သမီးကိုအပြစ်ပေးရင်းနဲ့ Instagram မှာ ဆယ်လီဖြစ်သွားခဲ့တဲ့ ဖင်တစ်ယောက်အကြောင်း

Instagram- @madelynn.ellagrace

ကျွန်တော်ကတော့ အနောက်နိုင်ငံတွေက မိဘအုပ်ထိန်းမှုတွေကို သဘောသိပ်ကျတာပဲ။ အာရှနိုင်ငံတွေမှာတော့ မိဘတွေက သားသမီးတွေကို ဆုံးမတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုက်နှက်တာလို ရုပ်ပိုင်းဆိုင်ရာ နာကျဉ်စေမှုတွေ၊ နင်အသုံးမကျဘူးတို့ တခြားတစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်ပြီး ပြောဆိုမှုတွေလေို စိတ်ပိုင်းဆိုင်ရာ နာကျဉ်စေမှုတွေ အမြဲတမ်းပြုလုပ်နေလေ့ရှိကြပါတယ်။

အနောက်နိုင်ငံက မိဘတွေကတော့ အဲဒီလိုမဟုတ်ဘူး။ ကလေးသေးသေးလေးကတည်းကိုက ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ ကြိမ်းမောင်းခြင်း လက်ပါခြင်းမရှိဘဲ နားလည်အောင် ပြောတာမျိုး၊ ဆုပေးဒဏ်ပေးစနစ်နဲ့ ပဲ့ပြင်တာမျိုးစသဖြင့် အုပ်ထိန်းလေ့ရှိတတ်ပါတယ်။ အခုလည်း Bored Panda မှာ ဖခင်တစ်ယောက်ရဲ့ ချစ်ဖို့ကောင်းတဲ့ အပြစ်ပေးနည်းလေးတစ်ခုကို သွားတွေ့ခဲ့တယ်။

 

Instagram- @madelynn.ellagrace

ဖြစ်ပုံကဒီလို။ Larry Sumpter ဟာ သမီးဖြစ်သူ သူငယ်ချင်းအိမ်မှာ သွားအိပ်မယ်ဆိုလို့ ခွင့်ပြုခဲ့ပါတယ်။ မိန်းကလေးတွေချည်းပဲ၊ နောက် သွားအိပ်မယ့်အိမ်မှာလည်း မိဘအုပ်ထိန်းသူတွေရှိနေတယ်ဆိုတော့လေ။ ဒါပေမဲ့ အဲဒီ ၁၅ နှစ်သမီးလေးက သူတို့အိပ်တဲ့အခန်းထဲ ယောက်ျားလေးသူငယ်ချင်းတွေင်လို့ရအောင် ကူညီပေးသတဲ့လေ။ အဲဒီအိမ်က အုပ်ထိန်းသူတွေက သိလည်းသိရော ကလေးတွေအားလုံးရဲ့မိဘတွေကို တိုင်ခဲ့တဲ့အတွက် Larry တို့လည်း သိခဲ့တာပါ။

ဒီကိစ္စဟာ မြန်မာပြည်မှာဆိုရင်တော့ ကြိမ်လုံးစာမိရင်မိ၊ မမိရင် ပြစ်ပြစ်နှစ်နှစ်အပြောခံရမယ့် လုပ်ရပ်တစ်ခုပါပဲ။ ဒါပေမဲ့ Larry ကတော့ သမီးဖြစ်သူကို အခုလိုပဲ အေးအေးဆေးဆေးနဲ့ အပြစ်ပေးခဲ့ပါတယ်တဲ့လေ။ စစချင်းတော့ သမီးကို မိန်းကလေးနဲ့ယောက်ျားလေးတွေဟာ အရွယ်ရောက်ပြီးတဲ့အချိန်မှာ ဒီလိုမနေသင့်တော့ကြောင်း စသဖြင့် နားဝင်အောင် ဆုံးမခဲ့ပါတယ်။

READ
ညစာကိုပြီးအောင်မစားတဲ့ သမီးကို ခေါင်း၊ ခန္ဓာကိုယ်အနှံ့ ခါးပတ်နဲ့ပြင်းထန်းစွာ ရိုက်တဲ့ဖခင်

