ရောဂါအကူးခံရသူတိုင်းကို ငွေကြေးထောက်ပံ့ဖို့ အဆိုပြုခဲ့တဲ့ Victoria ပြည်နယ် ဝန်ကြီးချုပ်

Pixabay-PublicDomainPictures [email protected] Andrews

လက်ရှိအချိန်မှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ COVID 19 ကပ်ရောဂါဟာ အခုအချိန်အထိကို အရှင်းမပျေက်သေးပါဘူး။ ကပ်ရောဂါဖြစ်ပွားတာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ၅ လနီးပါး ရှိလာခဲ့ပြီဖြစ်ပေမယ့် ယခုအချိန်အထိကို ရောဂါကာကွယ်ဆေးလည်း ထွက်ရှိလာခြင်း မရှိသေးပါဘူး။ နိုင်ငံတော်တော်များများမှာတော့ အရင်ကထက်စာလို့ရှိရင် ရောဂါ ဖြစ်ပွားမှုနှုန်းတွေ လျော့ကျသွားပြီပဲ ဖြစ်ပါတယ်။

Pixabay-Tumisu

သြစတြေးလျနိုင်ငံမှာဆိုရင်လည်း လက်ရှိအချိန်အထိ COVID 19 ကပ်ရောဂါဖြစ်ပွားသူ ၇၄,၅၉ ယောက်ရှိပြီး သေဆုံးသူကတော့ ၁၀၂ ယောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒါတောင် မကြာသေးခင်အချိန်က သြစတြေးလျ ဝန်ကြီးချုပ်ကိုယ်တိုင် ပြည်သူတွေ တောင်းဆိုနေလွန်းလို့ Lockdown စည်းမျဉ်းတစ်ချို့ကို လျှော့ချပေးခဲ့ပါတယ်။ ဒီလို Lockdown စည်းမျဉ်းလျော့ချပြီး နောက်တစ်ရက်မှာပဲ တစ်ရက်တည်းမှာ ကူးစက်သူ ၂၅ ယောက် အထိ ရှိလာခဲ့ပါတယ်။ အခုလည်း သြစတြေးလျနိုင်ငံ၊ Victoria ပြည်နယ်အစိုးရကတော့ COVID 19 ဖြစ်ပွားသူတိုင်းကို အမေရိကန်ဒေါ်လာ ၁၅၀၀ တိတိ ထောက်ပံ့မယ်လို့ တရားဝင်ပြောကြားခဲ့ကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ခင်ပွန်းကိုဘရာစီယာပစ်ပေးတဲ့ ပရိတ်သတ်အပေါ် Priyanka ရဲ့ အံ့သြဖွယ်တုန့်ပြန်မှု
Google

“အခုဆို ရုံးတော်တော်များများက COVID 19 ဖြစ်ပွားလို့ အဲဒီလူ ခွင့်ယူရင် လစာမဲ့ခွင့်တွေ ပေးတယ်လို့ ကြားပါတယ်။ အဲဒီလိုဆိုရင် ရောဂါဖြစ်သူရဲ့ စားဝတ်နေရေး၊ မိသားစုအရေး၊ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ဘယ်ကပိုက်ဆံရှိမှာလဲ။ အဲဒါကြောင့် ကျွန်တော့်ပြည်နယ်ထဲက ပြည်သူထဲက တစ်ယောက်ယောက် COVID 19 ဖြစ်ရင် အဲဒီလူအတွက် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့မှ ဒေါ်လာ ၁၅၀၀ တိတိ ထောက်ပံ့ပါ့မယ်” လို့ သြစတြေးလျနိုင်ငံ၊ Victoria ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE