တိုင်ပတ်အကမယ်တစ်ဦးဟာ (၁၅)ပေအမြင့်ကနေ ခြေပစ်လက်ပစ် ပြုတ်ကျခဲ့ပေမယ့် သူမရဲ့တာဝန်ကို ဆက်ပြီး ပြီးဆုံးအောင် ကပြခဲ့ရှာပါတယ်။ အဆိုပါ အမျိုးသမီးရဲ့နာမည်ကတော့ Genea Sky လို့ သိရပါတယ်။ သူမဟာ အမြင့်ကနေ ပြုတ်ကျတဲ့အရှိန်ကြောင့် မေးရိုးကျိုးခြင်း၊ သွားကျွတ်ခြင်း၊ ခြေကျင်းဝတ် လည်သွားခြင်းတွေ ခံစားခဲ့ရပါတယ်။
ဒါပေမယ့် Sky ကတော့ ပရိုတိုင်ပတ်အကမယ်တစ်ဦးပီပီ နာကျင်မှုတွေကို မေ့ထားပြီး၊ သူမရဲ့ အကတာဝန်ကို ပြီးဆုံးအောင် ဆက်လက် ဆောင်ရွက်ခဲ့တာကို ဗွီဒီယိုဖိုင်ထဲမှာ အံ့သြစွာ တွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တက္ကဆက်က လူကြီးတွေပဲ သီးသန့်သွားလို့ရတဲ့ Cabaret Dallas အမည်ရ ကလပ်မှာ ဖြစ်ခဲ့တာပါ။
That’s me. I fractured my jaw https://t.co/fSYEqjKNPl
— Honey Badger (@Genea_Sky) February 9, 2020
ဒီအကြောင်းကို Sky ကိုယ်တိုင် တွစ်တာပေါ်မှာ တင်ထားပြီး “ ဟုတ်တယ် .. မေးရိုးကျိုးသွားတယ် … အဆင်ပြေတယ်ရယ်လို့တော့ မဟုတ်ဘူး … ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ရယ်စရာ ဘာတစ်ခုမှ မပါဘူး … ကျွန်မ ခံစားဖူုးသမျှထဲမှာ ဒါက အဆိုးဆုံး နာကျင်မှုပါဘဲ …တခြား ဘယ်သူမှ ဒီလို မဖြစ်ပါစေနဲ့ ”လို့ ရေးခဲ့ပါတယ်။
Thank you everyone 🙏🏽💕 pic.twitter.com/y2U8kPMdpT
— Honey Badger (@Genea_Sky) February 10, 2020
GoFundMe မှာတော့ သူမရဲ့ ဆေးကုသစာရိတ်အတွက် ရံပုံငွေစာရင်း ဖွင့်လှစ်ပေးထားပြီး၊ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသူတွေကြောင့် ပစ်မှတ်ထားတဲ့ ပမာဏကတော့ ဒေါ်လာ (၂)သောင်းသာဆိုပေမယ့် အခု အဲဒီထက်ကို ကျော်လွန်များပြားနတဲ့သဘောပါ။

အဆိုပါ Page မှာ သူမရဲ့သူငယ်ချင်းတစ်ဦးက ရံပုံငွေစာရင်း ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး သူမရဲ့ ရှင်းပြချက်ထဲမှာ “ ကျွန်မသူငယ်ချင်း Genea ဟာ အလုပ် လုပ်နေစဉ်မှာ ကြောက်စရာကောင်းတဲ့ မတော်တဆမှုကို ကြုံခဲ့ရပါတယ် … အခုဆိုရင် သူမ မေးရိုးကျိုးပြီး၊ သွားတွေလည်း ကျွတ်ကုန်ပါပြီ နောက် ခြွေကျင်းဝတ်လည်း လည်သွားပါတယ် ”လို့ ဖော်ပြထားပါတယ်။
ယင်းပို့စ်မှာ ဆက်လက်ပြီး “ ဒီလောက် ဆိုးရွားတဲ့နာကျင်မှုတွေကြောင့် အချိန်ကာလအတိုင်းတာတစ်ခုအထိ အလုပ်ကနေ နားရမှာပါ … သူမ ခွဲစိတ်ကုသဖို့အတွက်လည်း ငွေရေးကြေးရေး လိုအပ်လျှက်ရှိပြီး လှူဒါန်းမှုတွေက ကောင်းကောင်း အကူအညီပေးပါလိ့မ်မယ် … အားလုံကို ကျေးဇူးတင်ပါတယ် ”လို့ ရေးထားပါတယ်။
လင်းသူရိန်