အိမ်ထောင်သက်(၈၂) နှစ်တာ ခိုင်မြဲခြင်းရဲ့ လျို့ဝှက်ချက်ကို ပြောပြခဲ့တဲ့ ဖိုးဖိုးနဲ့ ဖွားဖွား

တစ်ဦးအပေါ်မှာတစ်ဦး ကြင်နာသနားမှုရှိတာဟာ စုံတွဲတွေအတွက် အိုအောင်မင်းအောင် ပေါင်းသင်းရဖို့ လျို့ဝှက်ချက်တစ်ခုဖြစ်မယ် ထင်ပါတယ်။ မကြာသေးခင်ကတော့ မြောက်ကယ်ရိုးလိုင်းနားမှာနေတဲ့ စုံတွဲတစ်တွဲဟာ အသက်(၁၀၀) နဲ့ (၁၀၃) နှစ်ပြည့် မွေးနေ့ပွဲတွေကို အသီးသီးကျင်းပခဲ့ကြပါတယ်။ ထူးခြားတာက အဆိုပါ အဖိုးအဖွားစုံတွဲဟာ (၇) ရက်သာ မွေးနေ့ ကွာဟတယ်လို့ သိရပါတယ်။

Fox 8

ဖိုးဖိုး ဒီဗလျူဝီလျံကတော့ အသက်(၁၀၃) နှစ် ဖြစ်ပြီး ဖွားဖွား ၀ီလီဝီလျံကတော့ အသက်(၁၀၀) ရှိပါပြီ။ သူတို့ရဲ့ အိမ်ထောင်သက်ကတော့ (၈၂) နှစ် ရှိပါပြီ။ သူတို့နှစ်ဦးရဲ့ ရာပြည့်မွေးနေ့ပွဲတွေကိုတော့ အမှတ်တရအဖြစ်နဲ့ မိသားစုက ဒေသခံဘုရားကျောင်းတစ်ကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဖွားဝီလီကို အိမ်ထောင်သက်တည်မြဲရခြင်းရဲ့ အကြောင်းရင်းကို မေးကြည့်တဲ့အခါမှာတော့ ၀ီလီက “တစ်ယောက်အပေါ်မှာ တစ်ယောက် တကယ်ကောင်းပေးကြပါ…” လို့ ဆိုပါတယ်။ သူတို့စုံတွဲနဲ့ ပတ်သက်လို့ “အဖိုးနဲ့အဖွားက အချင်းချင်းလည်း သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်…” လို့ မြေးဖြစ်သူက ထပ်လောင်း ပြောပြခဲ့ပါတယ်။

READ
သားကို ဆရာဝန်ဖြစ်အောင်ထိ ပျိုးထောင်ပေးခဲ့တဲ့ ဒေါင်းဝေဒနာရှင် ဖခင်ရဲ့မေတ္တာ


လင်းလင်း (ShweMom)

Ref: foxnews, upliftingtoday

SHARE