သင်နှစ်သက်နေတဲ့ကောင်မလေးကို ပြောသင့်သောချစ်စရာစကားလေးများ

သင်နှစ်သက်နေတဲ့မိန်းကလေးတစ်ယောက်ကို သင်စကားပြောတဲ့ အခါ ပုံမှန် အလ္လာပ သလ္လာပ စကားတွေသာမက သူမကို ပျော်ရွှင်စေမဲ့ စကားတွေလည်း ပြောပေးသင့်ပါတယ်။တန်ဆေးလွန်ဘေးဆိုသလိုပဲ အခွင့်အခါကြုံကြိုက်မှသာ ဒီစကားတွေကို စိတ်ရင်းအမှန်နဲ့ လိုက်လိုက်လှဲလှဲ ပြောပေးသင့်ပါတယ်။

၁။နင်ကငါ့စိတ်ကိုမြင်နေရသလိုပဲ၊ငါကို နားလည်ပေးနိုင်တယ်။

မိန်းကလေးတွေကသူတို့ဟာ စိတ်ကို ခံစားနားလည်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ဒီလို စကားမျိုးပြောခြင်းဖြင့်လည်း သင်စိတ်ကို ဘယ်သူမှ နားမလည်ကြပဲ သူမတစ်ယောက်တည်းသာ နားလည်းပေးနိုင်တယ်ဆိုတာကို ဖော်ပြလိုက်တာပါပဲ။

2016-01-18-1453090253-7345058-dailyhabitsofwildlyhappycouples

၂။မင်းငါတွေ့ဖူးသမျှထဲမှာ အလှဆုံးပဲ။

လှတယ်လို့ပြောရင် မိန်းကလေးတိုင်းကြိုက်ပါတယ်။ဒါပေမဲ့ သင်ကိုယ်တိုင် လှတယ်လို့ခံစားရမှ ဒီစကားကို  သူမရဲ့ မျက်လုံးတည့်တည့်ကိုကြည့်ပြီးပြောသင့်ပါတယ်။

၃။နင်လိုမျိုးမိန်းကလေးနဲ့ဆုံဆည်းခွင့်ရဖို့က ငါ့အိပ်မက်ပါ။

နင်ဟာ ငါမျှော်လင့်ခဲ့ရတဲ့မိန်းကလေးမျိုးပါ။ဒီလိုပြောခြင်းဟာ သူမကို ဘယ်သူနဲ့မှ အစားမထိုးနိုင်တော့ဘူးလို့ ဆိုရာရောက်ပါတယ်။

၎။နင်ရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းတာပဲ။

ရယ်လိုက်ရင် ၊ပြုံးလိုက်ရင် စသဖြင့်ပေါ့။မိန်းကလေးတွေဟာ သူတို့ရဲ့အလှဆုံးအချိန်ကိုသိပါတယ်။သင်က အဲ့ဒီအရာကိုဖော်ထုတ်ပြဖို့ပဲလိုတာပါ။

READ
အ၀တ်အစားဖက်ရှင်ပုံစံ တစ်မျိုးတည်းကိုပဲ နေ့တိုင်းဝတ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

၅။မင်းနဲ့ပဲ ငါ့ဘ၀ကို ကုန်ဆုံးသွားချင်တယ်။

ဒါကတော့ နောက်ဆုံးအဆင့်ပါပဲ။မသေချာပဲနဲ့တော့ သွားမလုပ်ပါနဲ့။

၆။မင်းနဲ့ရှိနေရတာတဲ့ အခိုက်အတန့်လေးကိုအပျော်ရွှင်ဆုံးပဲ။

သင်ဒီစကားလေးကို သူနဲ့ရှိနေတဲ့အခိုက်အတန့်လေးမှာပြောလိုက်ရင် သူမလည်း ပျော်ရွှင်သွားမှာဖြစ်ပါတယ်။

ဒီစကားတွေ ပြောနေတိုင်းတော့ သင်ကိုကောင်မလေးတစ်ယောက်က နှစ်သက်လာမှာ မဟုတ်ပါဘူး။သင်တကယ်ခံစားရတဲ့အခိုက်အတန့်လေးကို သင်ပါးစပ်က နေထုတ်ဖော်ပြောသင့်တဲ့ စကားတွေဖြစ်ပြီတော့ သူမကိုလည်းအမှန်တကယ် ပျော်ရွှင်စေပါလိမ့်မယ်။

Lumos(Shwemom)

Ref : beauty and tips

SHARE