China အမည်ရတဲ့ကြောင်မလေးတစ်ကောင်ဟာ အိမ်နီးချင်းတွေအတွက်တော့ ဒုက္ခအိုးလေးပါ။ ဘာကြောင့်လဲဆိုတော့ သူက တွန့်တိုပြီးကပ်စေးကုတ်ရုံတင်မကသေး၊ သူခိုးတစ်ကောင်လည်း ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ China က အိမ်နီးချင်းတွေရဲ့အိမ်နောက်ဖေးခြံတွေဆီ လျှောက်သွားလေ့ရှိပြီး အဲ့ဒီမှာ သူသဘောကျတဲ့ပစ္စည်းတွေ့တာနဲ့ ဘာမဆို အိမ်ကိုသယ်လာတတ်ပါတယ်။ ဘာတွေသယ်လာလဲဆိုတော့ ခြေစွပ်တွေ၊ မီးခြစ်တွေကစလို့ အလူမီနီယံဝါယာကြိုးတွေအဆုံး အားလုံးပါ။ China သာအနားမှာရှိနေရင် ဘယ်အရာမှမလုံခြုံပါဘူး။
China ရဲ့သခင် Monica က သိပ်ဆော့တတ်တဲ့ကောင်မလေးကို ဘယ်လိုပြောထားလဲဆိုတော့..
“China က ကျွန်မတို့အိမ်ကို ၂၀၁၃ လောက်ကရောက်လာတာ။ ကျွန်မသူငယ်ချင်းတစ်ယောက်က သူ့ခြံထဲမှာ ကြောင်ပေါက်လေး ၃ကောင်မွေးတော့ လိုချင်လားမေးတာနဲ့ ယူလာလိုက်တာ။ ကြောင်ပေါက်လေးတွေထဲမှာ အမဆိုလို့ သူတစ်ကောင်တည်းပါတာ။ ပြီးတော့ အညှက်ဆုံးရယ်။ သူ့အရင် ကျွန်မမှာလည်း ၄လသားကြောင်ထီးလေးတစ်ကောင်ရှိတယ်။ Waffles တဲ့။ အဲ့ဒီခြံကပဲ ခေါ်မွေးထားတာ။ ဒါနဲ့ပဲ China ကိုသဘောကျပြီး ခေါ်မွေးဖြစ်တယ်ဆိုပါစို့။”
ဒါကတော့ boredpanda ကတဆင့် သိရတဲ့ China လေးပါ။ သူများတွေဆီက ပစ္စည်းတွေခိုးခိုးလာပြီး ချစ်တဲ့သခင်ဆီ မျက်နှာလိုမျက်နှာရ လာလာပေးတတ်တဲ့အဆိုးမလေးပေါ့။

“သူ ၂နှစ် ၃နှစ်လောက်ကစတာပေါ့။ တစ်နေ့ ကျွန်မတို့က အိမ်မှာထိုင်နေတုန်း China အသံကြားလိုက်တယ်။ သူက တမြောင်မြောင်နဲ့ သူ့အော်သံက နည်းနည်းထူးခြားတယ်။ ကျွန်မတို့လည်း သူဘာလုပ်မလဲဆိုပြီးချောင်းကြည့်နေတာ။”
“ဘယ်ဟုတ်မလဲ။ ကျွန်မရဲ့အိမ်ငှားဆီက ခြေအိတ်အသစ်ကြီး ယူလာပြီး ကျွန်မတံခါးရှေ့ လာချထားတာ။ ရယ်ရတယ်။ တစ်နေ့ကျတော့ အဲ့ဒီကျွန်မတို့အိမ်ငှားကပဲ ကျွန်မကို ဓာတ်ပုံတစ်ပုံပို့တယ်။ ဓာတ်ပုံထဲမှာ သူ့ခြေအိတ်တွေလေ.. အကုန်လုံး ကျွန်မတံခါးရှေ့ကိုရောက်နေတာ။ သူအလုပ်သွားမလို့ ခြေအိတ်တွေလိုက်ရှာတုန်း တစ်ခုမှမတွေ့တာနဲ့ ဟိုဒီလိုက်ကြည့်ရင်း ကျွန်မတံခါးရှေ့မှာ ခြေအိတ်တွေအပုံလိုက်တွေ့တာပဲ။ ရယ်ရတာဆိုတာ။ အခုက China ကိုကြောက်လို့ ဘာပစ္စည်းပဲဖြစ်ဖြစ်ဝှက်ထားရတယ်။”
China က လက်အိတ်တွေ၊ စီးကရက်ဘူးတွေကစလို့ အပြင်မှာလူတွေအမှုမဲ့အမှတ်မဲ့ထားတဲ့ ပစ္စည်းတွေကိုလည်း အိမ်ကိုသယ်လာလေ့ရှိပါတယ်။ အားအားနေ အိမ်နီးချင်းတွေရဲ့ခြံတွေဘက်လျှောက်သွားပြီး တွေ့တဲ့ပစ္စည်းမှန်သမျှ အခုထိ အလစ်သုတ်နေတုန်းပါပဲ။ တစ်ခါတစ်လေ Monica က တွေ့လို့ China ယူလာတဲ့ပစ္စည်းတွေကို တစ်ဖက်ခြံတွေဆီ ပြန်ထားပေးရင်တောင် China က မရပါဘူး။ အဲ့ဒီပစ္စည်းကိုပဲ နောက်ထပ်တစ်ခေါက် ပြန်ခိုးလာပြီး Monica ဆီ လာပေးတတ်ပါတယ်။ နောက်ဆုံးကျတော့ Monica ကိုယ်တိုင် Return box ဆိုတဲ့ သေတ္တာလေးတစ်ခုလုပ်ပြီး ခိုးရာပါပစ္စည်းတွေအားလုံးကို အဲ့ဒီထဲထည့်၊ အိမ်နီးချင်းတွေကိုလည်း ပစ္စည်းတွေပျောက်ရင် အဲ့ဒီသေတ္တာထဲမှာ လာရှာကြဖို့ အသိပေးခဲ့ရပါတယ်။ အိမ်နီးချင်းတွေကတော့ China အကြောင်းသိကြတဲ့အတွက် စိတ်မဆိုးကြပါဘူး။
ဒါကတော့ China ယူလာတဲ့မြားတွေ..

ကတ်ကြေးတွေတောင်ပါသေး..

သူ့ကိုတွေ့လို့ကတော့ ပစ္စည်းပါပြီသာမှတ်ရောပဲ..

ဒါတွေကတော့ China ရဲ့စွန့်စားခန်းတစ်လျှောက် ရလားတဲ့ ဆုဖလားတွေ..








ခိုးရာပါပစ္စည်းတွေကိုတော့ ပြန်ပေးရတာပေါ့

တကယ်ပဲ စောရနက္ခတ်နဲ့ယှဉ်ပြီးမွေးလာသလား အောက်မေ့ရတယ်..
သူ့ဗီဒီယိုလေးတွေ..
View this post on Instagram
View this post on Instagram
ShweMom