ခွေးတွေကို အရိုးကျွေးခြင်းရဲ့ အန္တရာယ်အကြောင်း သတိပေးခဲ့တဲ့ အမျိုးသမီး

pexels/burst

လူအများစုက ထမင်းစားပြီးတဲ့အခါ ထမင်းကျန် ဟင်းကျန်နဲ့ အရိုးတွေကို ခွေးကျွေးလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဒီအရိုးတွေကြောင့်ပဲ ခွေးတွေဟာ အသက်အန္တရာယ်နဲ့ တွေ့ကြုံရတာကို စာဖတ်သူတို့ သတိချပ်စေလိုပါတယ်။

မကြာခင်တုန်းက worldofbuzz သတင်းစာမျက်နှာမှာ သတင်းတစ်ပုဒ်တွေ့ရပါတယ်။ အဲ့ဒီသတင်းမှာ အမျိုးသမီးတစ်ယောက်က အရိုးတွေက ခွေးလေးတွေအတွက် အစာခြေဖို့ခက်တဲ့အတွက် ခွေးလေးတွေကို အရိုးတွေ မကျွေးကြပါနဲ့လို့ ပြောထားတာပါ။ ပြီးတော့ သူမက ဗိုက်ကြီးရောင်ပြီး ဖောင်းနေတဲ့ ခွေးလေးတစ်ကောင်ရဲ့ ဓာတ်ပုံကို တင်ထားပါသေးတယ်။

ပုံမှာပါတဲ့ ခွေးလေးက စားထားတဲ့အရိုးတွေကြောင့် မရှုနိုင်မကယ်နိုင် ဖြစ်နေတဲ့ပုံပါ။ ဒါကြောင့် ဗိုက်ထဲမှာ သူ့ကို ဒုက္ခပေးနေတဲ့ အရိုးတွေကို ဗိုက်ခွဲပြီး ဖယ်ထုတ်ဖို့ ဆေးခန်းကို ခေါ်လာရတာပါ။ နောက်ထပ် ပုံတစ်ပုံကတော့ အရိုးတွေကို ဖယ်ထုတ်နေတဲ့ ပုံပါ။

READ
စိတ်ဖိစီးမှုတွေ အဝေးသို့လွင့်သွားအောင် လုပ်နိုင်မယ့်နည်းလမ်း (၅)မျိုး
facebook/Sara Liu

နောက်ထပ်တစ်ပုံကတော့ ခွေးလေးရဲ့ ဗိုက်ထဲကနေ ထုတ်ထားတဲ့ အရိုးတွေရဲ့ ဓာတ်ပုံပါ။ ထင်မထားလောက်အောင် တော်တော်ကြီး များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

facebook/Sara Liu

အပေါ်က ပုံတွေကို ဖေ့စ်ဘုတ်ပေါ်တင်တဲ့အခါမှာ အွန်လိုင်းပေါ်က တစ်ယောက်ကလည်း သူ့အဖြစ်ကို ခုလို ပြောပြပါသေးတယ်။ “ကျွန်မလည်း အရင်တုန်းက အိမ်က ကောင်လေးကို အရိုးတွေ ကျွေးတာပေါ့။ အထူးသဖြင့် ကြက်ရိုးကျွေးတာ။ တစ်နေ့တော့ ခွေးက အလေးသွားတာ သွားလို့မရပဲ သွေးတွေထွက်လာတယ်။ ကျွန်မလည်း စိုးရိမ်ပြီး ဆရာဝန်နဲ့ သွားပြတာ။ ဒီတော့မှ အရိုးတစ်ချောင်းက ဗိုက်ထဲမှာ အစာမကြေပဲ အလေးစွန့်တဲ့အပေါက်ကို ပိတ်ထားပြီး အထဲမှာ အနာဖြစ်နေတာကို သိလိုက်ရတယ်…”

各位朋友請勿餵食任何骨頭給狗吃,根本無法消化如果沒有就醫動手術取出 真的會害死狗狗請大家轉發給您認識有在餵骨頭的人!!

Posted by Sara Liu on Saturday, February 8, 2020

ဗိုက်ထဲရောက်တဲ့အခါ ချွန်ထက်ပြီး ရှတဲ့ အစအနသေးသေးလေးတွေ ဖြစ်နိုင်တဲ့ ဘယ်လိုအရိုးမျိုးမဆို ခွေးလေးတွေကို မကျွေးသင့်တာ အမှန်ပါ။ ဒီလို အစသေးလေးတွေဟာ မြည့်နေတဲ့အတွက် ခွေးရဲ့ ခံတွင်းနဲ့ အစာခြေစနစ်ထဲက အင်္ဂါအစိတ်အပိုင်းတွေကို ဒုက္ခပေးနိုင်ပါတယ်။ ပါးစပ်နဲ့လျှာတွေမှာ အနာဖြစ်တာ၊ အရိုးနင်တာ၊ သွားကျိုးတာ၊ အန်တာ၊ ၀မ်းလျှောတာ၊ ၀မ်းအရမ်းချုပ်တာ၊ အူလမ်းကြောင်းပိတ်ဆို့တာအပြင် အချိန်မှီမသိလို့ မကုနိုင်ခဲ့ရင် သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခွေးချစ်သူတွေအနေနဲ့ကတော့ မိမိချစ်တဲ့ခွေးလေးတွေကို အစားအသောက် အကျွေးမမှားစေဖို့ သတိပြုသင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

READ
(၂)နှစ်ကြာ ခေါင်းမလျှော်ခဲ့တဲ့ ကျောင်းသူ၊ ယခု “No poo Method”ကို စတင်ကျင့်သုံးနေ

လင်းလင်း (ShweMom)

SHARE