ကနေဒါနိုင်ငံသား ဖခင်တစ်ဦးဟာ သားဖြစ်သူကို သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိစေဖို့ ဖခင်မေတ္တာအပြည့်နဲ့စွမ်းဆောင်ခဲ့ကြောင်း fox2detroit သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသားဟာ Derek Prue Sr. ဆိုသူပါ။ အသက်၈နှစ်အရွယ် သားဖြစ်သူ Derek Prue Jr. ရဲ့ဝမ်းဗိုက်ပေါ်မှာရှိတဲ့ မွေးရာပါအမှတ်နဲ့ တသဝေမတိမ်းတူအောင် Prue ဟာ နာရီ၃၀ကြာ တက်တူးရေးထိုးခဲ့တာဖြစ်ပါတယ်။
Prue ကတော့ သူ့သားကို ရေသွားကူးခိုင်းရာမှ သားဖြစ်သူက အင်္ကျီမဝတ်ဘဲ ရေထဲမဆင်းဘူးဆိုပြီး လုပ်နေတာသိရတဲ့အတွက် သူကိုယ်တိုင်တက်တူးထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်သိတယ်။ သားက အဲ့ဒါကိုတော်တော်သတိထားနေတာ။ သားက သူ့မွေးရာပါအမှတ်ပေါ်မှာ ဘယ်လိုခံစားချက်ရှိလဲ ကျွန်တော်သိတယ်လေ။ ဒါကြောင့် သူ့ကိုတစ်ယောက်တည်း မဖြစ်စေချင်ဘူး။” လို့ Prue က ဆိုပါတယ်။
This is derrick Jr and derrick sr .
He is the dad that got his sons birthmark tattooed, its
Very cool that he could do this to help his sons confidence and that we could be a part of their story .Posted by Juicy Quill Tattoo on Thursday, 10 December 2020
Prue ဟာ အခုတက်တူးကို Alberta ပြည်နယ် Stony Plain မြို့က Juicy Quill Tatoo ဆိုင်မှာ ထိုးခဲ့တာဖြစ်ပါတယ်။ တက်တူးဆိုင်ပိုင်ရှင်ဖြစ်တဲ့ Tony Gibert ကတော့ Prue ကို ကူညီခွင့်ရတဲ့အတွက် ဝမ်းသာကြောင်း CBC ကို ပြောပါတယ်။ “ကိုယ့်သားကိုယ် အခုလိုမျိုးဖေးမပေးတာ အံ့သြစရာပါ။ ကလေးက သူ့အဖေရဲ့တက်တူးကိုမြင်ပြီး သူခံစားနေရတဲ့ ခံစားချက်တွေ ပြောင်းလဲသွားမှာပါ။”
‘Now we have the same marks for life’: Alberta dad gets matching birthmark in solidarity with son https://t.co/j4Ert9xyGC pic.twitter.com/sZi9918SKL
— CBC Edmonton (@CBCEdmonton) December 10, 2020
Prue အတွက်တော့ အခုလိုတက်တူးထိုးတာက လွယ်လွယ်ကူကူတော့မဟုတ်ခဲ့ပါဘူး။ တက်တူးတစ်ခုလုံးပြီးဖို့အတွက် ရက်သတ္တပတ် ၆ပတ်ကနေ ၈ပတ်အထိ နာရီ၃၀ကြာခဲ့ပါတယ်။ Prue ကတော့ တက်တူးအတွက် ဒီလောက်အချိန်ကုန်မယ်မထင်မိကြောင်း ဆိုပါတယ်။ “ဒီလိုလုပ်ခဲ့မိတာ ကျေနပ်ပါတယ်။ တက်တူးထိုးရတဲ့အချိန်ကတော့ တော်တော်ကြာတယ်။ ကျွန်တော်က နာရီပိုင်းနဲ့တင် ပြီးမယ်ထင်ခဲ့တာ။ တက်တူးပြီးဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိတာကပဲ ကျွန်တော်ဝမ်းသာသလိုလိုပဲ။ ဒါပေမဲ့ တန်ပါတယ်။ အခုဆို သားနဲ့ကျွန်တော် တစ်သက်လုံး အမှတ်အသား အတူတူပဲရှိသွားပြီ။” လို့ လည်း Prue က ပြောပြခဲ့ပါတယ်။
ShweMom