ကင်ဆာရောဂါကို မချိမဆန့်ခံစားနေရတဲ့ သမီးငယ်လေးရဲ့ ရင်နင့်ဖွယ်ရာ ဓာတ်ပုံများ

အသက်လေးနှစ်သာ ရှိသေးတဲ့ သမီးငယ်လေး Jessica Whelan ဟာ လူပြည်မှာ ရက်သတ္တပတ်လောက်သာ နေခွင့်ရှိ
တော့တဲ့ ကလေးမလေးဖြစ်ပါတယ်။ Jessica ဟာ Childhood cancer သို့မဟုတ် Pediatric Cancer ရောဂါကို ခံစားနေခဲ့ရပြီး အသက်ရှင်ဖို့ ရက်ပိုင်းက သိပ်မကျန်တော့ပါဘူး။

သူရဲ့ နောက်ဆုံးဓာတ်ပုံတွေကို လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့သူက ဖခင် Andy Whelan ဖြစ်ပြီး၊ ကလေးရှိတဲ့ မိဘတိုင်း မိမိတို့ သားသမီးကို ကြိုတင်သတိထား ကာကွယ်နိုင်ဖို့၊ ကလေးငယ်တစ်ယောက် သေအံ့မူးမူးအချိန်မှာ မိဘတွေကလည်း ဘာမှ ထိရောက်တဲ့ အကူအညီမပေးနိုင်ဘဲ လက်မှိုင်ချနေရတဲ့ ဘ၀ကို မြင်အောင်ကြည့်နိုင်ဖို့အတွက် မျှဝေခြင်း ဖြစ်တယ်
လို့ ဆိုပါတယ်။

Andy က ” ကျွန်တော့်သူမီးလေဟာ Childhood cancer (True Face of cancer) ကို ခံစားနေရပါတယ် … အတွင်းထဲမှာ ရှိတဲ့ သွေးပြန်ကြောတွေဟာ အရေးပြားအပြင်ကို ငေါထွက်နေပြီး လည်းပင်းဘက်ပိုင်းမှာဆို အပြင်ကို ပေါက်ထွက်မတတ်ပါဘဲ … သူရဲ့ မျက်နှာမှာ နာကျင်မှုကို ဘယ်လောက် အံကြိတ်ခံနေတယ်ဆိုတာ မြင်ရမှာပါ “လို့ ပြောခဲ့ပါတယ်။

READ
မီလီယံရာနဲ့ချီပြီး ထီပေါက်သော်လည်း မိန်းမနဲ့ ပြန်ပေါင်းထုတ်မရခဲ့တဲ့ သနားစဖွယ်အမျိုးသား

Andy က သူရဲ့ Facebook မှာလည်း ” ဒီပုံတွေဟာ မိဘတွေက သားသမီးရဲ့ အခြေအနေဆိုးကို ဘာမှ လုပ်မပေးနိုင်ဘဲ လက်ပိုက်ကြည့်နေရတဲ့ အချိန်ကလေးမှာ ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေပါ …. သူမဟာ အခံရအလွန်ဆိုးလှတဲ့ အခြေအနေကို
ပျောက်လိုပျောက်ငြား တွန်းထုတ်နေရှာပါတယ် “လို့ ရေသားခဲ့ပါတယ်။

Jessica ဟာ အသက် 13 လအရွယ်ကတည်းက စပြီး ကင်ဆာရောဂါအဆင့် 4 Neuroblastoma ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေကနေ ဘယ်လိုမှ နာလန်မထူနိုင်တော့တဲ့ သမီးလေးကို မိဘနှစ်ဦးဖြစ်တဲ့ Andy နဲ့ Nicki Pendergast
တို့ဟာ ဆရာဝန်တွေရဲ့ အကြံပြုချက်နဲ့အတူ ဆေးကုသမှု ဖြတ်တောက်လိုက်ရပါတယ်။

Andy တင်ခဲ့တဲ့ ဓာတ်ပုံတွေကို ကမ္ဘာကျော်ပေါ့အဆိုတော့ Harry Styles ကလည်း သိရှိခဲ့ပြီး သမီးလေးအတွက် ဆုမွန်
ကောင်းတွေ တောင်းပေးခဲ့ပါတယ်။ ဒါ့အပြင် One Direction ကလည်း ဖုန်းနဲ့ မိဘနှစ်ဦးဆီကို ဆက်သွယ်ခဲ့ပြီး ကလေးအတွက် မေတ္တာလက်ဆောင်အဖြစ် သီးသန့် အသံသွင်းပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

READ
ဧရာမဂြိုဟ်သိမ်ကြီးတစ်ခု၊ ကမ္ဘာမြေဆီ အရှိန်ပြင်းစွာ ဦးတည်လာနေကြောင်း ပညာရှင်တွေ ဖွင့်ဟ

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE