စားပွဲခုံပေါင်း (၁,၆၀၀) ကျော်ဆက်ပြီး စားသောက်ပွဲ ကျင်းပခဲ့တဲ့ Prague မြို့သူမြို့သားများ

YouTube/TheTelegraph

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါဟာ နိုင်ငံတိုင်းလိုလိုမှာ ဖြစ်ပွားနေဆဲပါပဲ။ ရောဂါဖြစ်ပွားမှုနှုန်းဟာ စဖြစ်ခါစထက် လျော့ကျသွားခဲ့ပေမယ့် ဖြစ်တဲ့လူတွေဟာလည်း ဆက်ဖြစ်နေကြတာတစ်ကြောင်း၊ ရောဂါကာကွယ်ဆေး မပေါ်သေးတာကတစ်ကြောင်း အစရှိတဲ့ အကြောင်းအရာတွေကြောင့် စိတ်ချနိုင်လောက်တဲ့ အခြေအနေမဟုတ်သေးပါဘူး။ ဒါပေမယ့် မကြာသေးခင်အချိန်က COVID 19 ကပ်ရောဂါဖြစ်ပွားသူ လုံးဝမရှိတော့တဲ့ နိုင်ငံကတော့ Czech နိုင်ငံဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Czech နိုင်ငံအတွင်းမှာ COVID 19 ဖြစ်ပွားသူ တစ်ယောက်မျှမရှိတော့ကြောင်း Czech အစိုးရက ကြေညာချက် ထုတ်ပြန်လိုက်တဲ့အချိန်မှာတော့ Czech နိုင်ငံသူနိုင်ငံသားတွေဟာ ပျော်ရွှင်ခဲ့ပြီး Czech နိုင်ငံ၊ Prague မြို့ အတွင်းမှာ စားပွဲပေါင်း ၁၆၀၀ ကျော် ခင်းပြီး Prague မြို့သူမြို့သားတွေဟာ စားသောက်ပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။

View this post on Instagram

Big reunion: With a symbolic mass dinner in Prague, thousands said good-bye to social distancing 👋 ⠀ ⠀ Seated around a 500-meter-long dining table set up on the iconic Charles Bridge, Prague residents have gathered to celebrate the country-wide easing of most of the coronavirus measures.⠀ ⠀ The guests were invited to share among themselves the meals and drinks they brought.⠀ "The bridge is a good metaphor, different people can gather," said Ondrej Kobza, who organized the event.⠀ ⠀ Czech Republic, home to nearly 11 million, has fared relatively well as it was among the first to implement tough restrictions designed to curb COVID-19 in mid-March.⠀ ⠀ As of July 2, the country reported over 12,000 cases and 349 deaths connected to the illness — low numbers compared to its European neighbors.⠀ ⠀ Sources: AP/Reuters⠀ Pictures: David W. Cerny/Reuters

A post shared by DW News (@dwnews) on

“ကျွန်တော်မြို့ထဲမှာဆိုရင် လူတွေက COVID 19 ဖြစ်နေတဲ့အချိန်မှာ တော်တော်စည်းကမ်းရှိတယ်။ တစ်ယောက်မှ အိမ်အပြင် မထွက်ရဲကြဘူး။ လူတိုင်းဟာ အိမ်ထဲက အိမ်အပြင်ကို မထွက်ကြသလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတွေ့ရဲကြဘူး။ အခုမှ ကျွန်တော်တို့တွေ ပြန်တွေ့ရတာ။ အရမ်းပျော်ဖို့ကောင်းတာပါပဲ” လို့ Prague မြို့ရှိ Prague Coffee ဆိုင်ပိုင်ရှင် Ondrej Kobza က ပြောကြားခဲ့ပါတယ်။

READ
လှေပေါ်က အမူးလွန် ပြုတ်ကျပြီး လူမရှိတဲ့ ကျွန်းပေါ် သောင်တင်ခဲ့တဲ့အမျိုးသားရဲ့ အဖြစ်

Czech အစိုးရဟာလည်း လက်ရှိမှာ Lockdown စည်းမျဉ်းတွေကို ဖျက်သိမ်းလိုက်ပြီဖြစ်သော်ငြားလည်း နယ်စပ်ဂိတ်တွေကို မဖွင့်ပေးသေူပါဘူး။ ဒါ့အပြင် နိုင်ငံခြားသားများ ပြည်တွင်းဝင်ရောက်ခွင့်တွေကိုလည်း လက်ရှိအချိန်ထိ ပိတ်ထားသေးကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pyi Hein Kyaw

SHARE