Kpop ပရိသတ်တွေကြောင့် အလုပ်ရှုပ်ခဲ့ရတဲ့ Texas ပြည်နယ်ရှိ ရဲစခန်း

[email protected] [email protected]

လွန်ခဲ့တဲ့ မေလ ၂၅ ရက်နေ့က သေဆုံးသွားတဲ့ George Floyd လို့ အမည်ရတဲ့ African-American လူမျိုးတစ်ယောက်ရဲ့ သေဆုံးမှုကိုတော့ လူတော်တော်များများသိကြပြီးဖြစ်မှာပါ။ Minneapolis မြို့ရှိ စတိုးဆိုင်တစ်ခုကနေ ဈေးဝယ်ပြီး ပြန်ထွက်လာတဲ့ Floyd ကို ရဲတွေက ငွေအတုလုပ်တဲ့ ကိစ္စမှာ မသင်္ကာမှုတစ်ခုနဲ့ စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးတဲ့အချိန်မှာ Floyd ကို ရဲတွေက လမ်းမပေါ်မှာ မှောက်ခိုင်းထားပြီး ရဲတစ်ယောက်ဆိုရင် Floyd လည်ပင်းပေါ်မှာ ဒူးထောက်ထားခဲ့ပါတယ်။ ဒါကို Floyd က သူအသက်ရှုလိုမရတော့ကြောင်း တောင်းပန်ပြောဆိုခဲ့တဲ့အပြင် လမ်းသွားလမ်းလာတွေကပါ Floyd လည်ပင်းပေါ်မှာ ထောက်ထားတဲ့ ဒူးကို ဖယ်ပေးဖို့ ပြောခဲ့တာကို ရဲတွေက မသိကျိုးကျွံပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ Floyd ဟာ အဆိုပါနေရာမှာပဲ အသက်ရှုရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဟိုးတလေးကျော်ဖြစ်ခဲ့ပြီး Minneapolis မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ၊ ဆူပူမှုတွေဟာ အခုအချိန်မှာတော့ အမေရိကန်တစ်နိုင်ငံလုံးကို ပျံ့နှံ့ကူးစက်နေပြီပဲ ဖြစ်ပါတယ်။ ဒီလိုပျံ့နှံ့ကူးစက်မှုဟာ Texas ပြည်နယ်ထိပါရောက်ခဲ့ပါတယ်။ ဒါပေမယ့် Texas ပြည်နယ် Dallas မြို့ရှိ ရဲစခန်းကတော့ Kpop ပရိသတ်တွေကြောင့် တော်တော်အလုပ်ရှုပ်ခဲ့ကြောင်း Mashable သတင်းဌာနရဲက ဖော်ပြချက်အရ သိရှိရပါတယ်။

မေလ ၃၁ ရက်နေ့မှာ Dallas ရဲတပ်ဖွဲကနေပြီးတော့ သူတို့ရဲ့ Twitter ပေါ်ကနေ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ အဲဒီပို့စ်ကတော့ သူတို့ရဲတပ်ဖွဲ့အနေနဲ့ App တစ်ခုတီထွင်ခဲ့ကြောင်း၊ အဲဒီ App ကနေ ဆန္ဒပြတဲ့လူတွေ တရားဥပဒေနဲ့ မညီတဲ့ အရာတစ်ခုခုလုပ်နေတာတွေ့ပါက ဗီဒီယိုရိုက်ပြီး အဲဒီ App ကနေ ပို့လို့ရကြောင်း၊ ပို့တဲ့လူရဲ့ ID ကိုလည်း ဖုံးကွယ်ထားပေးမှာဖြစ်ကြောင်း ရေးသားပြီး ပို့စ်တင်ခဲ့ပါတယ်။

ဒါပေမယ့် ရဲတွေရဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ App ကို ဒေါကင်းလုပ်ဆွဲပြီး ပို့ထားတဲ့ ဗီဒီယိုတွေဟာ အကုန်တလွဲတွေချည်းပါပဲ။ အဲဒီတလွဲဗီဒီယိုတွေထဲမှာမှ အများဆုံး ဗီဒီယိုကတော့ Kpop ဗီဒီယိုတွေပါပဲ။ အမေရိကန်နိုင်ငံက Kpop ပရိသတ်တော်တော်များများဟာ သူတို့ကြိုက်တဲ့ Idol တွေရဲ့ အကဗီဒီယိုဖိုင်တွေနဲ့ MTV တွေကို ပို့ခဲ့တာကြောင့် ရဲတွေခမျာ သူတို့လိုချင်တဲ့ ဗီဒီယိုများပါမလားလို့ ဗီဒီယိုတိုင်းလိုလိုကို စစ်ဆေးခဲ့ရာ ဗီဒီယိုတိုင်းနီးပါဟာ Blackpink, BTS, NCT 127 အစရှိတဲ့ Kpop အဖွဲ့တွေရဲက ဗီဒီယိုဖိုင်တွေချည်းပဲ ဖြစ်နေခဲ့ကြောင်း သိရပါတယ်။

[email protected]

Pyi Hein Kyaw

SHARE