ပိုင်ဆိုင်မှုဒေါ်လာသန်း၂၀၀ကျော်ကို အမွေအဖြစ်မထားခဲ့ဘူးဆိုတဲ့ James Bond မင်းသား

[email protected]

ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig ကိုတော့ တော်တော်များများ သိကြမှာပါ။ မိန်းကလေးတော်တော်များများ စွဲမက်တဲ့ မျက်လုံး၊ တည်ကြည်ခန့်ငြားတဲ့ မျက်နှာပေါက်ကို ပိုင်ဆိုင်ထားတဲ့အပြင် ဝင်ငွေများများရရှိတဲ့ မင်းသားကြီးတစ်ယောက်ဆိုလဲ မမှားပါဘူး။  ဂျိမ်းစဘွန်းဇာတ်ကောင်နဲ့ နာမည်ကြီးခဲ့တဲ့ Daniel ကတော့ သူပိုင်ဆိုင်တဲ့ ပေါင်း သန်း၂၀၀ ကျော်ကို သားသမီးတွေအတွက် အမွေအဖြစ် လုံးဝမထားခဲ့ဘူးလို့ ထုတ်ဖော်ပြေားကြားခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အသက် ၅၀ ပြည့်ပြီဖြစ်တဲ့ Daniel ဟာ လက်ရှိမှာတော့ နာမည်ကြီး မင်းသမီး Rachel Weisz နဲ့ အိမ်ထောင်ကျခဲ့ပြီး သားလေးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ ဒါ့အပြင် အတိတ်မှာလည်း Daniel ရဲ့ ဇနီးဟောင်း  မင်းသမီး Fiona Loudon နဲ့ သူတို့ရဲ့ ၂၈ နှစ်ရှိပြီဖြစ်တဲ့ Ella တို့လည်း ရှိပါတယ်။

“ ကျွန်တော့်သားသမီးတွေကို သူတို့လမ်းသူတို့ဖောက်စေချင်တယ်။ ကျွန်တော့်ဆီက ပိုက်ဆံတွေကို မမျှော်ကိုးစေချင်ပါဘူး။ တစ်ချိန်ချိန်ကျရင် ငါတို့အဖေဆီက ဘာရမယ်ညာရမယ် အဲဒီလို အတွေးတွေနဲ့ သူတို့လေးတွေကို မရှင်သန်စေချင်ဘူး။ ဒါ့ကြောင့် ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ပိုက်ဆံတွေကို သားသမီးတွေအတွက် လုံးဝထားခဲ့မှာ မဟုတ်ပါဘူး” လို့ Daniel က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE