နို့ချိုမတိုက်ကျွေးနိုင်တဲ့ ဇနီးသည်ကိုယ်စား မွေးကင်းစ ရင်သွေးလေးကို နို့တိုက်ကျွေးခဲ့တဲ့ ဖခင်

အမေရိကန် ၀င်ကွန်စင်ပြည်နယ်က ဖခင်တစ်ဦးဟာ ရင်သွေးငယ်ကို သဘာဝအတိုင်းသာ နို့ချိုတိုက်ကျွေးနိုင်တယ်ဆိုတဲ့ အယူအဆကို ပယ်ဖျက်လိုက်ပါပြီ။ မက်ဆာမစ်လီယံ အမည်ရတဲ့ ထိုအမျိုးသားဟာ မကြာသေးခင်ကမှ မွေးကင်းစရင်သွေး သမီးကလေးကို ကိုယ်တိုင် နို့တိုက်ကျွေးနေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲက မစ်ဆာမစ်လီယံရဲ့ အပြုအမူတွေဟာ ဖခင်ကောင်းတစ်ယောက်ဆိုတာ သက်သေပြလျက် ရှိနေပါတယ်။

Maxamillian Kendall Neubauer

မက်ဆာမစ်လီယံဟာ ယာယီနို့ချိုတိုက်ကျွေးတဲ့ စနစ် Supplemental Nursing System (SNS) နဲ့ သမီးငယ်လေးကို နို့တိုက်ခဲ့တာ ဖြစ်ပါတယ်။ မစ်ဆာမစ်လီယံရဲ့ ဇနီးဖြစ်တဲ့ ဧပရယ်ဟာ ကလေးကို ခွဲစိတ်မွေးခဲ့ပြီး ပြဿနာအနည်းငယ် ရှိခဲ့တာကြောင့် ချက်ခြင်းနို့မတိုက် နိုင်ခဲ့ပါဘူး။

Medela

Door County Medical စင်တာက သူနာပြုတစ်ဦးကတော့ အရင်တုန်းက ကလေးကို ကလေးအမေ နို့တိုက်လို့မရတော့ ကလေးအဖေတွေကို ဒီစနစ်နဲ့ကလေးနို့တိုက်ဖို့ပြောတာ ဘယ်သူမှမစမ်းကြည့်ကြကြောင်း ပြောပြပါတယ်။ ဒါပေမယ့် မစ်ဆာမစ်လီယံကတော့ အခြားဖခင်တွေလို မဟုတ်ပဲ လိုလိုလားလားနဲ့ SNS နည်းနဲ့ ကလေးနို့တိုက်ဖို့ လက်ခံခဲ့ကြောင်းသိရပါတယ်။

READ
နှင်းတောင်တန်းတွေပေါ်မှ ဝက်ဝံပေါက်လေးတစ်ကောင်က ပေးသွားတဲ့ ဘဝသင်ခန်းစာ
Maxamillian Kendall Neubauer

မိခင်နို့ရည် ပညာရှင်တစ်ဦးဖြစ်တဲ့ ဘက်တီအိပ်ခ်ျ ဂရင်းမန်းက SNS စနစ်မှာ ကလေးနို့စို့နိုင်တဲ့ ပြွန်တစ်ခုပါဝင်ကြောင်း ရှင်းပြပါတယ်။ မိခင်က နို့မတိုက်နိုင်တဲ့ အခြေအနေမျိုးမှာ ဖခင်က ရင်သွေးငယ်ကို ယုယုယယ ထွေးပိုက်ပြီး နို့တိုက်တာက ကလေးနဲ့မိဘကြားမှာ ရင်းနှီးမှု ပိုစေတယ်လို့ သိရပါတယ်။

Maxamillian Kendall Neubauer

လူတွေက အမြဲတမ်းတွေးကြတာက နို့ချိုတိုက်ကျွေးတာကို အမျိုးသမီးတွေသာ လုပ်နိုင်လိမ့်မယ်လို့ ယူဆကြပြီး အမျိုးသားတွေရဲ့ အခုလို ပံ့ပိုးနိုင်မှုကို မေ့လျော့နေကြပါတယ်။ အမျိုးသားအများစုက ကလေးနို့တိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ရှက်ရွံ့ကောင်း ရှက်ရွံနိုင်ပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် နို့တိုက်လို့ အဆင်မပြေတဲ့ ဇနီးသည်ကို ကူညီငဲ့ညှာရာ ရောက်တဲ့အပြင် ရင်သွေးကိုလဲ ကိုယ်တိုင်ထွေးပိုက်ထားရင်း မိခင်နေရာကို အစားထိုး ခံစားနိုင်တာကြောင့် အတွေ့အကြုံကောင်းတစ်ခုလို့ ဆိုထိုက်ပါတယ်။

READ
အကျည်းတန်တဲ့ အမာရွတ်အမှတ်အသားတွေကို တက်တူးအဖြစ် ပြောင်းလဲလိုက်တဲ့အခါ....

လင်းလင်း (ShweMom)

Ref: thisisinsider

SHARE