ဇာတ်ကားအသစ်မှာ ပေါင် ၂ သိန်းခွဲတန် လျှပ်စစ်ကားကို အသုံးပြုမယ့် ဂျိမ်းစဘွန်း

နောက်ထပ် အသစ်ထွက်ရှိလာမယ့်  ရုပ်ရှင်ကားသစ်မှာ James Bond အနေနဲ့ ပေါင် (၂၅၀,၀၀၀) တန်ဖိုးရှိတဲ့ လျှပ်စစ်ကားကို အသုံးပြုမှာဖြစ်ပြီး ဇာတ်ကောင်းကို ဂေဟဗေဒစနစ်နဲ့ နှီးနွှယ်တဲ့ သူတစ်ယောက် အသွင်ဖြစ်စေမယ်လို့ သိရတယ်။

autocar.uk

ဒါရိုက်တာ Cary Joji Funkunaga (၄၁) က မင်းသား Daniel Craig ကို Aston Martin ရဲ့ အကန့်အသတ်နဲ့ထုတ်လုပ်ထားတဲ့ ကားကို အသုံးပြုစေချင် နေပါတယ်။ Rapide E နာမည်နဲ့ ဒီ လျှပ်စစ်ကားဟာ ကုမ္ပဏီရဲ့ ပထမဆုံးထုတ်လုပ်တဲ့ ကားဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အစီးရေ ၁၅၅ စီးသာရှိပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို ဒါရိုက်တာ အသစ်က ချမှတ်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ပဲ Aston Martin ကုမ္ပဏီနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဆောင်ရွက်ခဲ့တယ်လို့ သိရတယ်။ လူတိုင်းက James Bond အနေနဲ့လည်း ပတ်ဝန်းကျင်ကို စွန့်ထုတ်မှုနည်းတဲ့ ယာဉ်မျိုးအစားကို ဒီအချိန်မှာ အသုံးပြုစေချင်ကြတယ်လို့ ဒါရိုက်တာ ဖြစ်သူကပြောပါတယ်။

READ
မြင်းသေ (၂၅)ကောင်ကို လယ်ထဲမှာ ဒီအတိုင်းပစ်ထားတဲ့ ရက်စက်တဲ့လယ်ပိုင်ရှင်
PA

Shatterhand ဆိုပြီး နာမည်ပေးထားတဲ့ နောက်ဆုံး ရုပ်ရှင်ကို နောက်လမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၀ မှာ ထုတ်လုပ်ဖို့ မျှော်မှန်းထားကြပါတယ်။

Spectre

ရုပ်ရှင်အသစ်က George Lazenby ရဲ့ On Her Majesty’s Secret Service ဆိုတဲ့ ဇာတ်ကားကို ပြန်လည်း တစ်ဖန်ဆန်းသစ်ထားဖြစ်တယ်။ Lèa Seydoux ကလည်း မင်းသမီးနေရာက ပါဝင်လာမှာဖြစ်သလို ဂျိမ်းစဘွန်းလက်ထပ်ခဲ့တဲ့ တစ်ဦးတည်သော မိန်းကလေး Tracy Bond လို့ပဲ သေရမှာလို့ ပရိသတ်တွေက မှတ်ချက်တွေပေးနေကြပါတယ်။

shutterstock

အခုရုပ်ရှင်အသစ်မှာ ထုတ်လုပ်ရေး သူဌေးတွေဟာ James Bond ကို ပေးမသေစေချင်တဲ့အတွက် Danny Boyle က ရိုက်ကူးရေး ဒါရိုက်တာနေရာက နှုတ်ထွက်သွားခဲ့ပါတယ်။ အသက် ၆၂ နှစ် အရွယ် ရုပ်ရှင်ဖန်တီးသူက 007 ကို ၂၅ ကားမြောက် ရုပ်ရှင်မှာ သေခိုင်မယ်ဆိုတဲ့ အစီအစဉ်ရှိခဲ့ပါတယ်။

READ
ကလေး မီးဖွားနိုင်ဖို့ ခြင်္သေ့(၁၂)ကောင်က စောက်ရှောက်ပေးခဲ့တဲ့ အံ့အားသင့်စရာဖြစ်ရပ်

ဒီလိုမျိုးနဲ့ နောက်ထပ် Bond အသစ်ကို မိတ်ဆက် သိပ်ကောင်းတဲ့ နည်းလမ်းပဲလို့ တစ်ချို့ကတော့ ဆိုနေကြပါတယ်။ Bond ပရိုဂျူဆာ Barbara နဲ့ မင်းသား Daniel Craig တို့က ဒီ အိုင်ဒီယာနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ပုံမရှိဘူးလို့ စွပ်စွဲနေကြတာတွေလည်း ရှိနေပါတယ်။

Ref: Daily Mail

Matthew (ShweMOM)

 

SHARE