အန္တရာယ်များမှန်းမသိပဲ လူတွေ နေ့တိုင်းလုပ်မိနေတဲ့ သတိပြုဖွယ် အမူအကျင့်များ

pexels/Arnie Watkins

လူသားတွေဟာ အန္တရာယ်တစ်စုံတစ်ရာကျရောက်တော့မယ်ဆိုရင် ကြိုသိတတ်တဲ့အာရုံရှိပါတယ်။ ဒါပေမဲ့လည်း တစ်ချို့အခြေအနေတွေက ခန့်မှန်းလို့မရတာတွေရှိပါတယ်။ ဥပမာဆိုရင် ကိုယ်က အန္တရာယ်မရှိပါဘူးလေဆိုပြီး နေ့တိုင်းလုပ်မိတတ်တဲ့ အရာမျိုးတွေပါ။ ဒါကြောင့် အောက်ဘက်မှာတော့ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နေ့စဉ်အမူအကျင့်တွေကို Brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်

ပလတ်စတစ်ဘူးသုံးခြင်း

မိုက်ခရိုပလတ်စတစ်တွေကို ပလတ်စတစ်ဘူးတော်တော်များများမှာ တွေ့ရပါတယ်။ ဒါတွေက ကျန်းမာရေးအတွက် အရမ်းအန္တရာယ်များပါတယ်။ မိုက်ခရိုပလတ်စတစ်ကွန်ပေါင်းတွေဟာ မျိုးအောင်နှုန်းကိုလျော့ကျစေတဲ့အပြင် ခန္ဓာကိုယ်ကိုအဆီတက်စေပြီး အာရုံကြောနဲ့ကိုယ်ခံအားစနစ်တွေပေါ်မှာ အနုတ်လက္ခဏာဆောင်နိုင်ပါတယ်။ ကလေးတွေအတွက် အန္တရာယ်အရမ်းများပါတယ်။

pexels/Kai Pilger

အ၀တ်အခြောက်လျှော်ခြင်း

အ၀တ်အခြောက်လျှော်တာဟာ ဓာတုဖြစ်စဉ်တစ်မျိုးဖြစ်ပါတယ်။ အ၀တ်အခြောက်ခံတဲ့အခါ ဓာတုပစ္စည်းပမာဏအများကြီးသုံးရပါတယ်။ ဒီပစ္စည်းတွေဟာ အ၀တ်ပေါ်မှာ ကပ်ငြိနေတတ်ပါတယ်။ ဒီဓာတုပစ္စည်းတွေကို ရှူသွင်းမိခဲ့ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ မျက်လုံးတွေမှာ ကသိကအောက်ဖြစ်တာ၊ ခေါင်းကိုက်ခေါင်းမူးတာနဲု့ အမြင်အာရုံပြဿနာတွေဖြစ်နိုင်ပါတယ်။

READ
ဒူးနာခြင်းအတွက် အိမ်မှာပင် အလွယ်ကုသနည်း

နှာချေတာကို အောင့်ထားခြင်း

နှာချေတာကို မအောင့်ထားရပါဘူး။ တကယ်လို့အောင့်လိုက်ရင် နှာချေလိုက်လို့ နားဆီရောက်လာတဲ့လေတွေကြောင့် နားစည်ပေါက်နိုင်ပါတယ်။ နှာချေတာကို ထိန်းချုပ်လိုက်တဲ့အခါ မျက်လုံး၊ နှာခေါင်းနဲ့ နားစည်တွေထဲက သွေးကြောတွေကို ဖြစ်ညှစ်ထားသလိုဖြစ်ပြီး ပေါက်ကွဲနိုင်ပါတယ်။

pexels/pixabay

ဓာတုဗေဒပစ္စည်းတွေအပြည့်ပါတဲ့ ရေမွှေးသုံးခြင်း

ရေမွှေးတော်တော်များများမှာ အဆိပ်ရှိတဲ့ပစ္စည်းတွေပါဝင်နိုင်ပါတယ်။ ဒါကိုကုမ္ပဏီတွေက လျှို့ဝှက်ထားကြပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ရေနံမှထုတ်တာဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ၊ မူးဝေအော့အန်တာနဲ့ မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဒီထက်ပိုဆိုးတဲ့အခြေအနေတွေမှာဆိုရင် ရေမွှေးအဆိပ်သင့်တာ ဒါမှမဟုတ် ကင်ဆာထိအောင် ဖြစ်နိုင်ပါတယ်။

နှာခေါင်းတွင်းအမွှေးတွေကိုနှုတ်ခြင်း

နှာခေါင်းထဲက အမွှေးတွေကိုနှုတ်တာက အရေပြားကို ယားယံစေပါတယ်။ ရောင်ရမ်းစေပါတယ်။ အမွှေးတွေကို ဖယ်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက ခုခံအားစနစ်ဟာ နည်းပါးသွားပြီး ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်မှာပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE