ချစ်စရာကောင်းပေမယ့် ကြောက်မက်ဖွယ် အန္တရာယ်ပေးနိုင်တဲ့ တိရစ္ဆာန်(၅)မျိုး

SanDiegoZooAnimals

အင်တာနက်ပေါ်မှာဖြစ်ဖြစ်၊ တီဗွီဖန်သားပြင်ပေါ်ကနေ ဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ သတ္တဝါလေးတွေကို မြင်တွေ့ဖူးကြမှာပါပဲ။ အပြစ်ကင်းစင်ပြီးချစ်စဖွယ် အပြုအမူနဲ့ သတ္တဝါလေးတွေပါပဲ။ ဒါပေမယ့် အဲဒီ ချစ်စရာကောင်းလှပါတယ်ဆိုတဲ့ သတ္တဝါလေးတွေမှာ ကြောက်စရာကောင်းတဲ့ အပြုအမူလေးတွေ ရှိပါသေးတယ်။ ဘယ်လို အကောင်လေးတွေ ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

– The sea otter (ပင်လယ်ဖျံ)

wikimedia commons

ရေခဲပြင်ဒေသမှာ အများဆုံးတွေ့ရတတ်တဲ့  ပင်လယ်ဖျံကောင်လေးတွေက ရုတ်တရက်ကြည့်လိုက်ရင် သိပ်ကို ချစ်စရောကာင်းတဲ့ ကောင်တွေပါပဲ။ ဒါပေမယ့် သူတို့မှာ သင်မသိသေးတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ ပင်လယ်ဖျံလေးတွေ မိတ်လိုက်တဲ့ ရာသီမှာတော့ သူတို့က လုံးဝကို အရိုင်းအစိုင်းအဖြစ် ပြောင်းလဲသွားကြပါတယ်။ အထီးတွေက ပိုပြီး အရိုင်းစိတ်ဝင်လာတတ်ပါတယ်။ သူတို့ အရိုင်းစိတ်ဝင်လာချိန်မှာတော့ တခြားပင်လယ်ဖျံတွေကို ကိုက်ဖြတ်တာ၊ သတ်ပုတ်တာတို့ လုပ်ကြပါတယ်။

– The seal (ဖျံ)

wikimedia commons

ဖျံတွေက ပုံစံကြည့်ရင် အန္တရာယ်မများလှတဲ့ ချစ်စရာသတ္တဝါလေးတွေလို့ ထင်ရက်စရာရှိပေမယ့် တကယ်တော့ သိပ်ကို အန္တရာယ်များတဲ့ အကောင်တွေပါ။ အရွယ်ငယ်တဲ့နို့တိုက်သတ္တဝါလေးတွေ၊ ငါးတွေနဲ့ လူတွေအတွက်ပါ အန္တရာယ်ရှိတဲ့ အကောင်လေးတွေပါ။ ဖေဖော်ဝါရီ လကုန်ပိုင်းနဲ့ မတ်လအစပိုင်း ကြားကာလအချိန်ဆိုတာ ဖျံအစ်မ တွေဟာ ကမ်းခြေတစ်လျှောက်ကို သူတို့ရဲ့ ဖျံငယ်လေးတွေနဲ့ အတူတူ ကမ်းတက်ကြတဲ့ အချိန်ပါ။ အဲဒီအချိန်မှာတော့ သူတို့ကို အန္တရာယ်ပေးနိုင်တယ်လို့ ယူဆရတဲ့ ဘယ်သူ့ကိုမဆို တိုက်ခိုက်ဖို့ အသင့်ရှိနေတတ်ပါတယ်။

– The platypus (ဘဲတူ ဖျံတူ)

READ
သင့်ကလေးကို မဖြစ်မနေသင်ကြားပေးသင့်သည့် အလေ့အကျင့်ကောင်း (၅)ခု
wikimedia commons

