အိန္ဒိယနိုင်ငံက မြေးအဖွားရဲ့TikTok ဗီဒီယို ဆိုရှယ်မီဒီယာမှာနာမည်ကြီး

tiktok

TikTok ဟာ ဗီဒီယိုအတိုလေးတွေကို ရိုက်ကူးမျှဝေတဲ့ app တစ်မျိုးဖြစ်ပါတယ်။ App ထဲမှာတော့ လူသန်းပေါင်းများစွာတို့က အသီးသီးတင်ထားကြတဲ့ အရမ်းရယ်စရာကောင်းတဲ့ ဗီဒီယိုတွေကို တွေ့နိုင်ပါတယ်။ အခုအခါမှာလည်း အိန္ဒိယလူမျိုး မြေးအဖွားနှစ်ယောက်ရဲ့ ချစ်စရာကောင်းစွာ TikTok ဆော့ထားကြတဲ့ ဗီဒီယိုဖိုင်တွေကို အွန်လိုင်းမှာ တွေ့ရပါတယ်။ ဒီမြေးအဖွားနှစ်ယောက်ကတော့ နာမည်ကျော်တမီလ်နဲ့ ဟင်ဒီသီချင်းတွေကို သရုပ်ဆောင်ပြရင်း လူကြိုက်များနေတာ ဖြစ်ပါတယ်။

Tiktok

ဗီဒီယိုတွေထဲမှာတော့ အက်ခ်ရှေးပါသာနဲ့ သူ့အဖွားဖြစ်သူကို ထိုင်နေတာ တွေ့ရမှာပါ။ ဗီဒီယိုတိုင်းမှာတော့ အက်ခ်ရှေးရဲ့အဖွားဟာ ထိုင်နေရင်းနဲ့ပဲ မြေးနဲ့အပြိုင် ဟန်ပန်အမူအရာအမျိုးမျိုးကို လုပ်ပြနေတာပါ။ အိန္ဒိယလူမျိုးတိုင်းနှစ်သက်ကြတဲ့ နောက်ခံတေးသီချင်းကောင်းတွေနဲ့အတူ နှစ်ဦးသား အပေးအယူမျှမျှ နဲ့ TikTok တွေဆော့နေတာကြောင့် အက်ခ်ရှေးနဲ့ သူ့အဖွားက နေ့ချင်းညချင်းပဲ အွန်လိုင်းစတားတွေ ဖြစ်လာခဲ့တာပါ။

READ
မှေးနေတဲ့ မျက်လုံးတောင် ပြူးသွားစေမယ့်၊ နှစ်ခါကြည့်မှ အမြင်ရှင်းနိုင်မယ့် ဓာတ်ပုံများ

TikTok ကတော့ သရုပ်ဆောင်အလုပ်ကို ကျင့်ဖို့ ဖန်တီးထားတဲ့ app လို့တောင် ပြောလို့ရမယ်ထင်ပါတယ်။ နောက်ခံတီးလုံးအမျိုးမျိုး၊ သီချင်းအမျိုးမျိုးနဲ့ အငို၊ အရယ်၊ အလွမ်း၊ အဆွေး စတဲ့ခံစားချက်တွေကို ဗီဒီယိုအတိုလေးတွေရိုက်ပြီး ဖော်ပြလို့ရနေတာပါ။ ဒါ့အပြင် တစ်ခါတစ်လေ app ထဲမှာလည်း နာမည်ကျော် မင်းသား၊ မင်းသမီးတွေနဲ့ ရုပ်ချင်းဆင်ကြသူတွေ TikTok ဆော့နေကြတာကို တွေ့နိုင်ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE