ချစ်သူအပေါ် အနိုင်ကျင့် ဂျီကျတတ်တဲ့ မိန်းကလေးတွေရဲ့ ချစ်စဖွယ် အမူအရာများ

ချစ်သူစုံတွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေလေးတစ်ခုက ကောင်မလေးတွေ တော်တော်များများက မိမိချစ်သူအအေပေါ်ဆိုးလိုက်ရမှ၊ ကလေးဆန်ဆန် ချွဲလိုက်ရမှ ကျေနပ်တတ်တဲ့ အနေအထားမျိုးလေးတွေ တွေ့ရတတ်တယ်…ဒီလိုဆိုးရတာ ၊ ချွဲရတာလည်း မိမိကောင်လေးအပေါ် အနိုင်လိုချင်စိတ် တစ်ခုတည်းကြောင့်မဟုတ်ဘဲ သူတို့အပေါ် ဘယ်လောက်ထိ အနစ်နာခံနိုင်လဲဆိုတာကို စမ်းသပ်ကြည့်တဲ့ သဘောပဲဖြစ်ပါတယ်…ကဲ အခုချစ်သူအပေါ် အနိုင်ကျင့် ဂျီကျတတ်တဲ့ မိန်းကလေးတွေရဲ့  ချစ်စဖွယ် အမူအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…

(1) အရာရာ အနိုင်လိုချင်တယ်။

မိန်းကလေးတွေက ချစ်သူကောင်လေးတွေအပေါ်မှာ အရာရာတိုင်းမှာ သူတို့က အနိုင်ပဲလိုချင်တတ်ကြပါတယ်။ စကားပြောတဲ့အချိန်တိုင်းမှာလည်း စကားနိုင်လုတယ်….အနိုင်ရချင်စိတ်ကြောင့် ချစ်သူနဲ့ စကားပြောပြီး ငြင်းခုန်တိုင်းမှာလည်း မနိုင်နိုင်အောင် ပြောတတ်ကြတယ်…ဒါကလည်း ချစ်သူရဲ့ အလေးထားမှုကို လိုချင်တာကြောင့် ဒီလိုမျိုးတွေ ပြုလုပ်တတ်ကြတာပဲဖြစ်ပါတယ်။

(2) အနိုင်ကျင့်ရတာကို သဘောကျတယ်။

ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတော်တော်များများက မိမိချစ်သူအပေါ် အနိုင်ကျင့်ပြီး နွဲ့ဆိုးဆိုးတတ်ကြပါတယ်။ ဥပမာ- စားသောက်ဆိုင်တစ်ခုမှာ အစားအသောက်စားနိုင်ချိန် ချစ်သူကောင်လေးရဲ့ ပန်းကန်ထဲက မုန့်ကို အနိုင်ကျင့်ပြီး လုစားရတာကို သဘောကျတတ်ကြပါတယ်။ ဒီလိုလုစားပြီး အနိုင်ကျင့်ရတာကိုပဲ ပျော်နေတတ်ကြသူလေးတွေပါ…

READ
သင့်ကိုသူတကယ်ချစ်မချစ် အလွယ်ဆုံးဖြတ်လို့ရနိုင်တဲ့အချက်(၃)ချက်

(3) အကြောင်းမရှိ အကြောင်းရှာပြီး ရစ်တတ်ကြတယ်။

ချစ်သူကို ကလေးဆန်တတ်တဲ့ မိန်းကလေးတွေက အလုပ်တွေနဲ့မအားလို့ သူတို့ကို ပစ်ထားမိလိုက်ရင် သူတို့ရဲ့ စိတ်ထဲမှာ နားလည်မှုရှိနေပေမယ့်လည်း အပြင်ပန်းမှာတော့ ဘယ်သူနဲ့သွားနေတာလဲ…ဘာလုပ်နေလဲ..မချစ်တော့ဘူးလား အစရှိတဲ့ အကြောင်းမျိုးမျိုးပြပြီး မိမိချစ်သူကို ရစ်တတ်ကြပါသေးတယ်..

(4) ချစ်သူအနားမှာပဲရှိချင်တယ်။

မိမိချစ်သူကို အရာရာတိုင်းထက်ပိုချစ်သွားတဲ့ မိန်းကလေးတွေက ချစ်သူကို မိမိသူငယ်ချင်းတွေနဲ့ အတူရှိတဲ့အချိန်ထက် သူ့ဘေးနားမှာနေရတဲ့အချိန်လေးကို ပိုပြီး တန်ဖိုးထားတတ်ကြပါတယ်..ဒီအချက်ကြောင့်ပဲ ချစ်သူ ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ ဘာစားစား ချစ်သူနဲ့ပဲ အတူစား၊ အတူသွား တတ်တယ်။ နောက်ပိုင်း မိန်းကလေးတွေမှာ သူငယ်ချင်းအပေါင်းအသင်းနည်းသွားတတ်ကြပါတယ်…

 

SHARE