သူ့နေရာဆက်ခံမယ့် James Bond မင်းသားသစ်ကို အကြံပေးခဲ့တဲ့ Daniel Craig

[email protected] danielcraig.offical

ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig ကိုတော့ တော်တော်များများ သိကြမှာပါ။ မိန်းကလေးတော်တော်များများ စွဲမက်တဲ့ မျက်လုံး၊ တည်ကြည်ခန့်ငြားတဲ့ မျက်နှာပေါက်ကို ပိုင်ဆိုင်ထားတဲ့အပြင် ဝင်ငွေများများရရှိတဲ့ မင်းသားကြီးတစ်ယောက်ဆိုလဲ မမှားပါဘူး။ အခုလည်း Daniel Craig ဟာ မကြာခင်ထွက်ရှိတော့မယ့် No Time To Die ဇာတ်ကားပြီးတာနဲ့ James Bond မင်းသားဘဝကနေ အပြီးပိုင် အနားယူတော့မှာ ဖြစ်ပါတယ်။ ဒီလို အနားမယူခင်အချိန်မှာ နောက်ထပ် အသစ်ထပ်တက်လာမယ့် James Bond မင်သားလက်သစ်ကို ကြိုတင်အကြံပေးစကားတစ်ခု ပြောကြားခဲ့ကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Daniel ဟာ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Casino Royale ဇာတ်ကားအပါအဝင် 007 ဇာတ်ရုပ်ကို ၅ ကားတိတိ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိမယ့် No Time To Die ဇာတ်ကားဟာလည်း အစတုန်းက ၂၀၂၀ ခုနှစ်၊ နိုင်ဝင်ဘာလထဲမှာ ထွက်ရှိမယ်လို့ ကြေညာခဲ့ပြီးမှ COVID 19 ကပ်ရောဂါကြောင့် ရုပ်ရှင်ထွက်ရှိမယ့်နေ့ရက် ပြောင်းလဲသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါဇာတ်ကားဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ဆိုရင်တော့ တရားဝင် ထုတ်လွှင့်ပြသတော့မှဖြစ်ကြောင်း ပြောခဲပါတယ်။ Daniel ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့(၅.၁၀.၂၀၂၀)တုန်းက Jimmy Fallon ရဲ့ The Tonight Show မှာ နောက်ထပ် အသစ်တက်လာမယ့် James Bond မင်သားကို အကြံပေးစကားတစ်ခွန်းပြောကြားခဲ့ပါတယ်။

READ
ကျစ်လစ်လှပတဲ့ အမိုက်စားဘော်ဒီလေးကို ပြသလိုက်တဲ့ နန်းခင်ဇေယျာ

“James Bond မင်းသားဇာတ်ရုပ်ဟာ မင်းသားတိုင်းသရုပ်ဆောင်လို့ ရမယ့်နေရာ မဟုတ်ဘူးဆိုတာကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ ကျွန်တော်ဆိုရင်လညး မကြာခင်ထွက်ရှိတော့မယ့် No Time To Die ဇာတ်ကားပြီးရင် James Bond မင်းသားနေရာက အပြီးပိုင် အနားယူတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ် James Bond မင်းသားအသစ် ဘယ်သူလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိရသေးပါဘူး။ နောက်တက်လာမယ့် James Bond မင်းသားကိုတော့ တစ်ခုပဲ မှာချင်ပါတယ်။ တလွဲတွေ မလုပ်ပါနဲ့လို့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် အပါအဝင် ကျွန်တော့်အရှေ့က စီနီယာ James Bond မင်းသားကြီးတွေလည်း တစ်ယောက်မှ တလွဲတွေ မလုပ်ခဲ့လို့ပါပဲ”လို့ Daniel က ပြောကြားခဲ့ပါတယ်။

READ
Irina Shayk နဲ့ အတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ Liz Hurley ရဲ့ သား Damian

 

Pyi Hein Kyaw

SHARE