုင်တော့ကာ သူ့ကိုဆံပင်ညှပ်ပေးတဲ့ ဆံသဆရာကို ထိုင်ခုံမှာကြပန်ထိုင်စေပြီး ခေါင်းကိုစဖီးခဲ့ပါတယ်။

READ
လူသန်းချီကိုဝါးမြိုမယ့် ကပ်ရောဂါဖြစ်ပွားနိုင်ချေရှိဟု သတိပေးလိုက်တဲ့ ဘီလ်ဂိတ်
pear video
pear video

နောက်မှာတော့ ဆံပင်ရိတ်စက်ကို ယူကာ ဆံသဆရာရဲ့ဆံပင်တွေကို ရိတ်ခါနီးဆဲဆဲမှာတင် ဆံသဆရာက ထိုင်ခုံကနေထပြေးခဲ့ပါတယ်။ လူကောင်ချင်းကလည်းကွာတော့ သေးသေးညှပ်ညှပ်နဲ့ဆံသဆရာကို ဆံပင်လာညှပ်တဲ့အမျိုးသားက ပြန်ဆွဲချကာ ထိုင်းခိုင်းလိုက်၊ ဆံသဆရာကထွက်ပြေးတာကို သွေးအေးအေးနဲ့ လိုက်ဖမ်းနေတဲ့ အမျိုးသားတို့ရဲ့ ပုံရိပ်တွေဟာ တရုတ်နိုင်ငံရဲ့လူမှုကွန်ယက်ပေါ်ကို တက်လာခဲ့ပါတယ်။

pear video
pear video

အမျိုးသားကတော့ ရဲတွေရဲ့ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး CCTV မှတ်တမ်းကို သက်သေအဖြစ် သိမ်းယူခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်း အမျိုးသားဟာ ဆံသဆရာကို ထိခိုက်နာကျင်စေတဲ့ သဘောမျိုး လုံးဝမပါဘဲ သူသဘောမကျတဲ့ဆံပင်ကို ညှပ်ပေးခဲ့တဲ့အတွက် လက်စားချေတဲ့အနေနဲ့ ကတုံးပြန်တုံးဖို့ကိုပဲ စိတ်ကူးထဲ ရှိနေခဲ့တာပါ။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်ဆိုတာဟာလည်း ဆံသဆရာက ပတ်ပြေးနေခဲ့လို့ ကတုံးရိတ်ဖို့အတွက် လိုက်ဖမ်းရင်း ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။

ကဲ ဗီဒီယိုကြည့်ပြီး ဝိုင်းဝေဖန်ပေးလိုက်ကြပါဦးနော်။

Source: Daily Mail

Penny

 

SHARE