စိတ်ဝင်စားစရာ ကောင်းတဲ့ ဂျပန် ရှေးဟောင်း သစ်တောနည်းပညာ Daisugi အ ကြောင်း

Image:twitter/Wrath of Gnon

သစ်တော သစ်ပင်တွေ အ ကြောင်းကို စိတ်ဝင်စားသူတွေ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ဂျပန် သစ် တော နည်းပညာ တစ်ခုရဲ့ အ ကြောင်းကို ဝေမျှ ပေးချင်ပါတယ်။ဒီပညာရဲ့ အ ကြောင်းကိုတော့ odditycentral မှာ ဖော်ကြ ထားတာပါ။အခုမှ ပေါ်တဲ့ နည်းပညာ တော့ မဟုတ်ပါဘူး။Daisugi ဆိုတာက တော့ ဂျပန် နိုင်ငံရဲ့ ရှေး ဟောင်း သစ်တော နည်းပညာ တစ်ခုပါ။သစ်ပင် တစ်ပင် ပေါ် မှာ အပင် များစွာ ထပ် ပေါက်၊ ထပ်ပွား လာ တဲ့  နည်းပညာ လို့ အလွယ်တကူ သတ်မှတ်လို့ရပါတယ်။

Image:Fb/French Riviera Gardener

လွန်ခဲ့တဲ့ (၁၄)ရာစု လောက် တုန်းက Kitayama ဆိုတဲ့ သစ်ကတိုး တောင်တမာ အပင်တွေကို စိုက် ပျိုး ဖို့ ခွင့်ည ပြု ခဲ့ပါတယ်။Daisugi နည်းပညာနဲ့ စိုက်ပျိုး ခဲ့တာပါ။မြေ နေရာ ယူတာ က တော့ တော် တော် လေး ကို နည်း သွားပါတယ်။ဒီနည်းပညာက ဂျပန် ရဲ့ နာမည်ကြီးတဲ့ Bonsai နဲ့  ဆင်ပါတယ်။သူ့မှာ တော့ အဓိက က မိခင် သစ်  ပင် နဲ့ အဲ့ဒီ ကမှ အစွယ် အပွား တိုးလာ တဲ့ အပင် တွေ ဆိုပြီး သတ်မှတ် လို့ရပါတယ်။ပုံမှာပြ ထားတဲ့ အတိုင်းပဲ မူလ မိခင် သစ်ပင် ပေါ် မှာပဲ တည့်တည့် မတ် မတ် ပေါက် ကြတာပါ။

READ
ပင့်ကူရာပေါင်းများစွာကို မိုးရွာနေသလိုတွေ့ရတဲ့ ဘရာဇီးကောင်းကင်ထက်ကဖြစ်ရပ်
Image:twitter/Wrath of Gnon

Daisugi နည်းက စိုက်ပျိုး မြေ  လိုအပ်လို့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းရတာ မျိုးကိုလည်း လျော့ နည်း စေ ပါတယ်။တွစ်တာ အသုံးပြုသူ Wrath of Gnon  ကြောင့် ဒီနည်း လမ်းက လူတွေ ကြားမှာ တ ကျော့ ပြန် ရေ ပန်း စား တာပါ။ဂျပန် မှာတော့ Daisugi  နည်းကို သစ်ကတိုး ပင်တွေ စိုက်ပျိုး တဲ့ နေရာမှာ ပိုပြီး အသုံး များပါတယ်။ သူ့ကို bonsai အကြီးစားလို့ လည်း တစ်ချို့က သတ်မှတ်ကြပါတယ်။တစ်ပင် ပေါ် တစ်ပင်ဆင့် ဆိုေ ပမယ့် စနစ် တကျ တည့်တည့် မတ် မတ် ပဲ ပေါက်ကြတာပါ။

Image:fb/avantgardens.org

စိုက်ပျိုးရယူနိုင်တဲ့ ကြာချိန်က တော့ နှစ်(၂၀)ပါ။တစ်ချိန် တည်းမှာ ပဲ အညောင့်  အတက် ရာ နဲ့ ချီ ပြီး ထွက် နိုင် ပါတယ်။နှစ် (၂၀) က တော့ အရမ်းကြာ တယ်လို့ ထင် ရ ပေမယ့် daisugi နည်းနဲ့ စိုက်တဲ့ သစ်ကတိုး ပင် တွေ ဟာ မြေ ပေါ် မှာ စိုက်တာ ထက် ပိုပြီး ကြီးထွားနှုန်း မြန်ပါတယ်။

#SHWEMOM

SHARE