အတွင်းခံဝတ်ကာမော်ဒယ်လုပ်နေတဲ့ ၁၃ နှစ်သမီးကိုမနိုင်တော့တဲ့ဖခင်ရဲ့ရင်ဖွင့်စကား

@aniellecohn/Instagram

အခုခေတ်ဟာ လူမှုကွန်ယက်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ခေတ်ဆိုတော့ Facebook တို့ Instagram တို့ကို မှီကာ မော်ဒယ်တွေ၊ influencer တွေဆိုလည်း အများကြီးကို ပေါ်ထွက်လာကြပါတယ်။ ဒါဟာတစ်ဖက်တစ်လမ်းကကြည့်မယ်ဆိုရင်တော့ လုပ်ငန်းသဘောအရ လူတွေအနေနဲ့ ဝါသနာပါတာကိုလုပ်ကိုင်ရင်း ဝင်ငွေရှာနိုင်ပေမယ့်လို့ မကောင်းတဲ့ဖက်က လှည့်တွေးကြည့်မယ်ဆိုရင်တော့ influencer တွေတော်တော်များများရဲ့ ကောက်ကြောင်းလှလှနဲ့ အဖော်အချွတ်ပုံတွေ၊ luxury ဆန်တဲ့ နေထိုင်မှုပုံစံတွေကြောင့် သာမန်လူတွေခမျာ ကိုယ့်ဘဝနဲ့နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲတွေဖြစ်ကာ သိမ်ငယ်လာပါတော့တယ်။ ဒီအပြင် အရွယ်မရောက်သေးတဲ့ ကလေးတွေဟာလည်း ကျောင်းစာမှာ စိတ်မဝင်စားတော့ဘဲ influencer တွေကို အတုခိုးပြီး social media ဖက်ကို ပိုစိတ်ရောက်တတ်ကြပါတယ်တဲ့။

View this post on Instagram

Let me 🖤

A post shared by DANI🖤 (@daniellecohn) on

@aniellecohn/Instagram

အခုလည်း ဖခင်တစ်ယောက်က Instagram မှာ အသက်ကြီးသယောင် လိမ်လည်ထားခဲ့ပြီး influencer လုပ်နေတဲ့ သမီးတစ်ယောက်ကို မနိုင်တော့လို့ လူတွေကိုသိအောင်ပြောပြီး အကူအညီတောင်းလာခဲ့ပါတယ်။ သူမသမီးနာမည်ကတော့ Danielle Chon ဆိုတဲ့ ကောင်မလေးပါ။ ၁၅ နှစ်လို့ လူတွေအကုန်လုံးကိုလိမ်လည်နေခဲ့ပြီး Instagram နဲ့ TikTok မှာ နာမည်ကြီးနေခဲ့ပါတယ်။ နာမည်ကြီးတာကလည်း ရိုးရိုးတန်းတန်းမဟုတ်ဘဲနဲ့ လိင်ပိုင်းဆိုင်ရာဆွဲဆောင်တဲ့ ပုံစံမျိုးတွေ၊ အဝတ်အစားတွေနဲ့ဝတ်ပြီးတော့မှ လူသိများလာခဲ့တာပါ။

Instagram မှာတော့ follower ပေါင်း ၃.၇ သန်းရှိနေပြီး YouTube မှာလည်း subscriber  ပေါင်း ၁.၄ သန်းနဲ့ ရပ်တည်လျက်ရှိတဲ့ Danielle ဟာ မိခင်ဖြစ်သူ Jennifer ရယ်၊ သူမရဲ့လူမှုကွန်ယက်အကောင့်တွေကို ကိုင်တွယ်ပေးတဲ့ မန်နေဂျာ Jennifer ရယ်နဲ့အတူ နေထိုင်နေပါတယ်။ Social media influencer တို့လမ်းစဉ်အတိုင်း ကြော်ငြာတွေနဲ့ ကုန်ပစ္စည်းစပွန်ဆာတွေ တောက်လျှောက်ရနေတဲ့အတွက်ကြောင့် ကလေးမလေးကတော့ အခုဆိုပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာသန်းနဲ့ချီပြီးတောင် ရှိနေလောက်ပြီလို့ News.Au မှ ဖတ်ခဲ့ရပါတယ်။

READ
တန်ဖိုးကြီးကား မဟုတ်လို့ စီးရတာ ဂုဏ်ငယ်ကြောင်း ပြောဆိုခဲ့တဲ့ အမျိုးသမီး
@aniellecohn/Instagram
@aniellecohn/Instagram
@aniellecohn/Instagram

အရင်တုန်းကလည်း Mikey Tua ဆိုတဲ့ အသက် ၁၇ နှစ်အရွယ် influencer ကောင်လေးနဲ့ လူသိရှင်ရှားတွဲဖူးခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာပဲ ကောင်လေးရဲ့မိဘတွေက Danielle ရဲ့ အသက်ကို သိသွားတဲ့အတွက်ကြောင့် အတင်းလမ်းခွဲခိုင်းခဲ့တာပါ။ Mikey Tua ရဲ့ Instagram account မှာတော့ ဓာတ်ပုံတွေအကုန် ဖျက်လိုက်ခဲ့ပါပြီ။ သူတို့တွဲနေစဉ် ဧပြီလလောက်တုန်းကလည်း fan တွေကို ဗိုက်ကြီးပြီဆိုပြီး prank လုပ်တာတွေလည်း ရှိခဲ့ဖူးပါသေးတယ်။

