နှစ်ချို့ဝိုင်နဲ့တူတယ်လို့ တင်စားခံနေရတဲ့ အွန်လိုင်းပေါ်က ကလေး(၄) ယောက်ဖခင်

courosa

ဝိုင်တွေဟာ နှစ်ကြာလေ ပိုအရည်အသွေးကောင်းလေ ပိုတန်ဖိုးကြီးလေပါပဲ။ အချို့လူတွေဟာလည်း နှစ်ချို့ဝိုင်တွေလိုပဲ အသက်ကြီးလာလေလေ ပိုပြီးရင့်ကျက် ပိုပြီးအဖိုးတန်လာလေလေပါပဲ။ ဒါက မျိုးရိုးဗီဇနဲ့ဆိုင်သလို နေ့စဉ်လူနေမှူဘ၀ပုံစံနဲ့လည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်ပါတယ်။ ဥပမာဆိုရရင် boredpanda အွန်လိုင်းသတင်းစာမျက်နှာမှာ ဖတ်လိုက်ရတဲ့ ဒေါက်တာ အဲလက်ခ်ခူးရို့စ်လို လူမျိုးပါ။ ဒေါက်တာ အဲလက်ခ်ဟာ ကနေဒါမှာရှိတဲ့ ရီဂျီနာတက္ကသိုလ်က ပညာရေးဆိုင်ရာနည်းပညာဘက်မှာ ပရော်ဖက်ဆာတစ်ယောက်အဖြစ် အလုပ်လုပ်နေပါတယ်။

သူက လွန်ခဲ့တဲ့ (၂၀၀၇) ခုနှစ်ကစပြီး သမီးဖြစ်သူနဲ့အတူ လက်ပ်တော့ပ်ကို ပေါင်ပေါ်တင်ပြီး ဆိုဖာပေါ်အတူယှဉ်တွဲထိုင်နေတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။ သမီးဖြစ်သူက တဖြည်းဖြည်း ကြီးပြင်းလာတာနဲ့အတူ ဒေါက်တာ အဲလက်ခ်ဟာလည်း တဖြည်းဖြည်း ပြောင်းလဲလာတာကို သတိပြုမိမှာပါ။ အသက်ကြီးလာလေလေ ဒေါက်တာအဲလက်ခ်ကို ကြည့်ရတာ ပိုရင့်ကျက်လာပြီး ပိုပြီးယောက်ျားပီသလာသလိုပါပဲ။ ဒေါက်တာ အဲလက်ခ်က အခုဆိုရင် အသက်(၄၈) နှစ်ရှိပါပြီ။ ဒါပေမယ့် သူက အရင်တုန်းကထက် ပိုငယ်ရွယ်တဲ့ပုံပေါက်နေသလို ပိုတက်ကြွဟန်ပေါ်တာ၊ ပိုပြီးကြည့်ကောင်း ချောမောလာတာကိုလည်း တွေ့ရပါသေးတယ်။

၂၀၀၇

courosa

၂၀၁၄

courosa

၂၀၁၉

courosa

ဒေါက်တာ အဲလက်ခ်က သားသမီး () ယောက်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ သူ့ကလေးတွေက အသက်() နှစ်ကနေ (၁၅) နှစ်အတွင်း အသီးသီးရှိကြပါတယ်။ အောက်မှာတော့ (၂၀၀၇) နှစ်ကနေ (၂၀၁၉) ခုနှစ်အတွင်း တွေ့ရတဲ့ ဒေါက်တာအဲလက်ခ်ရဲ့ ဓာတ်ပုံတွေပါပဲ။ သူ့ရဲ့ အရွယ်တင်နုပျိုရတဲ့အကြောင်းရင်းကို မေးမြန်းတဲ့အခါမှာတော့ ဒေါက်တာက သူက လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်တယ်၊ သမမျှတတဲ့အာဟာရစားတယ်၊ အတတ်နိုင်ဆုံး စိတ်ဖိစီးမှူကို လျော့ချတယ်၊ ဒီလောက်ပါပဲလို့ သူက ရှင်းပြပါတယ်။

instagram/courosa

ကျွန်တော့်ပုံတွေ ကျွန်တော်ပြန်ကြည့်တာတော့ နောက်ပိုင်းရိုက်တဲ့ပုံတွေက ပိုတောင်ကောင်းနေသလိုပဲဗျ။ ဖြစ်နိုင်တာကတော့ ကျွန်တော့်ရဲ့ လူနေမှူပုံစံကို ပြောင်းလိုက်လို့ ဖြစ်မယ်။ ကျွန်တော်က gym ကို ကျွန်တော် အလုပ်အားရင် အားသလို တစ်ပတ် ၄ကြိမ် ကနေ ၇ကြိမ်လောက်အထိ သွားတယ်။ အစားအသောက်ကိုလည်း အရင်ကထက် ပိုဂရုစိုက်စားတာလည်း ပါမယ်ပေါ့။ ကစီဓာတ်များတဲ့ဟာတွေဆို ကျွန်တော်ရှောင်တာများတယ်။ ပရိုတိန်းနဲ့ ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့အဆီဖြစ်တယ်ဆိုရင်တော့ စားတာပါပဲ။ နောက်တစ်ခုက ကျွန်တော် စိတ်ဖိစီးမှူဖြစ်လာရင် အမြန်ဆုံးလျော့ချဖို့ ကြိုးစားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က စိတ်ဖိစီးမှူဖြစ်ရင် ပိုစားတတ်တယ်ဗျ။ ဒါကြောင့် ကိုယ့်ကိုကိုယ် အလွန်အကျွံမဖြစ်အောင် အမြဲထိန်းပါတယ်…” လို့လည်း ပြောပြခဲ့ပါတယ်။

instagram/courosa

ဒေါက်တာ အဲလက်ခ်ဟာ မိသားစုအပေါ်မှာ အရမ်းခင်တွယ်တဲ့ ဖခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ သားသမီးနဲ့ မိဘတွေကြားက အဓိကလိုအပ်ချက်ဟာ အချိတ်အဆက်မိဖို့ပဲလို့လည်း ဆိုပါတယ်။ ဆိုလိုတာကတော့ ကလေးတွေနဲ့ စကားပြော၊ ကလေးတွေရဲ့ ခံစားချက်တွေကို အမြဲတမ်းသိအောင် ကြိုးစားဖို့နဲ့ ခေတ်နဲ့မျက်ခြေမပြတ်ရှိဖို့ပဲလို့လည်း ဒေါက်တာက သူ့အမြင်ကို ပြောသွားပါသေးတယ်။

အောက်မှာတွေ့ရမှာကတော့ ဒေါက်တာ အဲလက်ခ်က တဖြည်းဖြည်း ပြောင်းလဲလာတဲ့ သူ့သားသမီးလေးတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်က လူတွေကတော့ အသက်ကြီးလာလေလေ ပိုအရွယ်တင်ပြီး နုလာလေလေဖြစ်နေတဲ့ ဒေါက်တာ အဲလက်ခ်ရဲ့ရုပ်ရည်ကို တအံ့တသြဖြစ်နေကြကြောင်း သိရပါတယ်။

instagram/courosa

လင်းလင်း (ShweMom)

SHARE