ဂျိုလီဘီးဝတ်စုံနဲ့အရုပ်ကြီးကို အရမ်းကြောက်နေရှာတဲ့ ကလေးမလေးရဲ့ချစ်စဖွယ်ဗီဒီယိုဖိုင်

facebook/Mae Conde

လူတိုင်းဟာ ကလေးဘ၀မှာ ရုပ်ရှင်တွေထဲပါတဲ့ ဇာတ်ကောင်တွေကို တစ်မျိုးမဟုတ် တစ်မျိုး စွဲစွဲမြဲမြဲ ကြောက်တတ်ကြပါတယ်။ အချို့ကတော့ လူပြက်တွေ၊ အချို့ကတော့ တိရစ္ဆာန်ကောင်ကြီးတွေ၊ အချို့ကလည်း တစ္ဆေသရဲတွေကိုပါ။ အခုဖော်ပြပေးမယ့် ဖိလစ်ပိုင်က ကလေးမလေးတစ်ယောက်ကတော့ ထူးထူးခြားခြား ဂျိုလီဘီးအရုပ်ကြီးကိမြင်ပြီး ကြောက်နေခဲ့တာကို  worldofbuzz သတင်းစာမျက်နှာမှာ တွေ့ရပါတယ်။

ကလေးမလေးက ဂျိုလီဘီးအရုပ်ကြီးကို မြင်လိုက်ရတဲ့အခါမှာ တခြားကလေးတွေလို ရွှင်ရွှင်ပျပျရှိမနေပဲ အရမ်းကို ထိတ်လန့်နေခဲ့တာပါ။ ဒါပေမယ့် သူမရဲ့ အပြုအမူလေးက ချစ်စရာကောင်းလွန်းတဲ့အတွက် မိခင်ဖြစ်သူ မေကွန်းကိုယ်တိုင် ဗီဒီယိုဖိုင်လေးတစ်ခု ရိုက်ကူးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

facebook/Mae Conde

ကလေးမလေးနဲ့ သူမမိခင်တို့ဟာ နေ့လည်စာ စားနေကြတာပါ။ ဒါပေမယ့် မမျှော်လင့်ပဲ ဂျိုလီဘီးက ဆိုင်ထဲဝင်လာပြီး ကလေးတွေကို လိုက်နှူတ်ဆက်နေခဲ့ပါတယ်။ ဒါကိုမြင်လိုက်တဲ့ ကလေးမလေးဟာ အကြောက်ကြီး ကြောက်နေခဲ့ပါပြီ။ မေကွန်းက ဗီဒီယိုကို ဖေ့စ်ဘုတ်ပေါ်တင်ရင်း “အခြားကလေးတွေ အကုန်လုံးက ဂျိုလီဘီးကြီးလည်း မြင်ရော ပြေးသွားပြီး ဖက်ကြတာ။ ဒီထဲမှာ ကြောက်တတ်တဲ့ ကျွန်မရဲ့ပိစိလေးတော့ မပါဘူး…” ဆိုပြီး စာရေးသားခဲ့တာ ဖြစ်ပါတယ်။

READ
မြေခွေးကိုတွေ့လို့ ဗီဒီယိုမှတ်တမ်းတင်ခဲ့ရာမှ နောင်တရစရာ ကြုံခဲ့ရသူ

ဗီဒီယိုထဲမှာတော့ သနားစရာကလေးမလေးဟာ အရုပ်ကြီးကို ဘယ်လောက်တောင် ကြောက်နေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဂျိုလီဘီးက တစ်ဖက်ခြမ်းက ကလေးတွေနဲ့ ဆော့နေတဲ့အခါမှာ သူမက ချောင်းကြည့်ပြီး သူမဆီရောက်လာမှာကို အရမ်းလန့်နေခဲ့ပါတယ်။ ဂျိုလီဘီးက သူမကို မြင်မှာစိုးလို့ ဘေးက တန်းလေးကို လက်လေးနဲ့ကာပြီးတောင် ပုန်းနေလိုက်ပါသေးတယ်။ ကလေးမလေးက တဖြည်းဖြည်းနဲ့ ဂျိုလီဘီးက သူမနားကပ်လာမှာကို တွေးပြီး ပိုကြောက်လာပုံရပါတယ်။ ဒီနောက်မှာတော့ ကလေးဟာ အကြောက်တရားကို ဖိစီးမှူကို မခံနိုင်တော့ပဲ သူမထိုင်နေတဲ့ခုံကနေထပြီး မိခင်ဘေးနားကို ပြေးလာခဲ့ပါတော့တယ်။

Ung ibang Bata tuwang tuwang kay Jollibee ung isa takot na takot..😂😂😂Youtube link below:https://youtu.be/DYgTB3Xrp2oYoutube Channel:https://www.youtube.com/channel/UChYF594RmOPLJnchK_ORkcA

Posted by Mae Conde on Saturday, 31 August 2019

ကလေးမလေးအတွက်ကတော့ စိတ်ဒဏ်ရာမရပါစေနဲ့လို့ မျှော်လင့်ရပါတယ်။ ဘာပဲပြောပြော ဗီဒီယိုလေးက ကလေးတစ်ယောက်ရဲ့ အရမ်းထိတ်လန့်နေတဲ့ပုံရိပ်တွေကို ဖော်ပြနေပမယ့်လည်း သူမရဲ့ အမူအရာလေးက တအားချစ်ဖို့ကောင်းပြီး ဂရုဏာသက်ဖွယ်ဖြစ်နေတဲ့အတွက် အခုလို ပြန်လည်မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။

READ
ဆယ်လီတွေရဲ့ပို့စ်တွေကို လက်တွေ့ဘဝနဲ့ယှဉ်ပြီး ဟာသဗားရှင်းပြောင်းရိုက်ထားသူ

လင်းလင်း (ShweMom)

SHARE