နာမည်ကြီး ဂိမ်းထဲမှာ ဆယ်လီဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Shinzo Abe

Cyber Punk 2077, Instagram- Shinzo Abe

CyberPunk 2077 ဂိမ်းကိုတော့ gamer တိုင်းသိကြမယ်လို့ ထင်ပါတယ်။ CD Projekt Red ကုမ္ပဏီက (၈)နှစ်ကြာ အချိန်ယူပြီး ဖန်တီးခဲ့တဲ့ Cyberpunk 2077 ဂိမ်းဟာ (၂၀၂၀) ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ မျှော်လင့်ရကျိုးနပ်တဲ့ ဂိမ်းဆိုပြီး ချီးကျူးတဲ့ gamer တွေရှိခဲ့ပေမယ့် ဂိမ်းတွင်း error ပြဿနာတွေကြောင့် Elon Musk လို ပုဂ္ဂိုလ်ကတောင် ဝေဖန်ခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဒီ Cyberpunk 2077 ထဲမှာတော့ မင်းသား Keanu Reeves ကို အဓိကဇာတ်ကောင် Johnny Silverhand အဖြစ် ထည့်သွင်းထားပြီးတော့ Keanu Reeves ကိုယ်တိုင်ကလည်း ဂိမ်းမထွက်ခင်တည်းက promote ပေးတာတွေဘာတွေရှိနေခဲ့ပါတယ်။

Cyber Punk 2077

ဒါပေမဲ့ ဒီဂိမ်းကိုကစားရင်းကစားရင်းနဲ့မှ gamer တွေ နောက်ထပ်သိလိုက်ရတာကတော့ ဂိမ်းထဲမှာ Keanu Reeves အပြင်ကိုမှ ဆယ်လီတစ်ယောက်ထပ်ပါနေသေးတယ်ဆိုတာပါပဲ။ အနုပညာလောကထဲကတော့ မဟုတ်ပါဘူး။ နိုင်ငံရေးလောကထဲက လူသိများတဲ့ပုဂ္ဂိုလ်တစ်ဦးပါ။

 

 

View this post on Instagram

 

A post shared by 安倍晋三 (@shinzoabe)

သူကတော့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ယောက်ဖြစ်တဲ့ Shinzo Abe ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလည်း လာခဲ့ဖူးတဲ့ရာဇဝင်တွေရှိတာကြောင့် ပရိတ်သတ်ကြီးနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဂိမ်းထဲမှာတော့ ဝန်ကြီးချုပ်ဟောင်း Shinzo Abe ကို တီဗီထဲကသတင်းကြေငြာတဲ့အခန်းမှာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအထဲမှာလည်း သူဟာ နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးရဲ့ပုံရိပ်အဖြစ်ပါဝင်ထားခဲ့တာပါတဲ့။

Cyber Punk 2077 ဟာ ဂျပန်မှာ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်လို့ အခုလိုမျိုး လူတိုင်း လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ပုံရိပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်ထားတာဖြစ်နိုင်ပါတယ်။ Twitter မှာတော့ Shinzo Abe ပါတဲ့အခန်းကို screenshot တွေရိုက်ပြီး သိကြလားဆိုပြီး တင်နကြပါပြီ။


Ben Cowles ဆိုတဲ့ Twitter account ပိုင်ရှင်ကလည်း သူကတော့ Shinzo Abe အပြင်ကိုမှ နာမည်ကျော် ဂိမ်းဖန်တီးသူ Hideo Kojima ကိုလည်း တွေ့ခဲ့သေးတယ်ဆိုပြီး တင်ထားခဲ့ပါသေးတယ်။

 

penny

SHARE