Gay ဆိုတဲ့သတင်းအမှားတွေကြောင့် ပွဲစခါနီးအချိန်မှာမှ ဖျော်ဖြေဖို့တားမြစ်ခံခဲ့ရတဲ့ ကေပေါ့အဖွဲ့

ARKInterviews - WordPress.com/koreaboo

Kuwait နိုင်ငံမှာ ကျင်းပတဲ့ ’40th Anniversary Korean Concert’ မှာ ဖျော်ဖြေဖို့အတွက် ဖိတ်ကြားခံရပြီး ရောက်လာခဲ့ပေမဲ့ ပွဲမကျင်းပမှီ မိနစ်ပိုင်းမှာပဲ မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ဖျော်ဖြေဖို့ တားမြစ်ခံလိုက်ရတဲ့ ကေပေါ့အဖွဲ့ရဲ့ သတင်းကတော့ အင်တာနက်ပေါ်မှာ အတော်လေး ပျံ့နှံ့နေပါတယ်။ အဲဒီကေပေါ့ အဖွဲ့ကတော့ D-CRUNCH ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။

koreaboo

သူတို့အဖွဲ့ကတော့ ပရိသတ်တွေကို မဖျော်ဖြေနိုင်တော့တာကြောင့် စင်ပေါ်ကို တက်ပြီး တောင်းပန်ခဲ့ကြပြီး အချို့အဖွဲ့ဝင်တွေဆို ငိုတဲ့အထိဖြစ်သွားခဲ့ရပါတယ်။ ဒီလို ရုတ်တရက်ကြီး ဖော်ျဖြေဖို့တားမြစ်တဲ့ ကိစ္စဖြစ်လာတဲ့အကြောင်းကတော့ D-CRUNCH အဖွဲ့ဟာ Gay တွေဖြစ်တယ်ဆိုတဲ့ မဟုတ်မမှန်တဲ့ ကောလဟာလတွေကြောင့်ဖြစ်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ဒါ့အပြင် D-CRUNCHအဖွဲ့ဝင်တွေ ဖော်ျဖြေမယ့်ရှေ့မှာ BTS ပရိသတ်တွေက BTSကို အားပေးတဲ့အပြုအမူတွေအော်ဟစ်တာတွေ ပြုလုပ်ေ်နကြတဲ့ ဗီဒီယိုကလည်း အင်တာနက်မှာ ပျံ့နှံ့နေပြန်ပါတယ်။ အဲဒီလူတွေကတော့ ပွဲတာဝန်ရှိသူကို BTS ကို ခေါ်ပေးဖို့ ပြောခဲ့တာဖြစ်ပေမဲ့ BTS မလာတာကြောင့် ပွဲစီစဉ်သူ စင်ပေါ်ခဏတက်လာချိန်မှာ အခုလို အော်ဟစ်နေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလူတွေကတော့ သူတို့တွေ BTS ကို ဘယ်လောက်အထိ မျှော်လင့်နေကြောင်း ပြချင်တဲ့ပုံပါပဲ။ ပရိသတ်တွေရော  ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လို မြင်ကြလဲ။

Source: Kstarlive

SHARE