မမွေးသေးတဲ့ကလေးအတွက် ခေါက်ဆွဲခြောက်ထုတ် (၂၀၀၀)ကျော်နဲ့အိမ်ဆောက်ခဲ့တဲ့ ဖခင်

Twitter "Worldreport"

ကလေးဖခင် လောင်းလျှာတစ်ဦးဖြစ်တဲ့ Zhang အမျိုးသားတစ်ယောက်ဟာ သက်တမ်းလွန်ခေါက်ဆွဲခြောက်ထုတ် အထုတ်(၂၀၀၀)ကို အုတ်အဖြစ် အစားထိုးအသုံးပြုပြီး၊ သူတို့ရဲ့ မမွေးသေးတဲ့ကလေးအတွက် အနာဂတ်အိမ်ကလေးတစ်လုံး ကြိုဆောက်ထားနှင့်ခဲ့ပါတယ်။ ကလေးကစားဖို့ အိမ်ဆိုသော်လည်း၊ အိပ်စရာနေရာနဲ့ ပြူတင်းပေါက်တွေ ပါဝင်ပါတယ်။

Zhang ဟာ တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်းစီရင်စု Jilin မှာနေထိုင်သူဖြစ်ပြီး၊ မမွေးသေးတဲ့ကလေးအတွက် အိပ်မက်နန်းတော်ဆန်ဆန် အိမ်တစ်လုံး ကြိုဆောက်ပေးခဲ့တာပါ။ ခေါက်ဆွဲခြောက်ထုတ်တွေကို တစ်ထုတ်နဲ့တစ်ထုတ် စေးကပ်အောင် ကပ်ပြီး၊ အဆင့်ဆင့် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ခေါက်ဆွဲခြောက်တွေဟာ လူတွေမသုံးတော့တဲ့ ရက်လွန်ခေါက်ဆွဲခြောက်တွေဖြစ်ပြီး၊ စားသုံးရန်မသင့်တော်တဲ့အတွက်၊ အလကား လွှင့်ပစ်ရမယ့်အစား အခုလို ကလေးကစားဖို့ အိမ်ဆောက်ပေးခဲ့တာပါ။ အိမ်နံရံပတ်ပတ်လည်ကအစ ခေါက်ဆွဲခြောက်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး၊ ဘယ်လောက် ခိုင်မာမယ်ဆိုတာကတော့ အတိအကျ သိရဖို့ ခက်ပါတယ်။

ရေမြှုပ်မွေ့ယာပါ ထည့်သွင်းပေးထားပြီး၊ ကစားလို့မောတဲ့အခါ တစ်ခါတည်း ထိုးအိပ်ရုံပါဘဲ။ တရုတ်နိုင်ငံမှာ ဒိတ်လွတ်ခေါက်ဆွဲခြောက်တွေ ပြန်လည်အသုံးချမှုဟာ လူမှုကွန်ရက်ကတစ်ဆင့် အတော်လေး ရေပန်းစားနေပါတယ်။ မကြာသေးခင်က ဒိတ်လွတ်ခေါက်ဆွဲခြောက်ကို အသုံးပြုပြီး၊ ကွဲနေတဲ့ အိမ်သာကို ပြုပြင်တဲ့ ဗွီဒီယိုဖိုင်ဟာ အတော်လေး ရေပန်းစားခဲ့ပါတယ်။

READ
မာလကာရွက်နဲ့ အရေပြားနဲ့ပတ်သတ်တဲ့ပြဿနာအမျိုးမျိုးကို ဖြေရှင်းနိုင်ပါတယ်...

 

ဒါပေမယ့် ဒီခေါက်ဆွဲအိမ်ဟာ လေဒဏ်ခံနိုင်တယ်ဆိုရင်တောင်မှ မိုးဒဏ်တော့ ခံနိုင်ဖို့ မရှိပါဘူး။ ဂျုံနဲ့အဓိကလုပ်ထားတဲ့ အရာတွေဖြစ်လို့ မိုးရေထိရင် စိုပြီးပျက်စီးဖို့ သေချာသလောက်ပါဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် လုံးဝအသုံးမဝင်တော့တဲ့ အရာတွေဟာ ထင်မှတ်မထားတဲ့ပုံစံနဲ့ အသုံးဝင်တတ်တာကတော့ တီထွင်ဆန်းသစ်တဲ့သူတွေမှာသာ တွေ့ရနိုင်တာမျိုးပါ။

လင်းသုတ

SHARE