One Direction ရှိုးပွဲတွေမှာ သားသမီးတွေ နောက်လိုက်ရင်း ဘူနေကြတဲ့ ဖေဖေများ

စတိတ်ရှိုးတွေခေတ်စားလာပြီးနောက်ပိုင်း အရွယ်ရောက်ပြီးသားလူငယ်တွေသာမကဘဲ ဆယ်ကျော်သက်များနဲ့ မြီးကောင်ပေါက်အရွယ်ကလေးများဟာ သူတို့သဘောကျနှစ်ခြိုက်တဲ့ရှိုးတွေကိုကြည့်ဖို့အတွက် အိမ်တွေကနေ ခွင့်တောင်းလာကြပါတယ်။ မိဘတွေဖက်ကလည်း ကိုယ်မွေးထားတဲ့ ရင်သွေးတွေဖြစ်နေတာကြောင့် စတိတ်ရှိုးလိုနေရာကို သူတို့ချည်းလွှတ်လိုက်ရမှာ စိတ်မချတတ်ကြပါဘူး။

ဒါကြောင့် တချို့မိဘတွေကတွေကတော့ သူတို့ပါစောင့်တတ်ကြပါတယ်။ လူကြီးတွေအနေနဲ့ကျပြန်တော့လည်း သားသမီးတွေကို စိတ်မချလို့သာ လိုက်သွားရတယ်၊ လူငယ်ဂီတနဲ့အလှမ်းဝေးပြီး ဆူညံနေတဲ့ ပွဲအတွင်းနေရတာ တကယ့်ကို စိတ်ရှုပ်စရာပါပဲ။

အထူးသဖြင့် ဖခင်တွေဟာ မိခင်များထက်ပိုပြီး စိတ်ညစ်ညူးတတ်ကြပါတယ်။ ကြီးကြီးငယ်ငယ်မိန်းကလေးတိုင်း ကြိုက်တတ်ကြတဲ့ One Direction အဖွဲ့ရဲ့ ရှိုးပွဲတိုင်းလိုလိုမှာတော့ စိတ်ညစ်ညူးနေတတ်တဲ့ ဖခင်အများစုကို တွေ့ရတတ်ပါတယ်။ မှတ်တမ်းတင်မိထားတဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဘာလို့ငါ့မှလဲ…

Sad and Useless

စိတ်တွေညစ်နေပါပြီ

Sad and Useless

သမီးအနားမှာနေဖို့လေ ရှိုးကြည့်ဖို့မှမဟုတ်တာ..

Sad and Useless

ပြီးတော့မယ်ထင်တယ်..

Sad and Useless

မင်းတို့ခေတ်ပဲ..

Sad and Useless

ကဲ.. တစ်ယောက်ယောက်ကတော့ အချိန်ကိုအကြိုးရှိစွာ အသုံးချနေပါတယ်

Sad and Useless

မင်းကရောဘာကြည့်တာလဲ

Sad and Useless

ဒီလိုအခြေအနေမျိုးဖြစ်အောင် ဘာလို့လုပ်တာလဲ

READ
နေရာမရွေး အိပ်ငိုက်တတ်သူများ ကံမကောင်းရင် ဒီလို ဆေးထိုးခံရနိုင်တယ်နော်.....
Sad and Useless

နောက်ဘယ်တော့မှမလိုက်တော့ဘူး.. ဘယ်တော့မှ..

Sad and Useless

ဘုရားရေ.. တခြားနေရာကို အခုချက်ချင်းပို့ပေးပါလား

Sad and Useless
Penny (ShweMom)
Ref : awkward.com
SHARE