ထူးဆန်းတဲ့ မော်ဒယ်ပုံတွေကြောင့် Customer တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတဲ့ ကုမ္ပဏီ

[email protected]_nyambush Zara

Online Shopping တစ်ခုမှာ အဝတ်အစားမှာတော့မယ်ဆိုရင် ကိုယ်ဝတ်မယ့် အင်္ကျီကိုပဲ ကြည့်လား၊ဒါမှမဟုတ် အင်္ကျီဝတ်ထားတဲ့ မော်ဒယ်တွေကို ကြည့်ကြလား။ လူတော်တော်များများကတော့ ကိုယ်ဝယ်မယ့် အင်္ကျီအဝတ်အစားတွေရဲ့ ဒီဇိုင်းတွေ၊ ဈေးနှုန်းတွေ၊ Size တွေကိုပဲ ကြည့်ကြမှာပါ။ အခုလည်း နာမည်ကြီး ဖက်ရှင်အဝတ်အစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Zara ဟာ Online ပေါ်မှာ ဈေးရောင်းဖို့တင်ထားတဲ့ အဝတ်အစားပုံတွေကြောင့် customer တွေရဲ့ ဝေဖန်ခြင်းကို ခံနေရကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Zara ကုမ္ပဏီရဲ့ Online ပေါ်မှာ တင်ထားတဲ့ အဝတ်အစားပုံစံတွေကလည်း တော်တော်စိတ်ညစ်စရာပါပဲ။ Zara ဟာ အဝတ်အစားပုံတွေကို အသားမပေးပဲ မော်ဒယ်လ်တွေကိုပဲ တော်တော်အသားပေးနေတဲ့ပုံပါပဲ။ တစ်ချို့ပုံတွေမှာဆိုရင် ဝတ်ထားတဲ့ အင်္ကျီတောင်မပေါ်ပဲ လူပဲတွေ့နေရပါတယ်။ ဥပမာအနေနဲ့ အောက်ကပုံကို ကြည့်ကြည့်လိုက်ပါ။

READ
ညစ်တီးညစ်ပတ် နေထိုင်မှန်းသိပြီးနောက် ကောင်မလေးကို ရည်းစားကဖြတ်
zara

အပေါ်ကပုံဟာ Zara ကုမ္ပဏီရဲ့ Page မှာ တင်ထားတဲ့ ပုံတွေထဲက တစ်ခုပါပဲ။ အဲဒီပုံဟာ ထဲက ဘာကို ကျွန်တော်တို့ကို ဝယ်စေချင်တာလဲဆိုတာ စဉ်းစားလို့ကို မရပါဘူး။ တစ်ချို့ပို့စ်တွေဆိုလဲ တော်တော်ကို အဆင်မပြေပါဘူး။

အပေါ်ကပုံမှာဆိုရင် မော်ဒယ်ကောင်မလေးက မီးဖိုပေါ်မှာ တက်ထိုင်နေပါတယ်။ အင်္ကျီက မီးအပူခံနိုင်တာလား၊ မီပြီးတာလား ဘာကို ပြောချင်မှန်းကို လိုက်မမှီတော့ပါဘူး။ လူတော်တော်များများ Online Shopping မှာ ဈေးဝယ်တယ်ဆိုတဲ့ သဘောဟာ ကိုယ်ဝယ်မယ့် အဝတ်အစားတွေကိုပဲ ကြည့်ချင်တာပါ။ မော်ဒယ်လ်တွေကို ကြည့်ချင်တာ မဟုတ်ပါဘူး။

READ
မဖွယ်မရာကပြမှုကြောင့် ထောင်ကျခဲ့တဲ့သားက အပြစ်မရှိကြောင်းဆို လိုက်တဲ့မိခင်

https://twitter.com/x_nyambush/status/1169295242455080961

တစ်ခါတစ်လေမှာ ဘယ်လောက်ပဲ ဖက်ရှင်တွေက ခေတ်ဆန်တယ်ပြောပြော customer တွေ လိုချင်တဲ့ ပုံစံကို သိမှ တော်တော် အဆင်ပြေမှာပါ။ ဒီလိုပုံစံ၊ ဒီလိုပို့စ်တွေက တိုးတက်လာတဲ့ ခေတ်နဲ့အညီ ဆန်းသစ်တာမှန်ပေမယ့် တစ်ခါတစ်လေတော့ customer တွေရဲ့ Needs နဲ့ Wants ကို သိဖို့ လိုအပ်ပါတယ်။

mariasohail_
zara

Pyi Hein Kyaw

SHARE