လက်ရှိဘ၀ကို ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်တဲ့ နေ့စဉ်အလေ့အကျင့်များ

ကိုယ့်ကိုကိုယ် ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲ၊ အသက်ရှည်ကျန်းမာအောင် အမူအကျင့်နဲ့ နည်းစနစ်တွေကို ယနေ့ခေတ်မှာ လူတွေသိလာကြပါပြီ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေ ပြောပုံအရတော့ နေ့စဉ်အမူအကျင့်လေး (၄) မျိုးကို ပြုပြင်ပြောင်းလဲပေးရုံနဲ့ ဘ၀ဟာ နေလို့ ထိုင်လို့ ပိုကောင်းသွားမယ်လို့ ဆိုပါတယ်။ ဒီအမူအကျင့်(၄) မျိုးဟာ ကျန်းမာရေးကို တိုးတက်စေတဲ့အပြင် စိတ်ခံစားမှုကိုပါ ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေကြောင်း အွန်လိုင်းစာမျက်နှာတစ်ခုဖြစ်တဲ့ curiosity အရ သိရပါတယ်။

တရားထိုင်ခြင်း

shutterstock

လေ့လာချက်တစ်ခုက ဘာပြောထားသလဲဆိုရင် တရားထိုင်ခြင်းဟာ လူသားတွေအတွက် အကျိုးရှိကြောင်း ဆိုပါတယ်။ ရက်သတ္တပတ်(၆) ပတ်တာ တရားထိုင်ပြီးသူတွေကို လေ့လာကြည့်လိုက်တဲ့အခါမှာတော့ ထိုသူတွေဟာ စိတ်အတက်အကျမြန်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ဓာတ်ကျတာ၊ ညဘက်အိပ်မပျော်တာတွေ ဖြစ်တာ နည်းသွားကြောင်း တွေ့ရပါတယ်။ အရေးအကြီးဆုံးကတော့ နေ့တိုင်းပုံမှန် တရားထိုင်ဖြစ်ဖို့ပါပဲ။ မနက်ပိုင်းပဲဖြစ်ဖြစ်၊ ညပိုင်းပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေတဲ့အချိန်ရွေးပြီး တိတ်ဆိတ်တဲ့နေရာလေးမှာ အသက်ရှူ၊သွင်းကာ တရားထိုင်နိုင်ပါတယ်။

မတ်တပ်ရပ်ခြင်း

shutterstock

တချိန်လုံးရုံးမှာ အညောင်းထိုင်ပြီး နေထိုင်ရသူတွေဟာ စောစီးစွာသေဆုံးနိုင်ခြေ ပိုများပါတယ်။ အညောင်းထိုင်ရသူတွေဟာ အချိန်တစ်နာရီကြာတိုင်း (၂) မိနစ်လောက် လမ်းထလျှောက်ခြင်းက စောစီးစွာ သေဆုံးရန် (၃၃)ရာခိုင်နှုန်း ကျဆင်းစေတယ်လို့ လေ့လာချက်တစ်ရပ်ကဆိုပါတယ်။ ဒါကြောင့် အညောင်းထိုင်ရသူတွေအနေနဲ့ မကြာခဏ မတ်တပ်ရပ်ပေးသင့်ပါတယ်။ တစ်နေ့ကို ထိုင်ခုံမှာ (၈) နာရီကြာ ထိုင်ခြင်းဟာ သွေးတိုး၊ ဆီးချိုတို့နဲ့ ဆက်စပ်နေတဲ့အပြင် ကိုလက်စထရောပမာဏ အတက်အကျနဲ့ပါ သက်ဆိုင်နေပါတယ်။