သြစတေးလျနိုင်ငံ အရှေ့ပိုင်းနဲ့၊ တက်စ်စမေးနီးယားနိုင်ငံတို့မှာ အများဆုံးကျင်လည်ကျက်စားတတ်တဲ့ ဘဲတူဖျံတူ အကောင်လေးတွေက တကယ့်ကို ချစ်စရာကောင်းတဲ့ အကောင်ငယ်လေးတွေပါ။ ဒါပေမယ့် ဘဲတူဖျံတူအထီးလေးတွေမှာ အန္တရာယ်များတဲ့ အရာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ သူတို့ကိုယ်ခန္ဓာထဲမှာ အဆိပ်ရှိနေလို့ပါပဲ။ အဲဒီအဆိပ်နဲ့ သူတို့ရဲ့ မိတ်လိုက်ရာသီမှာ အသုံးချပါတယ်။ အထူးသဖြင့် သူတို့မိတ်လိုက်ချင်တဲ့ အမအတွက် တခြားအထီးတွေနဲ့ လိုက်လံတိုက်ခိုက်ရာမှာ အဲဒီအဆိပ်ကို ထုတ်သုံးပါတယ်။  အဲဒီအဆိပ်နဲ့ပဲ သူတို့အတွက် ရန်သူဖြစ်တဲ့ တောခွေးတွေကို တိုက်ဖျက်ရာမှာ အသုံးပြုပါတယ်။ လူတွေအတွက်တော့ အဆိုပါ အဆိပ်ဟာ သေစေနိုင်လောက်အောင် ပြင်းထန်တဲ့ အဆိပ်တော့ မဟုတ်ပါဘူး။ 

– The slow loris

SanDiegoZooAnimals

Loris ကောင်လေးတွေကို ကြည့်လိုက်တာနဲ့ မျက်လုံးပြူးပြူးနဲ့  ချစ်စရာအကောင်လေးတွေကို မြင်မိကြမှာ အသေအချာပါပဲ။ ဒါပေမယ့် အဲဒီ Loris ကောင်လေးတွေ၊ အထူးသဖြင့်တော့ slow loris ကောင်တွေကတော့ အဆိပ်ပြင်းတဲ့ အကောင်တွေပါပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ အဆိပ်တစ်မျိုးရှိပါတယ်။ အဲဒီအဆိပ်တွေကို ဂလန်းတွေနဲ့ သိမ်းဆည်းထားတာပါ။ အဲဒီအဆိပ်နဲ့ သူတို့ကို လာတိုက်ခိုက်တဲ့ အကောင်ကြီးတွေ၊ ကပ်ပါးပိုးတွေကို တိုက်ဖျက်တာပါ။ အဲဒီအဆိပ်နဲ့ ထိမိလိုက်ရင် အသက်ရှူကျပ်သွားတတ်ပါတယ်။

– Rabbit (ယုန်)

READ
နာမည်ကျော် စာရေးဆရာတွေရဲ့ လူသိနည်းတဲ့ စိတ်နေစိတ်ထား
wikimedia commons

ယုန်တွေက သြစတေးလျနိုင်ငံကို ရောက်ရှိလာချိန်မှာတော့ ၁၈ ရာစုလောက်ကတည်းကပါ။ သြစတေးလျအစိုးရအတွက်တော့ ယုန်တွေဟာ တကယ့်ကိုပြဿနာကောင်တွေပါပဲ။ သြစတေးလျနိုင်ငံတစ်ဝှမ်းမှာ ယုန်တွေ ပြဿနာရှာခဲ့လို့ စိတ်ညစ်ခဲ့ရတဲ့ တောင်သူတွေ များစွာရှိနေလို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်ဝှမ်းမှာ ရှိနေတဲ့ ယုန်တွေဟာ အစားစားသောက်ရာမှာ မြန်မြန်ဆန်ဆန်နဲ့ အများအပြားစားသောက်လို့ပါပဲ။ ပြီးတော့ ယုန်တွေက သစ်ခေါက်တွေကိုလည်း စားပါသေးတယ်။ အဲဒီ သစ်ခေါက်တွေဟာ မြေဆီလွှာကို ပျက်စီးစေနိုင်လို့ပါပဲ။

Ye Yint Kyaw

SHARE