သတင်းကြေညာသူတစ်ဦးရဲ့ စိန်ခေါ်မှုကို လက်ခံပြီး ကြိုးဝိုင်းထဲမှာ ရင်ဆိုင်မယ့် UFC ဥက္ကဌ

[email protected] [email protected]

UFC လက်ဝှေ့ပွဲတွေကိုတော့ တော်တော်များများကြည့်ဖူးကြမှာပါ။ ဒီ UFC လက်ဝှေ့လောကရဲ့ တည်ထောင်သူ၊ ဥက္ကဌတစ်ဦးဖြစ်တဲ့ Dana White ကိုလည်း UFC ပရိသတ်တော်တော်များများ သိကြမှာပါ။ UFC လက်ဝှေ့ထိုးပွဲတွေ မကျင်းပခင် ထိုးသတ်ပွဲနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတို့၊ ထိုးသတ်မယ့် လက်ဝှေ့သမားတွေကို ကိုယ်အလေးချိန်တိုင်းပြီး လက်ဆွဲနှုတ်ဆက်တိုင်း အဲဒီလက်ဝှေ့သမားနှစ်ယောက်ရဲ့ အလယ်မှာရှိတတ်တဲ့ အသားဖြူဖြူနဲ့ ကတုံးကြီးကို တော်တော်များများ သတိထားမိကြမှာပါ။ အဲဒီသူကတော့ Dana White ပါပဲ။

[email protected]

https://www.instagram.com/p/CAImDwJFegX/

ပြီးခဲ့တဲ့ သောကြာနေ့(၂၉.၅.၂၀၂၀)တုန်းက ESPN ရုပ်သံလိုင်းက နာမည်ကြီး ရေဒီယို သတင်းကြေညာသူတစ်ဦးဖြစ်တဲ့ Dan Le Batard ဟာ UFC ဥက္ကဌ Dana White ကို အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါအင်တာဗျူးရဲ့ အဆုံးမှာတော့ သတင်းကြေညာသူ Batard နဲ့ Dana White တို့နှစ်ဦးဟာ မကြာခင်အချိန် MMA ကြိုးဝိုင်းထဲမှာ တရားဝင်ထိုးသတ်ဖို့ သဘောတူခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီလို ဖြစ်သွားတာကတော့ Batard ရဲ့ ဘေးကျပ်နံကျပ် မေးခွန်းတွေကြောင့်ပါပဲ။ ဒါကို နောက်ဆုံးမှာ Dana White က သည်းမခံနိုင်တော့ပဲ ပေါက်ကွဲကာ Batard နဲ့ ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။ Batard ရဲ့ စသလို နောက်သလိုနဲ့ ပြောခဲ့တဲ့ စိန်ခေါ်မှုကိုလည်း White က မဆိုင်းမတွ လက်ခံခဲ့ပါတယ်။ အဆိုပါ အင်တာဗျူး အစီအစဉ်ကို နားထောင်ခဲ့သူတွေက ဟာသတစ်ခုလို့ ထင်ခဲ့ပေမယ့် White ကော၊ Batard ကပါ သူတို့ ကတိအတိုင်း အတည်ပေါက်ကြီးတွေ ပြောခဲ့ချိန်မှာတော့ ပရိသတ်တွေ အံ့အားသင့်ခဲ့ပါတယ်။

READ
ကမ္ဘာ့ဖလားအတွက်ရည်ရွယ်ပြီး လူကြီးကစားစရာအရုပ်ဇိမ်ခန်း ရုရှားတွင်ဖွင့်လှစ်

ဒါ့အပြင် အရင်တုန်းကတည်းက Batard ဟာ Dana White နဲ့ ပတ်သတ်ပြီး UFC  ရဲ့ MMA ပြိုင်ပွဲလောကကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ ဖူးပါတယ်။ ပြီးတော့ သူတို့နှစ်ဦး ထိုးသတ်မယ့်ပွဲစဉ်က ရရှိတဲ့ ငွေတွေအကုန်လုံးကို ပရဟိတလုပ်ငန်းတွေမှာ လှူဒါန်းဖို့ နှစ်ဦးစလုံး သဘောတူခဲ့ကြပါတယ်။

“ကျွန်တော် မေးသမျှ ပွင့်ပွင့်လင်းလင်း ဖြေပါတယ်။ ဒါကို သူက အမြဲတမ်း အဲဒီလိုဖြေရခက်တဲ့ မေးခွန်းတွေ မေးပါများလာတော့ ကျွန်တော်ပေါက်ကွဲတာပေါ့။ တစ်ချို့ကိစ္စတွေမှာ စကားနဲ့ပဲ ဖြေရှင်းနေလို့ မရပါဘူး။ ဒါ့ကြောင့် သူ့ကို အခုလို ထိုးဖို့ စိန်ခေါ်ခဲ့တာပါ” လို့ Dana White က ပြောကြားခဲ့ပါတယ်။ အစပိုင်းမှာတော့ သူတို့ထိုးသတ်မယ့် သတင်းကို လူအများက စနောက်နေတဲ့ သတင်းလို့ ထင်ခဲ့ကြပေမယ့် နှစ်ဖက်စလုံးက ထိုးသတ်ဖို့ အတည်ပြုပြောကြားခဲ့တဲ့ နောက်ပိုင်းမှာတော့ လူတော်တော်များများ Dana White နဲ့ Batard တို့ရဲ့ ပွဲကို တော်တော်စိတ်ဝင်စားနေကြောင်း သိရပါတယ်။

READ
အသက်အန္တရာယ်ရှိပေမယ့် မဖြစ်မနေခွဲစိတ်ရတော့မယ့် ဦးခေါင်းချင်းဆက်အမွှာ

Pyi Hein Kyaw

SHARE