(၆)နှစ်သမီးလေးနဲ့ အိမ်မွေးခွေးနှစ်ကောင်ကို သတ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ဖခင်

စိတ်ကျရောဂါကို ခံစားနေရတဲ့ အသက် 44 နှစ်အရွယ် Darren Flux-Edmonds လို့ အမည်ရတဲ့ အိမ်ထောင်သည် အမျိုးသားဟာ သူ့ဇနီးဟောင်းဆီကို ထူးဆန်းတဲ့ မက်ဆေ့တစ်စောင်ပို့ပြီး ခြောက်နှစ်အရွယ် သမီးလေးနဲ့၊ အိမ်မွေးခွေးနှစ်ကောင်ကို ရေထဲမှာနှစ်ကာ သတ်ပစ်ခဲ့ပါတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံးခဲ့ပါတယ်။

Darren က ဇနီးဟောင်းဖြစ်တဲ့ Nikki ဆီကို “မင်းက ငါ့အတွက် ဘာမှမချန်ပဲနဲ့ ဝေးရာကိုထွက်သွားတယ် … ဒီတော့ ငါကလည်း မင်းကို အမှတ်တရတွေပဲ ပေးထားခဲ့ရတော့မှာပေါ့ “ဆိုပြီး စာပို့ခဲ့ပါတယ်။ အဲဒီနောက် သမီးငယ်လေး Keziah Flux-Edmonds ကို Isle of Wight (အင်္ဂလန်နိုင်ငံ ပင်လယ်ပြင်ရှိ ကျွန်း/ကျွန်းမြို့တော်)မှာတည်ရှိတဲ့ နေအိမ်မှာပင် လည်ပင်းညှစ် သတ်ခဲ့ပါတယ်။

READ
သားအရင်းကိုလိင်ကိစ္စအတွက် နားပူနားဆာတဲ့မိခင်ကို သားဖြစ်သူက ဓားနဲ့ထိုးသတ်

အဲဒီနောက် ခွေးနှစ်ကောင်ကိုလည်း သတ်ပစ်ခဲ့ပါတယ်။ ဇနီးသည်ဟာ အလုပ်ခွင်ကို ရောက်နေခဲ့ပြီး မက်ဆေ့ရရချင်း ရဲတွေကို အကြောင်းကြားကာ အိမ်ကို အမြန်လိုက်သွားခဲ့ပေမယ့် ကလေးနဲ့ ခွေးတွေရဲ့ အသက်ကိုမကယ်လိုက်နိုင်ခဲ့ပါဘူး။ ခွေးနှစ်ကောင်ဟာ ရေထဲမှာ နှစ်ပြီး အသတ်ခံထားရသလို၊ သမီးငယ်လေးကိုလည်း ရေထဲမှာ နှစ်သတ်ခံပုံပါဘဲ။ ဒါပေမယ့် အသက်မျော့မျော့ကျန်နေဆဲဖြစ်ပါတယ်။

သမီးလေးနဲ့ ခွေးနှစ်ကောင်ရဲ့အလောင်းကို အိမ်ယာပေါ်မှာ ဖက်လျှက်အနေအထားနဲ့ Darren က ပြင်ဆင်ပေးခဲ့ပြီး၊ ၎င်းကိုယ်တိုင်ကတော့ အိမ်ထုတ်တန်းကနေ ကြိုးဆွဲချ သတ်သေခဲ့ပါတယ်။ Darren ကို စိတ်ပိုင်းဆိုင်ရာ ကုသပေးနေတဲ့ ဒေါက်တာက ပြစ်မှုကျူးလွန်သူဟာ ဇနီးနဲ့သမီးကို သတ်ပစ်မိတယ်လို့ အိပ်မက်မက်ကြောင်း ခဏခဏဖွင့်ဟခဲ့တယ်လို့ တရားရုံးမှာ အစစ်ခံခဲ့ပါတယ်။

သမီးလေးကို ဆေးရုံကို အမြန်တင်ပို့ခဲ့ပေမယ့် အခင်းဖြစ်တဲ့ 2016 ခုနှစ် ဇွန်လ 1 ရက်နေ့ ညနေပိုင်းလောက်မှာပင် သေဆုံးသွားခဲ့ပါတယ်။ Nikki က ယခုကိစ္စနဲ့ပတ်သက်ပြီး ” တကယ်တော့ သမီးလေးက ကျွန်မရဲ့ ကမ္ဘာပါဘဲ … အခုတော့ ပျက်သုန်းသွားပါပြီ … သူဟာ တကယ်တော့ ကျွန်မကိုသာ ရက်ရက်စက်စက် လက်စားချေလိုသူပါ … ဒါပေမယ့် အပြစ်မဲ့ကလေးတွေကို ရန်မူသွားခဲ့တာ … “လို့ ပြောခဲ့ပါတယ်။

READ
ရေကူးကန်ထဲမှာ အမျိုးသမီးတွေ၈ဦးရဲ့တင်ပါးကို ဘရိတ်ဓားနဲ့လှီးသူကိုစုံစမ်းနေ

မဒီလေး (Shwemom)

source : thesun.co.uk

SHARE