ကြက်သားပေါင်းထဲမှာ ပါလာတဲ့ပိုးကောင်ကြောင့် အော်ဂလီဆန်ခဲ့ရကြောင်း ကာယကံရှင်ဖွင့်ဟ

အသက် 45 နှစ်အရွယ် ပရော်ဖတ်ရှင်နယ် ဂီတာသမားတစ်ယောက်ဖြစ်တဲ့ Marco Furniss ဟာ စကော့တလန် Edinburgh မြို့သားတစ်ယောက်ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ Cheshunt, Herts မြို့ကို အလုပ်ကိစ္စနဲ့ နေခဲ့တာ ကြာပြီလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်က အီတလီရိုးရာ ကြက်သားပေါင်းကို ၀ယ်စားခဲ့ပါတယ်။

အဲဒီကြက်သားပေါင်းဟာ ခရမ်းချဉ်သီးဆော့များများ၊ အာလူးကို မီးဖုတ်ပြီးအတုံးလေးတွေ လှီးထည့်ပေးထားပြီး၊ အပေါ်ကနေ ကိုက်လံရွက်တွေ အုပ်ပေးထားတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကြက်သားပေါင်းကို အားရပါးရ ကိုက်ဖဲ့စား
သောက်ခဲ့ပြီး၊ မကြာခင်မှာပဲ သူကြိုက်တဲ့ အရသာနဲ့ ကြက်ပေါင်းဟာ ပါးစပ်ထဲမှာ ထူးဆန်းသလို စိတ်ထဲ ခံစားခဲ့ရပါ
တယ်။

နောက်မှာတော့ ပါးစပ်ထဲကနေ ထွေးထုတ်လိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ အတော်အတန်ကြီးမားတဲ့ ပိုးကောင်တစ်
ကောင် ပါလာတာကို တွေ့ရပါတယ်။ သူ စားပြီးသားတွေတောင် အန်ကျမလိုထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ အစားအသောက်ဟာ အဆင်သင့် စားစရာတစ်မျိုးဖြစ်ပြီး၊ M&S စားဖွယ်စုံကုမ္မဏီက ထုတ်လုပ်ရောင်းချပါတယ်။

READ
အိမ် ၁ လုံး၊ ကား ၁၀ စီး နဲ့ ဘတ်ငွေ ၁၀ မီလီယံတန် သမက်ရွေးချယ်ပွဲကို ဖျက်သိမ်းလိုက်ပြီ

Marco က ” ကျွန်တော် တော်တော်လေး စားလာပြီမှ ပါးစပ်ထဲမှာ ဘာကြီးလဲဆိုပြီး ထွေးကြည့်လိုက်တာပါ … ပိုးကောင်
ကြီးဗျာ … ကျွန်တော့်ကိုတောင် ကြည့်နေသလား ထင်ရတယ် … တကယ်တော့ ပေါင်းမီးဖိုထဲမှာ မိနစ် 30 လောက် အနှပ်ခံထားရလို့ သေနေပါပြီ .. အရသာကတော့ အတော် အော်ဂလီဆန်စရာ ပါဘဲ “လို့ ပြောခဲ့ပါတယ်။

သူနဲ့ အတူတူနေတဲ့ အခန်းဖော်က အဲဒီပိုးကောင်ဟာ Stink Bug လို့ ခေါ်ပြီး အလွန်နံဟောင်သော အနံ့ကို ပေးတဲ့ အင်းဆက် ဖြစ်ကြောင်း၊ သစ်ရွက်တွေကို ကိုက်ဖြတ်စားသောက်တဲ့ ပိုးကောင်ဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ M&S ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးက ဒီကိစ္စကို စုံစမ်းနေပြီး၊ စားသုံးသူရဲ့ အဆင်မပြေမှုအတွက် တန်ဖိုးကို ပြန်လည် ပေး
လျှော်မယ်လို့ အတည်ပြုခဲ့ပါတယ်။

READ
ဆရာတွေစာရိတ္တပျက်မှာစိုးလို့ လက်ဆောင်ငွေပမာဏကို ကန့်သတ်လိုက်တဲ့ကျောင်း

၎င်းတာဝန်ရှိ ပုဂ္ဂိုလ်က ” ဒီဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရပါတယ် … M&S ကနေ ထုတ်လုပ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွှတ်ဖို့၊ ဘေးအန္တရာယ်မရှိစေဖို့၊ အရည်အသွေး ပြည့်မီဖို့ ကျွန်တော်တို့ ၀န်ထမ်းတွေ ကြိုးစားပန်းစား လုပ်ဆောင်နေပါတယ် … ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲပါ “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE