သမီးဖြစ်သူရဲ့ကျောင်းလုပ်ငန်းအတွက် ဟယ်လီကော်ပတာ စီစဉ်ပေးခဲ့တဲ့ တရုတ်နိုင်ငံက ဖခင်

ဘေဂျင်းမြို့က အဖေတစ်ယောက်ဟာ သမီးဖြစ်သူရဲ့ သိပ္ပံဆိုင်ရာ ကျောင်းလုပ်ငန်းအတွက် ကျောင်းကို ဟယ်လီကော်ပတာ စေလွှတ်ခဲ့တဲ့ အဖြစ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

ကျောင်းရဲ့ ကစားကွင်းမှာ ရပ်နားထားတဲ့ ဟယ်လီကော်ပတာအနားမှာ ကစားနေကြတဲ့ ကျောင်းသားတွေရဲ့ ပုံတွေကိုလည်း အွန်လိုင်းအသုံးပြုတွေက ဖော်ပြခဲ့ကြပါတယ်။

Fengdan Experimental Primary School ကျောင်းရဲ့ သိပ္ပံဆိုင်ရာ ပြပွဲမှာ တစ်စိတ်တစ်ဒေသ ပါဝင်တဲ့အနေနဲ့ ကလေးမလေးရဲ့ ဖခင်ဖြစ်သူက အခုလို စီစဉ်ခဲ့တာဖြစ်ကြောင်း သိရတယ်။ သူမရဲ့ စ်ကြောင်း ပြီးခဲ့တဲ့ စနေနေ့ (မေ ၁၁ ရက်) မှာ Beijin Youth Daily က ဖော်ပြထားပါတယ်။

ဒီ အဆိုင်းမန့်အတွက် ကလေးမလေးက ဆုရသွားတယ်လို့လည်း သိရပါတယ်။ ကလေးမလေးရဲ့ အဖေဖြစ်သူက ဟယ်လီကော်ပတာ ခရီးသွားလုပ်ငန်းကို ပိုင်သူဖြစ်တယ်လို့ ကျောင်းကို မောင်းလာတဲ့ ၀န်ထမ်းနှစ်ယောက်က ပြောပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေလည်း တရုတ်ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

READ
မိခင်ရဲ့ခေါင်းတလား ပြုတ်ကျပြီးနောက် အဖြစ်ဆိုးထပ်ကြုံခဲ့ရတဲ့ မိသားစုတစ်စု
SCMP

တစ်ချို့ကတော့လည်း ဖခင်ဖြစ်သူရဲ့ အပြုအမူဟာ ချမ်းသာကြွယ်ဝမှု ဂုဏ်ကိုဖော်တယ်ဆိုပြီး မကြိုက်ကြသလို ကျောင်းသားတွေကို တကယ့် ဟယ်လီကော်ပတာအား အနီးကပ် လေ့လာခွင့်ရအောင် ထောက်ပံ့ပေးတဲ့အတွက် ချီးကျူးကြသူတွေလည်း ရှိနေပါတယ်။

ဘေဂျင်းမှာ မေ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ လေယာဉ်ငယ် ပျံသန်းခွင့်ကို ပိတ်ထားကြောင်းသိရပါတယ်။ ဒါပေမယ့် ဒီ ပျံသန်းမှုအတွက် ပါမစ်ရရှိထားတယ်ကြောင်း Bejin Youth Daily ကို ဖခင်က ပြောပြထားပါတယ်။ မပျံသန်းရတဲ့နေ့ မတိုင်ခင် ၁၀ ရက်နေ့မှာ ကျောင်းကိုရောက်လာတဲ့ဖြစ်ပြီး ပွဲအပြီး ချက်ချင်း ပြန်ထွက်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

SCMP

ကျောင်းရဲ့ ဖိတ်ကြားမှုကို လက်ခံခဲ့တာကလည်း ကလေးတွေအနေနဲ့ လေယာဉ်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရရှိစေချင်၊ ဒါက အထောက်အကူပေးနိုင်မယ်ထင်လို့ ဆိုတဲ့အကြောင်းကိုလည်း ဖြည့်စွက်ပြောကြားသွားပါတယ်။

READ
သမီးဖြစ်သူရဲ့သူငယ်ချင်း(၇)ယောက်ကိုအိပ်ဆေးကျွေးပြီး အဓမ္မကျင့်ခဲ့တဲ့သူထောင်ဒဏ်၄၇နှစ်ကျ

Ref: AsiaOne, Straitstime

Matthew (ShweMOM)

 

SHARE