Down syndrome ရောဂါသည်သားကိုချီပြေးကာ မာရသွန် ပန်းဝင်ခဲ့တဲ့ဖခင်

Twitter / Dailymail

ကမ္ဘာပေါ်မှာ မကောင်းတဲ့အဖြစ်အပျက်တွေ၊ မျှော်လင့်ချက်မဲ့စေတဲ့အရာတွေဟာအများကြီးပါ။ ဖြစ်ပျက်လာတဲ့မကောင်းတဲ့အရာတွေအပေါ်ကို ကိုယ့်ဖက်က ဂရုမစိုက်ဘဲ ရအောင်ပြန်တိုက်ခိုက်နိုင်စွမ်းရှိဖို့က အလွန်အရေးကြီးပါတယ်။

ဒါနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်နဲ့ အပြေးသမားတစ်ဦးဖြစ်တဲ့ ကမ္ဘာပေါ်ကအကောင်းဆုံးစူပါဟီးရိုး ဖခင် Robby Ketchell အကြောင်းကို တင်ဆက်ပေးပါ့မယ်။

ပြီးခဲ့တဲ့နှစ်က Ketchellနဲ့ဇနီးဖြစ်သူ Maryaတို့မှာ Wyattဆိုတဲ့သားလေးတစ်ဦး ရရှိခဲ့ပါတယ်။ဒါပေမယ့် Wyatt ဟာ Down syndrome ရောဂါသည် အဖြစ်နဲ့မွေးဖွားလာခဲ့တာပါ။သူ့သားလေးကြောင့်ပဲ Ketchellဟာ ဒီလိုရောဂါနဲ့မွေးဖွား လာတဲ့တခြားကလေးမိဘတွေအတွက် ရန်ပုံငွေမြှင့်တင်ပေးဖို့ New York City မာရသွန်ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ခဲ့ပါတယ်။

 

Wyattဟာ မွေးမယ့်ရက်ထက်သုံးပတ်စောပြီးမွေးဖွားလာခဲ့တာပါ။ဒါကြောင့် သူ့ကို NICUမှာ ရက်(၇၀)နီးပါးထားရှိခဲ့ရပါတယ်။ မိဘတွေရဲ့မေတ္တာအတိုင်းပါပဲ သားသမီးကို ဘာပဲဖြစ်ဖြစ်ရအောင်ကယ်ဖို့ကြိုးစားခဲ့ကြပြီး နောက်ဆုံးမှာတော့ Wyattကိုသေမင်းလက်ကနေပြန်ရခဲ့ပါတယ်။ သူတို့သားလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပျော်ရွှင်ပြီးကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်အောင် သူတို့ဘက်က တတ်နိုင်သမျှ အများကြီးကို လုပ်ခဲ့ကြတာပါ။

Ketchellဟာ သူ့သားလေးအတွက်ကိုယ်စားပြုပြီး သုံးနာရီနဲ့၂၁မိနစ် နယူးယောက်စီးတီးမာရသွန်အပြေးပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့အကြံရခဲ့ပါတယ်။ Down syndromeရောဂါသည်တွေအတွက် ပထမသူ့ရည်ရွယ်ချက်ထားတဲ့ရန်ပုံငွေပိုက်ဆံက အမေရိကန်ဒေါ်လာ(၃၂၁၀)ဖြစ်ပေမယ့် အဲ့ဒီထက်ကျော်ပြီး ဒေါ်လာ(၁၁၀၀၀)ကျော်အထိရရှိခဲ့ပါတယ်။

Ketchellအတွက် ဒီပြိုင်ပွဲက မလွယ်ကူခဲ့ပါဘူး။ဒါပေမယ့် သားအတွက်ဆိုတဲ့ စိတ်အင်အားကပဲသူ့ကိုအကောင်းဆုံး တွန်းအားဖြစ်စေခဲ့တာပါ။ သူ့ရဲ့စိတ်ရော ခန္ဓာကိုယ်ကိုပါ အကောင်းဆုံးပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ Ketchell က (၈)မိုင်ဆိုရင်တောင် သူ့အတွက် ခက်ခဲနေပါပြီ၊ (၁၇)ကနေမိုင်(၂၀)ကို (၃)နာရီမိနစ်(၂၀)နဲ့ပြေးပြီး ပန်းဝင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စလို့ထင်ခဲ့တယ်။ “မိုင်(၂၀)လောက်ရောက်တော့ ဒူးတွေတောင်တုန်နေပြီ ခြေထောက်တွေကျိုးပြီးတောင်ထင်ခဲ့တာ ဒါပေမယ့် ကျွန်တော်အားလုံးကို အရှုံးမပေးဘဲ ရင်ဆိုင်နိုင်ခဲ့ပါတယ်” လို့ဆိုပါတယ်။

လူတိုင်းမှာ ငါဒီလောက်ပဲလုပ်နိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်မရှိဘူး။ အဲဒီစိတ်ကိုတွန်းအားပေးနိုင်တဲ့အရာတစ်ခုကပဲ ကိုယ်မသိတဲ့ကိုယ့်ရဲ့စွမ်းအားကို ပေါ်လာစေတာဖြစ်တယ်။ ဒီစွမ်းအင်ဟာ လူတိုင်းမှာ ရှိပါတယ်။

ကျွန်တော်ဒါကိုလုပ်ဖြစ်ခဲတဲ့အရေးကြီးဆုံးအရာက လူတွေကို သတိပေးချင်တာပါ။ ကိုယ်မလုပ်ဘဲ ဖြစ်လာတဲ့အရာတွေကို မကန်ု့သတ်ပါနဲ့။ မွေးရာပါ Down syndromeဝေဒနာဖြစ်လာတာဟာ သူတို့ရွေးချယ်မှုမဟုတ်ပါဘူး။ ဒါ့ကြောင့် လူတွေက ရောဂါသည်တစ်ယောက်မြင်မှာ ဖယ်ကျဉ်ထားမှာ ကန့်သတ်ခံရမှာတွေကို မလိုလားဘူးလို့ဆိုပါတယ်။

Khaing

SHARE