Dakota Johnson ကတော့ Fifty Shades ဇာတ်ကားစီးရီးတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီး လူသိများ လာခဲ့သူပါ။Fifty Shades ဇာတ်ကားတွေမှာတော့ Jamie Dornan နဲ့ မင်းသမီးချော Dakota Johnson တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြတာပါ။ဒီကားတော့ လိင်ပိုင်းဆိုင်ရာ အသားပေးဇာတ်ကားမျိုး ဖြစ်ပြီး စာရေးဆရာ မ E. L. James ရဲ့ ကာမရာဂနိုးကြွစေတဲ့ ၀တ္ထုကို ဇာတ်ကားအဖြစ် ပြန်လည် ရိုက်ကူးထားတာပါ။လိင်ပိုင်းဆိုင်ရာ အသားပေးတဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးကို အတူရိုက်ကူးခဲ့ကြတဲ့ Dakota Johnson နဲ့ Jamie Dornan တို့ဟာ ဇာတ်ကားထဲမှာတင်မဟုတ်ပဲ အပြင်မှာပါ ချစ်သူတွေ ဖြစ်နေကြတယ်၊တွဲနေကြတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေပါတယ်။


ဒီလိုသတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး Dakota Johnson ကတော့ သူမနဲ့ Jamie Dornan တို့ ကြားက ဆက်ဆံရေးနဲ့ပတ်သက်မှုဟာ အပြင်မှာထွက်နေတဲ့ ကောလာဟလသတင်းတွေလို မဟုတ်ပဲ ကင်းရှင်းကြောင်းကို Johnson က ပြတ်ပြတ်သားသားတုံ့ပြန်လိုက်ပါတယ်။သူမတို့နှစ်ယောက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ကြိုက် မနေ ကြသလို ထာဝရ သူငယ်ချင်းတွေ အဖြစ်ပဲ ရှိနေမှာပါလို့ ပြောလိုက်တာပါ။Dakota Johnson ရဲ့ တုံ့ပြန်မှု ကတော့…. “ ကျမတို့က ထာဝရ သူငယ်ချင်းတွေ အဖြစ်ပဲ ရှိသွားမှာပါ..Jamie နဲ့ ကျမနဲ့က ခရီးရှည်ကြီး တစ်ခု လုံး ကို (Fifty Shades စီးရီးရုပ်ရှင်တွေကို အတူရိုက်ကူး) အတူဖြတ်သန်းခဲ့ကြတဲ့ သူတွေပါ..ကြိုက် တယ်..ဆန့်ကျင် ဘက် အားဖြင့် မကြိုက်ဘူး ဆိုတဲ့ အခြေအနေမျိုးကို အနီးကပ်သိထားပြီးတဲ့သူပါ…ကျမတို့ အခုလို တစ်လျောက်လုံး သာ အတူရှိမနေခဲ့ဘူးဆိုရင် ဒါဟာ (ဇာတ်ကားရိုက်ကူးရာမှာ)အများကြီးပိုပြီး ခက်ခဲသွားနိုင်တယ်..” လို့ ပြောခဲ့ပါတယ်။


လိင်ပိုင်းဆိုင်ရာ အခန်းမျိုးတွေကို ရိုက်ရတာ သိပ်အဆင်မပြေပါဘူး..သူတို့က ဇာတ်လမ်းအကြောင်းကို သေချာ ရှင်းပြ တယ်..သူ့အပေါ်ကိုသာ ကျမ မယုံကြည်ခဲ့ဖူး(ဒါမှမဟုတ်) စိတ်ထဲမှာ Safe မဖြစ်ဘူးလို့ များ ခံစားခဲ့ရမယ် ဆိုရင် ဒါကြီးက ကျမအတွက်တော့ အိမ်မက်ဆိုးကြီးတစ်ခု ဖြစ်သွားလိမ့်မယ်..” ဆိုပြီး သူမရဲ့ Jamie Dornan အပေါ် ယုံ ကြည်မှု အကြောင်းပြောပြခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာသူမရဲ့ ဇာတ်ကောင် character အပေါ် သူမရဲ့ အမြင် ကို မေးတဲ့ အခါမှာတော့..” အရမ်းကို ရိုးသားတဲ့ မိန်းကလေးတစ်ယောက် စမတ်ကျတယ်. စိတ်ဓါတ်မာကြောတ ယ်..ယဉ်ကျေးသိမ်မွေ့ တယ်..လေးစားစရာကောင်းတယ်..လူကောင်းတစ်ယောက်လို့ ကျမ မြင်ပါတယ်..” လို့ ပြန်ဖြေခဲ့ပါတယ်။


Source standard