PS4 ဂိမ်းစက်ကို အမိုက်စား customize လုပ်ပြခဲ့လို့ ချီးကျူးခံနေရတဲ့ ဂျပန်အမျိုးသား

[email protected]

PlayStation ဂိမ်းစက်တွေဟာ ကျွန်တော်တို့ လူငယ်တော်တော်များများနဲ့ လုံးဝကို မစိမ်းတဲ့ ဂိမ်းစက်တွေပါပဲ။ ကျွန်တော်တို့ ငယ်ဘဝတော်တော်များများမှာတော့ PS1 နဲ့ PS2 ဂိမ်းစက်တွေကသာ လုံးဝအဖော်အမွန်ကောင်းတွေပါပဲ။ မကြာသေးခင်အချိန်တုန်းကလည်း Sony ကနေ တရားဝင်မိတ်ဆက်ပြီး ထွက်ရှိခဲတဲ့ PS5 ဂိမ်းစက်ဟာလည်း Gamer တွေကြားတော်တော်လေးကို ဂယက်ရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တာကတော့ customoize ပြုလုပ်ထားတဲ့ အမိုက်စား PS4 ဂိမ်းစက်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး customize ပြုလုပ်ထားတဲ့ PS4 ဂိမ်းစက်ရဲ့ ထူးခြားချက်ကတော့ ကြိုက်တဲ့နေရာကို အလွယ်တကူသယ်ယူသွားပြီး ဆော့ကစားနိုင်တာပဲဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

PS4 ဂိမ်းကို ကစားချင်ရင် လူတိုင်းဟာ အိမ်မှာ ဒါမှမဟုတ် ဂိမ်းဆိုင်မှာပဲ ကစားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အပေါ်ကပုံမှာ တွေ့ရတဲ့ PS4 ဂိမ်းစက်ကတော့ ကြိုက်တဲ့နေရာကိုမဆို ယူသွားပြီး အထာတစ်ပေါက်နဲ့ ထိုင်ဆော့နိုင်တာပဲ ဖြစ်ပါတယ်။ တစ်ခြား PS4 gamer တွေလို တကူးတက TV နဲ့ သွယ်ပြီး ဆော့ကစားစရာတောင်မလိုပါဘူး။ အဆိုပါ ဂိမ်းစက်ကို တီထွင်ခဲ့တဲ့ သူကတော့ @DxTerraria လို့ အမည်ရတဲ့ twitter အကောင့်ပိုင်ရှင်ပဲ ဖြစ်ပါတယ်။

READ
ဈေးပေါပြီး ပိုမိုသေးငယ်တဲ့ Xbox Series S ကို ထုတ်လုပ်ရောင်းချမယ့် Microsoft

 

 

@DxTerraria ဟာ Laptop မျက်နှာပြင်ကို reference ယူပြီး briefcase ထဲမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ PS4 ဂိမ်းစက်ထဲက လိုအပ်တဲ့ အစိတ်အပိုင်းတွေကို briefcase အောက်ခြေမှာထားပြီး သေသေချာချာကို customize လုပ်ခဲ့တာ ဖြစ်ပါတယ်။ @DxTerraria ဟာ နောက်ဆုံးမှာတော့ သူ customize ပြုလုပ်ထားတဲ့ PS4 ဂိမ်းစက်ကို Twitter မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပို့စ်ဟာ ဂျပန်ဆိုရှယ်မီဒီယာမှာ တော်တော်လေးကို ပေါက်ခဲ့ပြီး Gamer တိုင်းကလည်း @DxTerraria ရဲ့ အမိုက်စား PS4 ဂိမ်းစက်ကို ချီးကျူးခဲ့ပါတယ်။

READ
Live stream လွှင့်နေတုန်း ဂိမ်းကို Hack ထားတာ ပေါ်သွားတဲ့ ဂိမ်း Streamer

 

Pyi Hein Kyaw

SHARE