နောက်မှာတော့ အပြစ်ပေးတဲ့အနေနဲ့ ဖုန်းကို သိမ်းခဲ့ပါတယ်တဲ့လေ။ ယနေ့ခေတ်ဆယ်ကျော်သက်တွေအတွက် ဖုန်းနဲ့ အင်တာနက်ဟာ ၁ နာရီလောက်တောင် ခွဲခြားပြီး ထားလို့မရမှန်း Larry သိနေခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး သမီးဖြစ်သူရဲ့ ဖုန်း ၁ လတိတိ မသုံးဘဲနေမလား၊ ဒါမှမဟုတ် ဖုန်းကို ၂ ပတ်တိတိ အသိမ်းခံပြီး Instagram account ကိုပါ ပေးသုံးမလားဆိုပြီး ရွေးချယ်ခိုင်းခဲ့ပါတယ်။ လိုဆယ်ကျော်သက်အရွယ်တွေဆိုတာ မိဘတွေကို သူတို့ဖုန်းတွေပေးကိုင်ချင်ကြတာမဟုတ်ဘူးလေ။ သိပ် လျှို့ဝှက်ချက်များလွန်းတဲ့အရွယ်ပေါ့။ အထူးသဖြင့် ဖုန်းထဲက လူမှုကွန်ယက်တွေပါပဲ။ မိဘတွေကြည့်မှာဆိုးလို့တောင် တစ်ခါတစ်လေကျရင် block ထားတတ်ကြတယ်လေ။ ဒါပေမဲ့လည်း သမီးဖြစ်သူက ၂ ပတ်ကိုရွေးချယ်ခဲ့ပါတယ်တဲ့။

Larry တစ်ယောက် သမီးရဲ့ချက်ကောင်းကို ကိုင်လိုက်နိုင်တယ်လို့ ဆိုရမှာပါပဲ။ ဒါကြောင့် Larry ဟာ သမီးရဲ့ ဖုန်းကို ၂ ပတ်တိတိ သိမ်းထားတဲ့အပြင်ကိုမှ သမီးဖြစ်သူရဲ့ Instagram account ကိုပါ အပိုင်သိမ်းခဲ့ပါတော့တယ်။ အပိုင်သိမ်းပြီး တစ်ပတ်လုံး သူတင်ချင်ရာတွေလျှောက်တင်သတဲ့။ ဥပမာ ဒီလို ပုံမျိုးတွေပေါ့။ ဒါကတော့ သမီးဖြစ်သူ Maddi ရဲ့ဖုန်းကို သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ဒါကြောင့် ဖုန်းအပြင် Instagram ကိုပါ သိမ်းလိုက်ပြီဖြစ်ပြီး ပေါက်ကရပုံတွေတင်တော့မှာမလို့ ပြင်ဆင်ထားကြပါတဲ့လေ။

READ
လက်ထပ်ခွင့်အတောင်းခံရတာကြောင် အိနြေ္ဒမဆယ်နိုင်အောင် ပျော်ရွှင်ခဲ့ရတဲ့အမျိုးသမီး

နောက် Larry က သူ့ပုံတွေကိုလည်း မထင်ရင်မထင်သလို ပေါက်ကရပေါင်းစုံလုပ်ပြီး တင်ခဲ့ပါသေးတယ်။

Instagram- @madelynn.ellagrace
Instagram- @madelynn.ellagrace
Instagram- @madelynn.ellagrace

ဒါကတော့ Larry ပါ။ တကယ်တော့ Larry ဟာ သူ့ရဲ့နဂိုပုံစံကိုက မိသားစုနဲ့ဒီလိုပုံနေတာပါတဲ့နော်။ အပြစ်ပေးတဲ့နည်းလေးကိုက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။

Day 8 of parent takeover and man is it hard keeping up with TikTok! This time I got a little help from mom and little brother! #parentingwin #makebetterchoicesCheck out and subscribe to our YouTube channel for further enjoyment!! Big Family Bigger Fun!https://m.youtube.com/channel/UC2nc62Ms-4nWqzPw1_D7baQ

Posted by Larry Sumpter on Tuesday, November 19, 2019

Penny

SHARE