အမြဲတမ်းကြောက်နေတတ်တဲ့ ကြောင်လေးတစ်ကောင်ရဲ့ ဗီဒီယို

Shutterstock / Sonsedska Yuliia

ဒီရက်ပိုင်း Facebook မှာ နာမည်ကြီးနေတာကတော့ ချစ်စရာ ကြောင်လေးတစ်ကောင်ရဲ့ ဗီဒီယိုဖိုင် တစ်ခုပါပဲ။ ကြောင်လေးတစ်ကောင်ရဲ့ ဗီဒီယို ဖိုင်တွေဆိုတာ Facebook ပေါ်မှာ များလွန်းလို့ အထူးအဆန်းလားလို့ မေးစရာတောင် ဖြစ်မှာပါ။ ဒါပေမယ့် အခုမြင်ရမယ့် ကြောင်လေးကတော့ ချစ်ဖို့ကောင်းလွန်းပြီး သူ့ရဲ့ကြောက်တတ်ပုံလေးက ကြည့်သူတွေကို သဘောကျသွားစေပါလိမ့်မယ်။

ဒီ ဗီဒီယိုဖိုင်လေးကို Cat Lover Club ဆိုတဲ့ Facebook စာမျက်နှာ တစ်ခုကနေ တင်သွားခဲ့တာဖြစ်ပြီး ကြည့်ရှုသူက အခုဆိုရင် (၄)သန်းကျော်အထိ ရှိနေပါပြီ။

Shutterstock / Sonsedska Yuliia

ဒါဟာ ဂျပန်နိုင်ငံက တင်ထားတဲ့ ဗီဒီယိုတစ်ခုလို့ သိရပြီး ကြောင်ချစ်သူတွေကတော့ ဒီကြောင်လေးရဲ့ လှုပ်ရှားမှုတွေ၊ အမူအရာတွေကို သဘောကျနေကြတာပါ။

တချို့ကလည်း ဒီကြောင်လေးကို ကြောက်နေအောင် ဘယ်လိုမျိုးများ လုပ်ထားတာလဲ ဆိုပြီး သခင် ဖြစ်သူကို စိတ်ဆိုးနေကြပြန်ပါတယ်။

READ
နှင်းအနည်းငယ်ကျရုံနဲ့ အဖြစ်သည်းနေတဲ့ ယူကေကို တွစ်တာပေါ်မှာ လှောင်ပြောင်

ကဲ…ဒီ ဗီဒီယိုလေးကို ကြည့်ပြီး ဒီကြောင်လေးက တကယ်ပဲ ချစ်စရာကောင်းလား၊ မကောင်းလားဆိုတာ ဆုံးဖြတ်ကြည့်လိုက်ကြရအောင်နော်…။

📽 from @橘猫栓子 | DY😍😍😍😍😍 ~ double tap ❤❤#catloversclub

Posted by Cat Lover Club on Thursday, December 5, 2019

Linn

SHARE