အများပြည်သူကို မထီမဲ့မြင်ပြုလုပ်လို့ ရဲဖမ်းခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံက Dancing Car

Youtube-Dancing Scorpio Car at Ghaziabad in India || सड़क पर डांस करती स्कार्पियो गाड़ी को पुलिस ले गई थाने

လူ့ပတ်ဝန်းကျင်မှာနေထိုင်ရင် လူတစ်ယောက်ရဲ့ အမူအကျင့်တွေ၊ လူတစ်ယောက်လို သိတတ်ရမယ့်အရာတွေ၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်ရမယ့် ဝတ္တရားတွေ အစရှိတဲ့အရာတွေကို သေသေချာချာ နားလည်ထားဖို့ လိုအပ်ပါတယ်။ လူဖြစ်ပြီး လူလိုနားမလည်ရင်တော့ မလိုလားအပ်တဲ့ ပြသနာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဥပမာ- အခုပြောပြချင်တဲ့ Dancing car တစ်စီးရဲ့ အဖြစ်အပျက်လိုပေါ့။ အဆိုပါ Dancing car တစ်စီးဟာ အများပြည်သူကြားမှာ မထီမဲ့မြင်လုပ်ပြီး အရွဲ့တိုက်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ ဒေသခံရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရပါတယ်။

Youtube-Dancing Scorpio Car at Ghaziabad in India || सड़क पर डांस करती स्कार्पियो गाड़ी को पुलिस ले गई थाने

Dancing car ဆိုလို့ PK ဇာတ်ကားထဲက Dancing car လိုမျိုး မထင်လိုက်ပါနဲ့။ သီချင်းတွေ အကျယ်ကြီးဖွင့် ကနေတဲ့ ကားပုံစံဖြစ်အောင် ဖန်တီးထားတဲ့ Scorpio အမျိုးအစား ကားတစ်စီး ဖြစ်ပါတယ်။ အဆိုပါ ကားဟာ အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်ရှိ Ghaziabad မြို့မှ ကားတစ်စီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၇.၁၂.၂၀၂၀) တုန်းက Ghaziabad မြို့နယ် ရဲတပ်ဖွဲ့ဆီသို့ အဆိုကားနဲ့ ပတ်သတ်တဲ့ တိုင်ကြားချက်တွေ ရောက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ Scorpio အမျိုးအစားကားတစ်စီးဟာ လမ်းမတွေပေါ်မှာ သီချင်းကို လိုတာထက်ပိုပြီး ကျယ်လောင်ဆူညံစွာဖွင့်ကာ ကားမောင်းပြီး အများပြည်သူကို စိတ်အနှောင့်အယှက်ပေးနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

READ
Beckham ရဲ့သားအကြီးဆုံး Brooklyn လေး စေ့စပ်ကြောင်းလမ်းလိုက်ပြီ

ဒါ့ကြောင် ရဲတပ်ဖွဲ့ဟာ ချက်ချင်းဆိုသလို တိုင်ကြားတဲ့နေရာကို သွားရောက်ကြည့်ရှု့ခဲ့ရာ ကားတစ်စီးဟာ အမှန်တစ်ကယ်ကို သီချင်းတွေ ဆူဆူညံညံဖွင့်ပြီး စတန့်ကားပုံစံနဲ့ ကားမောင်းကာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဟာ အဆိုပါကားရဲ့ ပိုင်ရှင်ဖြစ်သူ Nasum Ahmed လို့ အမည်ရတဲ့ အမျိုးသားကို ချက်ချင်းဆိုသလို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒဏ်ကြေးအဖြစ် ရူပီးငွေ ၄၁,၅၀၀ ပေးဆောင်စေခဲ့ပါတယ်။ ဒါအပြင် အဆိုပါကားကိုတော့ ရဲစခန်းမှာ သိမ်ဆည်းထားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Dancing Scorpio Car at Ghaziabad in India || सड़क पर डांस करती स्कार्पियो गाड़ी को पुलिस ले गई थाने

Pyi Hein Kyaw

SHARE