သဘာဝနဲ့တသားတည်း ဖြစ်သွားသလို ခံစားရမယ့် ဘယ်လ်ဂျီယမ်နိုင်ငံက စက်ဘီးလမ်းလေး

Toerisme Limburg / Visit Limburg

ဘယ်လ်ဂျီယံနိုင်ငံ ခရီးသွားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Visit Limburg ဟာ ခရီးသွားလာရေးလုပ်ငန်းတွေကို မြှင့်တင်ပေးဖို့နဲ့  လူတွေ သဘာဝတရားနဲ့ပိုမိုနီးစပ်စေဖို့ရည်ရွယ်ပြီး စက်ဘီးပတ်လမ်းတွေကို ဖန်တီးခဲ့ပါတယ်။ Visit Limburg ဟာ ၂၀၁၆ခုနှစ်မှာဆိုရင် Cycling through Water အမည်ရတဲ့ပရောဂျက်ကိုဖန်တီးခဲ့ပါတယ်။ ဒီပရောဂျက်ထဲမှာတော့ စက်ဘီးစီးနင်းသူတွေဟာ ရေကန်ကိုဖြတ်ပြီး ကိုက်၂၀၀ ကျော်စက်ဘီးစီးနင်းနိုင်မှာဖြစ်ပါတယ်။

Toerisme Limburg / Visit Limburg

မနှစ်ကတော့ Limburg ဟာ ဒုတိယမြောက် ပရောဂျက် Cycling through the Trees ကိုစတင်ခဲ့ပါတယ်။ ဒီပရောဂျက်ကတော့ ကမ္ဘာတစ်ဝှန်းက သဘာဝကိုနှစ်ခြိုက်ကြသူတွေ၊ စက်ဘီးစီးတာကိုနှစ်ခြိုက်ကြသူတွေပါ တော်တော်လေးအကြိုက်တွေ့ခဲ့တာပါ။

Toerisme Limburg / Visit Limburg
Toerisme Limburg / Visit Limburg

Cycling  through the Trees ပရောဂျက်ကိုတော့ ဗိသုကာပညာရှင် BuroLandschap, De Gregorio & Partners တို့က ဒီဇိုင်းရေးဆွဲတာပါ။ ရေးဆွဲထားတဲ့ဒီဇိုင်းဟာ စက်ဘီးစီးနင်းသူတွေကို မြေပြင်ကနေအထက် ၃၂ပေအထိတိုင်အောင် ခေါ်သွားနိုင်တဲ့ ၃၆၀ ဒီဂရီ အဝိုင်းပတ်ကြီးဖြစ်ပါတယ်။

READ
သြစတေးလျနဲ့ ပတ်သက်လို့ ကြုံတွေ့ရမယ့် ထူးထူးခြားခြား အချက်များ

Visit Limburg ကတော့ သူတို့ရဲ့အွန်လိုင်းစာမျက်နှာပေါ်မှာ အခုလိုရေးသားထားပါတယ်။

Toerisme Limburg / Visit Limburg

“Pijnven မှာဆိုရင် သင်ဟာ သစ်ပင်တွေကြားထဲ စက်ဘီးစီးနိုင်ပါတယ်။ သစ်တောအုပ်ထဲမှာ စက်ဘီးစီးရတာဟာ ထူးခြားတဲ့အတွေ့အကြုံပဲဖြစ်ပါတယ်။ ဒီစက်ဘီးပတ်လမ်းကနေ သင့်ကိုပိုပြီးမြင့်မားတဲ့နေရာဆီ လုံခြုံစွာခေါ်ဆောင်သွားပေးမှာပါ။ သင်ဟာ နှစ်ထပ်စက်ဘီးပတ်လမ်းမှာ သစ်ပင်တွေကြားထဲ ၁၀မီတာကျော်အမြင့်ထိရောက်နိုင်ပါတယ်။ သဘာဝတရားနဲ့ အငွေ့အရသာကို ခံစားနိုင်ပါတယ်။”

Toerisme Limburg / Visit Limburg

“Cycling through the Water လိုပဲ ဒီစက်ဘီးပတ်လမ်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စက်ဘီးစီးအတွေ့အကြုံကိုပေးနိုင်ပါတယ်။ ဧည့်သည်တွေအနေနဲ့လည်း သဘာဝကိုထူးထူးခြားခြားခံစားလို့ရတာပေါ့။ သစ်တောနဲ့အတူ သင်ဟာတစ်သားတည်းဖြစ်နိုင်ပါတယ်။ စက်ဘီးစီးတဲ့လမ်းကြောင်းကတော့ အမြင့် ၁၀မီတာ (၃၂)ပေ အရှည် ၇၀၀မီတာ (၇၆၅ ကိုက်) အချင်း ၁၀၀မီတာ (၁၀၉ကိုက်) ရှိပါတယ်။”

ဒါ့ပြင် Visit Limburg ဟာ ၂၀၂၁ကျရင်လည်း တတိယမြောက်ပရောဂျက်ဖြစ်တဲ့ Cycling through the Healthland ကိုလည်း Hoge Kempen အမျိုးသားဥယျာဉ်မှာဖွင့်လှစ်ဖို့ စီစဉ်ထားကြောင်းလည်း boredpanda အရ သိရပါတယ်။

READ
ကမ္ဘာ့ဓာတ်ပုံရိုက်လို့ အကောင်းဆုံး ဂန္တ၀င်ဆန်ဆန် လှပလွန်းတဲ့နေရာများ

ShweMom

SHARE