ငါးမန်းစာမဖြစ်ခင် စက္ကန့်ပိုင်းအလိုပုံရိပ်လေး သားလေးရဲ့အလှဓာတ်ပုံထဲ ရိုက်မိခဲ့

GoFundMe

သူမနာမည်ကတော့ Taylia Craw ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက မိသားစုခရီးလေးတစ်ခွုက်ခဲ့ပါတယ်။ ကိုဗစ်လည်းဖြစ်ထားခဲ့တော့ ကလေးတွေလည်း စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီးတော့ လူသူရှင်းလင်းတဲ့ တောင်သြစတေးလျက ကမ်းခြေလေးတစ်ခုကို သွားခဲ့ကြတာပါ။

အသက် ၂ နှစ်အရွယ် သားလေး Levi ရော ခွေးလေး ၂ ကောင်ရောပါတာပေါ့။ နယူးဇီလန်ကနေပြီး Victorian နယ်စပ်နားက MacDonnell မှာ camping လုပ်ခဲ့ကြတာပါ။ တောထဲမှာနေရင်း သဘာဝတရားကြီးကို ခံစားကြတယ်၊ လွတ်လွတ်လပ်လပ်နေကြရင်း ကမ်းခြေမှာလည်း ရေဆော့ကစားပေါ့။ 

GoFundMe

တစ်ရက် Taylia ရဲ့ ခင်ပွန်း Duncan တစ်ယောက်ပင်လယ်ထဲမှာ ရေကူးနေခဲ့ပါတယ်။ သူတို့ သားအမိနှစ်ယောက်နဲ့ ခွေးလေးတွေကတော့ ကမ်းခြေမှာ ဆော့ကစားလိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့ပေါ့။ သားလေးဆေဆာ့နေတဲ့ပုံတွေကို ဓာတ်ပုံလေးတွေ အမှတ်တရရိုက်ပေးနေတော့လည်း ရေထဲရောက်နေတဲ့ Duncan ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ သတိဝင်လာလို့ ကြည့်လည်းကြည့်လိုက်ရော ရေထဲမှာ ဘယ်လိုမှ Duncan ကို ရှာမတွေ့တော့ပါဘူး။ 

ဒါနဲ့ Taylia ဟာ သက်ဆိုင်ရာကို အကြောင်းကြားပြီး ခေါ်လိုက်တဲ့အချိန်မှာတော့ Duncan ဟာ ငမန်းရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပြီးတော့ အစားခံခဲ့ရတာပါတဲ့လေ။

GoFundMe

နောက်ပိုင်း ဓာတ်ပုံတေပြန်ကြည့်တဲ့အခါမှာတော့ ပုံထဲမှာ သားလေး Levi ရဲ့အနောက် ရေထဲ သူ့အမျိုးသားရဲ့ပုံရိပ်လေးကိုတွေ့ခဲ့ရပါတယ်။ ဒါဟာနောက်ဆုံးသောDuncan ကို တွေ့ရမယ့် ပုံရိပ်လေးဆိုတာ မသိခဲ့ရပါဘူး။

Duncan ဟာ အိမ်မှာ ဝင်ငွေရှိတဲ့ တစ်ဦးတည်းသော အိမ်ထောင်ဦးစီးရှိပြီးတော့ တစ်ဖက်မှာလည်း Levi နဲ့ ပိုပြီးရင်းနှီးတဲ့အတွက်ကြောင့် Levi လေးရဲ့ အနာဂတ်အတွက် fundraiser တစ်ခုလည်း ပြုလုပ်နေခဲ့ပါတယ်။

GoFundMe

Penny

SHARE