ပြီးခဲ့တဲ့အပတ်တုန်းလောက်ကပဲ Danielle ရဲ့ ဖခင်ဆိုသူ Mr. Cohn ဆိုသူဟာ Facebook မှာ သူ့သမီးကိစ္စနဲ့ပတ်သက်ပြီး ပိုစ့်တစ်ခု တင်လာခဲ့ပါတယ်။ အတိုချုံးပြောပြရမယ်ဆိုရင်တော့ သူ့ရဲ့သမီးလေး၊ ၁၃ နှစ်အရွယ် ကလေးလေးတစ်ယောက်က ကလေးတစ်ယောက်ရဲ့လုပ်ရပ်နဲ့မတူဘဲနဲ့ ရည်းစားနဲ့ဗိုက်ကြီးပါတယ်လို့ ပရိတ်သတ်ကို စလိုစ၊ ဘီကီနီတွေ၊ ပေါ်ပေါ်လော်လော်အင်္ကျီတွေနဲ့ ဓာတ်ပုံတွေရိုက်လိုရိုက်၊ နောက်ဆုံး အတွင်းခံတွေနဲ့ လိင်အသားပေးဓာတ်ပုံတွေ ရိုက်လာတာ မြင်ရတဲ့အပေါ် အဖေတစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်မိခဲ့ပါတယ်တဲ့။ နောက်ပြီး paedophiles လို့ခေါ်တဲ့ ကလေးတွေကိုသာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတတ်ကြတဲ့ လူမျိုးတွေရဲ့လက်ထဲကိုလည်း သမီးလေးသားကောင်ဖြစ်သွားမှာဆိုးလို့ ဇနီးဖြစ်သူ Jennifer နဲ့ တိုင်ပင်ခဲ့ပေမယ့်လည်း သူမကိုယ်တိုင်ကကို ခွင့်ပြုထားတာပါတဲ့။

@aniellecohn/Instagram
@aniellecohn/Instagram

အစက Danielle ဟာ ကျောင်းတက်ဖို့အတွက် ကယ်လီဖိုးနီးယားမှာ နေချင်တယ်ဆိုလို့ မိခင်ဖြစ်သူ Jennifer နဲ့ အတူတူ ပြောင်းနေဖို့ ခွင့်ပြုလိုက်ပြီး ကျောင်းစာလုပ်ရမယ်၊ ကျောင်း report card ကို တစ်လတစ်ခါ သူ့ဆီလာလည်ရင် ယူလာရမယ်၊ Social media မှာ မသင့်လျော်တာတွေ မတင်ရဘူးဆိုတဲ့ ကတိနဲ့ လွှတ်လိုက်ခဲ့ပေမယ့်လည်း နောက်ပိုင်း ဘောင်းဘီတိုလေးတွေကနေစကာ အခုလို အတွင်းခံနဲ့ ဝတ်ရိုက်တဲ့အဆင့်ထိ ရောက်လာခဲ့ပါတော့တယ်။ ဒါကိုလည်း Jennifer ဟာ Mr. Cohn က သူတို့သားအမိနှစ်ယောက်ကို အိမ်ပေါ်က နှင်ချပြီး သမီးလေးပိုက်ဆံတွေရှာနိုင်တဲ့အချိန်ရောက်ကာမှ ဖျက်လိုဖျက်ဆီးလုပ်တယ်၊ ၁၃ နှစ်မဟုတ်ဘဲ Danielle ဟာ ၁၅ နှစ်ကျော်နေပြီဆိုပြီး Mr. Cohn ရဲ့ post အောက်မှာ comment ပေးကာ ပြန်လည်ချေပခဲ့ပါတယ်။

READ
စည်းကမ်းမလိုက်နာပဲ စက်ဘီးစီးခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အီတလီတော်ဝင်မင်းသား

Mr. Cohn အနေနဲ့ သမီးနဲ့ဇနီးကိုပြောလို့မရတဲ့အဆုံး Instagram, Pinterest, YouTube, TicTok စတဲ့ social media ကုမ္ပဏီတွေကို ဖုန်းနဲ့ဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြထားခဲ့ပေမယ့်လည်း ပိုက်ဆံကိုပဲကြည့်တဲ့ကုမ္ပဏီတွေဖြစ်နေတာကြောင့် အကျိုးမထူးဘဲ သူတင်ပြတာတွေကို ဂရုမမူဘဲ ရှိနေခဲ့ပါတယ်တဲ့။ Danielle တစ်ယောက် အခုလိုမျိုး လူကြီးစိတ်ဝင်နေတာဟာ ၁၁ နှစ်သမီးအရွယ်ကတည်းကပါ။ သူမရဲ့ အရွယ်နဲ့မလိုက်အောင် ဖွံ့ဖြိုးနေတဲ့ မ ဟော်မုန်းတွေကြောင့်လည်း TicTok မှာဆိုရင် အတူတူလာအိပ်ဖို့ခေါ်တဲ့ comment တွေတောင် ရှိနေတဲ့အတွက် ဖခင်တစ်ယောက်အနေနဲ့ ဒီလိုကိုယ့်သမီးလေးကို သားပြောမယားပြောပြောနေတာတွေ ဖတ်ရတဲ့အခါ တော်တော်လေး ရင်နင့်စရာဖြစ်နေခဲ့မှာပါ။ Mr. Cohn ကတော့ Danielle အနေနဲ့ ဒီထက်ပိုဆိုးလာမယ်ဆိုရင် ရဲကို အကြောင်းကြားတော့မယ်ဆိုပြီးလည်း တင်ထားခဲ့ပါသေးတယ်။

Penny

 

SHARE