အမေရိကန် ပြည်နယ်အသီးသီးက ချစ်စရာကောင်းတဲ့ မြို့တော်ဝန်လေးများ

twitter/Artemis Pet Food ‏

ကမ္ဘာ့တချို့သော နိုင်ငံတွေဟာ တစ်ခါတစ်ရံ တိရစ္ဆာန်လေးတွေကို မြို့တော်ဝန်အဖြစ် ခန့်အပ်ကြပါတယ်။ ဒီလို နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံလည်း ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံထဲက ကယ်လီဖိုးနီးယား၊ မင်နီဆိုးတား၊ ကိုလိုရာဒိုနဲ့ ကန်တက်ကီပြည်နယ်တွေထဲက မြို့ငယ်လေးတွေမှာ ခွေးတွေကြောင်တွေကို မြို့တော်ဝန်အဖြစ် ခန့်အပ်ထားတာတွေ ရှိပါတယ်။ သူတို့တွေကို မြို့တော်ဝန်အနေနဲ့ ခန့်အပ်ရတဲ့ ရည်ရွယ်ချက်ကတော့ များသောအားဖြင့် တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေအတွက် ရန်ပုံငွေရှာပေးစေလိုတာကြောင့်ဖြစ်ကြောင်း Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

twitter/Rep. Peter Welch

နူဘီယန်ဆိတ် လင်ကွန်းဟာ ဗားမွန့်ပြည်နယ်က ဖဲလ်ဟဲဗင်းမြို့ရဲ့ မြို့တော်ဝန်ဖြစ်ခဲ့ပါတယ်။ သူဟာ မြို့ရဲ့ ပထမဆုံးမြို့တော်ဝန်အဖြစ်နဲ့ (၂၀၁၉) ခုနှစ်မှာ အရွေးချယ်ခံခဲ့ရတာပါ။ လင်ကွန်းဟာ ဆိုင်းထိုးတဲ့အခါမှာ သူ့ရဲ့ ခွာကို မှင်ထဲမှာနှစ်စိမ်ပြီး ခွာရာနဲ့ ဆိုင်းထိုးလေ့ ရှိပါတယ်။ စာသင်ကျောင်းတွင်း ကစားကွင်းတည်ဆောက်ဖို့အတွက် လင်ကွန်းဟာ ရန်ပုံငွေတွေလည်း ရှာပေးခဲ့ပါတယ်။

READ
မိမိကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တတ်တဲ့ သားသမီးရှိရင် ဒါတွေသိထားဖို့လိုပါတယ်။
twitter/Artemis Pet Food ‏

ချီဟွာဟွာမလေး ဖရီဒါဟာ (၂၀၁၄) ခုနှစ်မှာ တစ်ရက်တာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ ဖရီဒါရဲ့ ပိုင်ရှင် ဒင်းကလာ့ခ်ဟာ မြို့ရဲ့တိရစ္ဆာန်စောင့်ရှောက်မှုနဲ့ ထိန်းချုပ်ကွပ်ကဲရေးဌာနအတွက် ကြေးအမြင့်ဆုံး လေလံတင်နိုင်ခဲ့ရာကနေ ဖရီဒါဟာ မြို့တော်ဝန်ဖြစ်လာတာ ဖြစ်ပါတယ်။

instagram/matt_krc

တက္ကဆက်ပြည်နယ် လာဂျီတက်စ်မြို့ရဲ့ မြို့တော်ဝန်ဟာလည်း ကလေးဟင်နာရီ (၄)လို့ အမည်ရတဲ့ ဆိတ်လေးတစ်ကောင် ဖြစ်ပါတယ်။ ကလေးဟင်နရီဟာ ရုံးခန်းကို ကိုင်တွယ်ထိန်းသိမ်းခွင့်ရတဲ့ (၄) ဆက်မြောက် ပုဂ္ဂိုလ်လေးလည်း ဖြစ်ပါတယ်။ ကလေးဟာ ဘီယာကိုလည်း ကြိုက်နှစ်သက်ပါတယ်။

instagram/stubbsmayorcat

ကြောင်ကလေး စတက်ဘ်ဟာ အလက်စကာပြည်နယ် တာကီနာမြို့မှာ အနှစ်(၂၀) ကြာ မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ စတက်ဘ်ဟာ မြို့ကို သူ့ရဲ့သံမဏိလက်သည်းတွေနဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို များသောအားဖြင့် မြို့ရဲ့ အထွေထွေရုံးခန်းထဲမှာ တွေ့နိုင်ပါတယ်။ နေ့လည်ခင်းတိုင်း စတက်ဘ်ဟာ ကြောင်ဆေးပင်စိမ်ထားတဲ့ရေကို သောက်လေ့ရှိပါတယ်။ ကြောင်လေးဟာ (၂၀၁၅) ခုနှစ်မှာ မြို့တော်ဝန်အဖြစ်ကနေ စွန့်ခွာခဲ့ပြီး (၂၀၁၇) မှာတော့ သေဆုံးခဲ့ပါတယ်။

READ
နိုင်အာဂါရာရေတံခွန်ကို ဖြတ်ပြီးစီးနင်းနိုင်တော့မယ့် သည်းထိတ်ရင်ဖို ကောင်းကင်ကြိုးတန်း
Facebook/Mayor Max

(၂၀၁၃) ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ် အိုင်ဒီးလ်ဝိုင်းလ်ဒ်မြို့မှာ မက်စ်အမည်ရတဲ့ golden retriever ခွေးတစ်ကောင်ကို မြို့တော်ဝန်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ မက်စ်ဟာ ရုံးခန်းထဲမှာချည်း နေလေ့ရှိသူမဟုတ်ပဲ မကြာခဏအပြင်ထွက်တတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ စနေ၊ တနင်္ဂနွေရက်တွေမှာ ပစ်ကပ်ကားနောက်ပိုင်းမှာ လိုက်ပြီး မြို့ထဲလှည့်ပတ်သွားလာလေ့ ရှိပါတယ်။ မြို့တော်ဝန်မက်စ်ဟာ အမြဲတမ်းလိုလို နက်ခ်တိုင်ဝတ်ဆင်လေ့ရှိပြီး တစ်ခါတစ်လေ ဦးထုပ်ဆောင်းကာ စမတ်ကျကျ ၀တ်ဆင်တတ်ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE