ကမ္ဘာပျက်တော့မှာမလို့ သားသမီးတွေကို (၉) နှစ်ကြာ အိမ်အောက်မှာပဲ နေခိုင်းတဲ့ဖခင်

[email protected]

Doomsday phobia လို့ခေါ်တဲ့ ကမ္ဘာပျက်မှာကိုကြောက်တဲ့ စိတ်ရောဂါဟာ ဆေးပညာမှာတကယ်ရှိနေပါတယ်။ Lad Bible မှာ ဖတ်ခဲ့တဲ့ သတင်းတစ်ပုဒ်အရ ဖခင်ကိုယ်တိုင်က သားသမီးတွေကို ၉ နှစ်ကြာမြေအောက်ခန်းထဲမှာ ပိတ်ထားပါတယ်ဆိုပြီး ဖတ်ခဲ့ရပါတယ်။

နယ်သာလန်မှာရှိတဲ့ Drenthe မြို့မှာရှိတဲ့ Ruinerworld ဆိုတဲ့ ရွာလေးမှာ ဖြစ်ပွားခဲ့တာပါ။ ရွာလေးဟာ လူဦးရေ သုံးထောင်သာ ရှိပါတယ်။ အောက်တိုဘာလ (၁၄) ရက်နေ့တုန်းက ရွာထဲက ဘားဆိုင်တစ်ဆိုင်ကို (၂၅) နှစ်အရွယ်အမျိုးသားတစ်ဦးရောက်လာခဲ့ပါတယ်။ သူ့ပုံစံကြည့်ရတာ မုတ်ဆိတ်မွှေးတွေ၊ ဆံပင်တွေလည်း ရှည်နေပြီး လူပုံစံကလည်း ရက်အတော်ကြာရေမချိုးထားသလို ညစ်ပတ်နေတာကြောင့် ဆိုင်ထဲမှာရှိတဲ့လူတွေအကုန်လုံး အဲဒီလူငယ်ကို သတိထားမိခဲ့ကြပါတယ်။

လူငယ်က ဆိုင်ထဲကိုသာ ဝင်လာတယ်၊ ဘယ်ကိုရောက်လို့ ရောက်လာမှန်းလည်း သိပုံမပေါ်၊ ဘာလုပ်လို့လုပ်ရမယ်မှန်းလည်း မသိဘဲ အူကြောင်ကြောင်ဖြစ်နေခဲ့ကာ ရုတ်တရက်ဆိုသလို ဘီယာငါးခွက်မှာလိုက်ပြီး အငမ်းမရစသောက်ပါတော့တယ်။ ဒါနဲ့ပဲ ဘားဆိုင်ပိုင်ရှင်ဟာ လူငယ်ကို ဘာဖြစ်တာလဲမသိဘူးဆိုပြီး စကားစမြည်သွားပြောလိုက်တဲ့အခါမှာတော့ မုတ်ဆိတ်မွှေးတွေဖုံးနေတဲ့ မျက်နှာဟာ အသက် (၂၅) နှစ်ပတ်ဝန်းကျင်သာ ရှိဦးမယ်ဆိုတာ အရင်ဆုံးသတိထားမိခဲ့ပါတယ်။ ဘီယာသောက်ရင်း လူငယ်အမျိုးသားဟာ သူတို့မနေချင်တဲ့ပုံစံမျိုးနဲ့ လယ်တောထဲက အိမ်လေးမှာ အဖေက ပိတ်လှောင်ထားကြောင်း၊ အောက်မှာလည်း ညီအစ်ကိုမောင်နှမလေးတွေရှနေသေးကြောင်း၊ သူတောင်ထွက်ပြေးလာလို့ ဒီအထိ ရောက်လာကြောင်း ငိုယိုပြီးပြောလာခဲ့တာကြောင့် ဆိုင်ဝန်ထမ်းတွေကို သက်ဆိုင်ရာဆီ ချက်ချင်းအကြောင်းကြားစေခဲ့ပါတယ်။

READ
ကိုယ့်စံချိန်ကို ဖျက်ပြီး စံချိန်အသစ်ကိုပါ ထပ်တင်လိုက်တဲ့ GOT စတား လူသန်ကြီး
Twitter-@poldrenthe
Twitter-@poldrenthe

ရဲတွေရောက်လာတဲ့အခါမှာတော့ စစ်ဆေးမေးမြန်းခဲ့ပြီး လူငယ်အမျိုးသားကို လမ်းပြခိုင်းကာ သူပြောတဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ အိမ်ဟာ တော်တော်လေးခေါင်ခိုက်တဲ့နေရာမျိုးမှာ တည်ရှိနေပြီး လယ်ယာမြေအကျယ်ကြီးမှာ အိမ်လေးတစ်လုံးသီးသန့်လေးရှိနေတာပါ။ ခြံထဲမှာ အမျိုးသားတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ လူငယ်အမျိုးသားလေးပြောပုံအရဆိုရင်တော့ ဖခင်ဟာ ကမ္ဘာပျက်ခါနီးဖြစ်နေတာကြောင့် သူတို့ကို တစ်စုတစ်စည်းတည်း အဆုံးသတ်ကို အံတုနိုင်ဖို့ဆိုကာ အိမ်ရဲ့ခြေအောက်ခန်းထဲမှာ ထည့်ထားခဲ့တာ ၉ နှစ်နီးပါးရှိနေပါပြီတဲ့။  ၉ နှစ်လုံးလုံး အပြင်မထွက်ရဘဲနဲ့အဲဒီမြေတိုက်ခန်းထဲမှာပဲ နေနေခဲ့တာတာပါတဲ့။ ကျောင်းလည်းမသွားရ၊ သူငယ်ချင်းလည်းမရှိနဲ့။ ဘေးအိမ်တွေကတောင်မှ အဲဒီအိမ်မှာ အမျိုးသားတစ်ယောက်တည်းကိုပဲ ခြံထဲဆင်း၊ တိရိစ္ဆာန်တွေအစာကျွေး၊ လယ်လုပ်၊ အပြင်သွားနဲ့ မြင်တွေ့ခဲ့တာတာဖြစ်ကြောင်း၊ ကလေးတွေရှိနေတယ်ဆိုတာ လုံးဝမသိခဲ့ရဘူးဆိုပြီး ထွက်ဆိုခဲ့တာကြောင့် သတင်းအမှားလားဆိုပြီးတောင် ထင်မှတ်ခဲ့တာပါ။

ရဲတွေအိမ်ထဲဝင်ရှာတဲ့အခါမှာလည်း အိမ်တစ်အိမ်လုံးဟာ ရှင်းလင်းလို့၊ ခြံထဲမှာတွေ့ရတဲ့အမျိုးသားက လွဲပြီး တခြားဘယ်သူမှမနေတဲ့ပုံစံမျိုးနဲ့ပါတဲ့။ ဒါပေမဲ့ ဧည့်ခန်းထဲက ဘီရိုရဲ့အနောက်မှာတော့ ဝှက်တံခါးတစ်ချပ်ကိုတွေ့ခဲ့ရတာကြောင့် ဖွင့်လိုက်တဲ့အခါမှာတော့ မြေအောက်ခန်းဆီကို ဦးတည်သွားခဲ့ပြီး အခန်းထဲမှာတော့ ကလေးနဲ့လူငယ် ၅ ယောက်ကိုတွေ့ခဲ့ရပါတယ်။ ဘားဆိုင်ထဲပြေးဝင်လာခဲ့တဲ့ အမျိုးသားထွက်ဆိုချက်ဟာ မှန်ကန်နေတာကြောင့်ပဲ ဖခင်ဆိုသူ အသက် ၅၈ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ စစ်ဆေးဆဲမလို့ ထုတ်ပြန်လို့မရသေးကြောင့် ရဲဌာနကနေထုတ်ပြန်ခဲ့ပါတော့တယ်။
Penny

SHARE