ဝကစ်ကစ်နဲ့ ဘောလုံးလေးလို ချစ်စရာကောင်းလှတဲ့ ကြောင်ပုလုံးလေး ဇူး

Instagram/pechanko_bocco

ကြောင်လေးတွေ အားလုံးဟာ ချစ်ချင်စရာကောင်းပါတယ်။ အခုဆိုရင်လည်း ကြောင်ချစ်သူတွေအဖို့ ထပ်ချစ်ရဦးမယ့် ကြောင်လေးတစ်ကောင်က ပေါ်လာပြန်ပါတယ်။ သူကတော့ ကြောင်ထီးကလေး ဇူးပဲ ဖြစ်ပါတယ်။ ကြောင်ကလေး ဇူးဟာ လုံးလုံးဝိုင်းဝိုင်းနဲ့ ဂွမ်းလုံးလေးတစ်လုံးလိုပါပဲ။ ဇူးရဲ့ ခန္ဓာကိုယ်ဟာ ချစ်စရာကောင်းစွာ တုတ်တုတ်လုံးလုံးလေး ဖြစ်နေတဲ့အပြင် သူ့ရဲ့ မေးစေ့အောက်က အနက်ရောင် အကွက်လေးက ဇူးရဲ့ သင်္ကေတလေးလို့ ဆိုနိုင်ပါတယ်။

instagram/pechanko_bocco

ဇူးဟာ ဘော့ကိုအမည်ရတဲ့ အခြားကြောင်လေးတစ်ကောင်နဲ့ အတူတူနေပါတယ်။ သူတို့နှစ်ကောင်ကို ကြည့်ရတာ အဖိုးအိုလေးတွေနဲ့ တူနေပြီး ရွှင်ရွှင်လန်းလန်း နေတာမျိုးကိုတောင် မမြင်ရပါဘူး။ နှစ်ကောင်စလုံးက သူတို့ရဲ့ အိပ်လိုက် စားလိုက်နဲ့နေရတဲ့ ကြောင်ဘ၀ကြီးကိုများ ငြီးငွေ့နေသလား မပြောတတ်တော့ပါဘူး။ ဇူးဆိုရင် မျက်လုံးတောင် သိပ်မပွင့်ပဲ ဟိုနေရာ ငုတ်တုတ်ထိုင်၊ ဒီနေရာငုတ်တုတ်ထိုင်နဲ့ တစ်ခါတစ်လေများဆိုရင်တော့ အပျင်းလွန်ပြီး အိပ်တောင် အိပ်ပျော်သွားပါသေးတယ်။

instagram/pechanko_bocco

ဇူးနဲ့ ဘော့ကိုတို့နှစ်ကောင်ကို ဆော့ကစားနေတာလည်း သိပ်မတွေ့ရပါဘူး။ ဘယ်လိုပဲ ပျင်းနေပေမယ့် ကံကောင်းတာကတော့ သူတို့နှစ်ကောင်စလုံးဟာ သူ့တို့အပေါ်မှာ အရမ်းချစ်တဲ့သခင်ကို ပိုင်ဆိုင်ထားကြပါတယ်။ ဇူးတို့ရဲ့ သခင်က pechanko_bocco အမည်ရတဲ့ အင်စတာဂရမ်အကောင့်ဖွင့်ထားပါတယ်။ အကောင့်ထဲမှာတော့ သူတို့နှစ်ကောင်ရဲ့ ပုံတွေချည်းပါပဲ။ ခုတော့ မေးစေ့မှာ မုတ်ဆိတ်မွှေးလိုလို ဘာလိုလိုနဲ့ ဖြစ်ညှစ်ချင်လောက်အောင် ချစ်စရာကောင်းနေတဲ့ ဇူးနဲ့ ဘော့ကိုတို့ရဲ့ ပုံရိပ်လေးအချို့ကို Boredpanda ကနေ တဆင့် ဖော်ပြပေးလိုက်ပါရစေ။

လင်းလင်း (ShweMom)

SHARE