READ
ကျန်းမာတဲ့ပန်ကရိယပိုင်ဆိုင်ဖို့ မှီဝဲသင့်တဲ့အစားအသောက်များ

နေ့တိုင်း မနက်စာကို တစ်မျိုးတည်း စားသုံးခြင်း

shutterstock

အာဟာရပညာရှင်တစ်ယောက် ပြောပြထားပုံအရတော့ အမျှင်ဓာတ်များများပါတဲ့ အုတ်အနှံကို အဆီထုတ်ပြီးနို့နဲ့ စားသုံးခြင်း၊ အသီးအနှံစားခြင်းတို့ဟာ မနက်စာအတွက် ကောင်းမွန်တယ်လို့ သိရပါတယ်။ လူတွေဟာ နေ့စဉ်နေ့တိုင်း ဆုံးဖြတ်ချက်ပေါင်း (၃၅,၀၀၀) ကို ချမှတ်ကြောင်း သိပ္ပံပညာက ဆိုပါတယ်။ ဆုံးဖြတ်ချက်ချက်ရတာတွေ များတဲ့အခါ အားအင်ကုန်ခမ်းလွယ်တာကြောင့် တကယ်တမ်း အရေးကြီး ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ ကောင်းကောင်းအာရုံမစိုကနိုင်တော့ပါဘူး။ ဒါကြောင့် မနက်စာစားတာလို ပေါင်မုန့်စားရမလား၊ ခေါက်ဆွဲစားရမလား စတဲ့ သိပ်အရေးမကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပြီး စွမ်းအင်တွေကို မဖြုန်းတီးသင့်ဘူးလို့ သိရပါတယ်။

အိပ်ရာမ၀င်ခင် အီလက်ထရောနစ်ပစ္စည်းတွေ အသုံးမပြုခြင်း

shutterstock

ညဘက်အိပ်ရေး၀၀အိပ်တဲ့အခါမှ မနက်ရောက်တဲ့အခါ အလုပ်လုပ်ဖို့ စွမ်းအင်ပြည့်ဝနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ညဘက်မှာ လုံလောက်ပြည့်ဝတဲ့ အိပ်စက်မှုရဖို့ဟာ အရေးအကြီးဆုံးပါ။ တကယ်လို့ စာဖတ်သူဟာ အိပ်ရာဝင်တော့မယ်ဆိုရင် အိပ်ရာမ၀င်ခင် မိနစ်(၃၀) အလိုလောက်မှာကတည်းက စမတ်ဖုန်း၊တက်ဘလက်၊ ကွန်ပြူတာစတဲ့ ဘာပစ္စည်းမှ မသုံးတော့ပါနဲ့။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီအီလက်ထရောနစ်ပစ္စည်းတွေဆီကနေ အပြာရောင်အလင်း ထွက်ပါတယ်။

READ
ဝိုင်တစ်နေ့တစ်ခွက်သောက်ခြင်းက အိုမင်းမှုကိုနှေးကွေစေကြောင်းတွေ့ရှိ

အဲဒီအလင်းဟာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ မယ်လတိုနင်ဟော်မုန်းကို ထွက်မလာအောင် ပိတ်ဆို့လိုက်ပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ လူ့ဦးနှောက်နဲ့ ခန္ဓာကိုယ်ဟာ လုပ်ဆောင်မှုတွေ လွဲချော်လာတာကြောင့် အိပ်တဲ့အခါ အနှောင့်အယှက်ဖြစ်လာပါတယ်။ ညပိုင်းအိပ်ချိန်မှာ မအိပ်ပဲ ကာလကြာရှည် ၄င်းအီလက်ထရောနစ်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် မယ်လတိုနင်ဟော်မုန်းဟာ ပိတ်ဆို့ထားခံရတာကြောင့် ရင်သားနဲ့ အူမကြီးကင်ဆာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် မယ်လတိုနင်ကို သူ့အလုပ်သူလုပ်စေအောင်၊ ဦးနှောက်နဲ့ မျက်လုံးကိုလည်း အနားပေးရာရောက်အောင် အီလက်ထရောနစ်ပစ္စည်းတွေကို အိပ်ရာမ၀င်ခင် အသုံးမပြုတာ အကောင်းဆုံးပါပဲ။

လင်းလင်း (ShweMom)

SHARE