America’s Got Talent မှာ Mortal Kombat ထဲကတိုက်ကွက်တွေနဲ့ ကသွားခဲ့တဲ့အဖွဲ့

America's Got Talent/YouTube

Mortal Kombat ဆိုတာ Play station ဂိမ်းစက်တွေနဲ့ ရင်းနှီးသူတွေအဖို့ကတော့ နှစ်သက်အားရစရာကောင်းတဲ့ ဂိမ်းတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကောင်တွေရဲ့ ပက်ပက်စက်စက်တိုက်ခိုက်သတ်ဖြတ်မှုတွေကို ဆော့ရင်းကိုယ်တိုင်အားရကျေနပ်စရာသိပ်ကိုကောင်းလွန်းခဲ့တာပါ။

နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ America’s Got Talent ပြိုင်ပွဲမှာတော့ Mortal Kombat ထဲက တိုက်ကွက်တွေကို အသုံးပြုကာ အဖွဲ့တစ်ဖွဲ့မှ ဇွန်လ ၁၈ ရက်နေ့တုန်းက ကပြဖျော်ဖြေသွားခဲ့ပါတယ်။ ဝတ်စုံတွေကအစ Mortal Kombat ထဲကအတိုင်း ဖန်တီးထားတဲ့အတွက်ကြောင့် အကယ်၍သင်သာ MK ပရိတ်သတ်ဆိုရင် ဖျော်ဖြေမှုကိုကြည့်ရင်း ကြက်သီးထမိမှာပါနော်။

Adem Dance Crew/Facebook

ကပြဖျော်ဖြေသွားတဲ့ ပြိုင်ပွဲဝင်အကအဖွဲ့ဟာ Adem Show လို့သိရပြီး Kyrgyzstan မှ လူငယ်လေးယောက်နဲ့ ဖွဲ့စည်းထားခဲ့တာပါ။ တိုက်ကွက်တွေကို ကကွက်တွေအတဖြစ် အနုပညာဆန်ဆန်ပြောင်းလဲပစ်ကာ ကသွားပုံလေးကြောင့် တမူဆန်းသစ်နေပါတယ်။ Lord Raiden, Scorpion, Sub-Zero နဲ့ Smoke တို့ ဇာတ်ကောင်လေးကောင်ကို အသုံးပြုထားခဲ့ပြီး လေးယောက်စလုံးရဲ့လှုပ်ရှားပုံတွေဟာ အပိုအလိုမရှိကွက်တိကျခဲ့ပြီး စည်းချက်လည်း ကိုက်ညီတာကြောင့် Adem Show အဖွဲ့ကတော့ ဒိုင်လေးယောက်လုံးရဲ့ YES ကို ရရှိကာ နောက်တစ်ဆင့်တက်လှမ်းခွင့်ရရှိသွားခဲ့ပါပြီ။

READ
အစာပိုက်ကိုသွေးကြောထဲမှားသွင်းမိခဲ့တာကြောင့် မွေးကင်းစလေးသေဆုံးခဲ့

ဒိုင်လေးယောက်စလုံးက လှည့်ကြည့်ခဲ့တဲ့ Adem Show ရဲ့ Mortal Kombat ကကွက်လေးတွေကို အောက်မှာခံစားကြည့်ရှုလိုက်ကြပါဦး။

ဒီလူငယ်လေး (၄)ယောက်ကို Mortal Kombat ဂိမ်းတွေရဲ့ ဖန်တီးသူ Ed Boon ကိုယ်တိုင်က သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ တခုတ်တရနဲ့ ချီးကျူးသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

 

Penny

SHARE