အိမ်ယာမဲ့ထင်ပြီး ပိုက်ဆံပေးသွားတာ နဲ့ ကြုံခဲ့ဖူးတဲ့ Daniel Radcliffe

Image:IG & Twitter /Daniel Radcliffe

Daniel Radcliffe ကတော့ ဟယ်ရီပေါ်တာ မင်းသားချောပါ။ဟယ်ရီ ပေါ် တာနဲ့  ကလေး ဘ၀ တည်းက ပရိသတ် အခိုင်အမာ ရခဲ့ပြီး အခုဆိုရင်တော့ သူ့ရဲ့ အသက်ဟာ (၃၀) ရှိ နေပါပြီ။Daniel Radcliffe  ကတော့ သူ့ဘ၀ ရဲ့ အမှတ်တရ ရယ်စရာ အဖြစ် အပျက် လေးကို အင်တာဗျူး တစ်ခုမှာ ဝေမျှ ခဲ့ပါတယ်။အပြင်မှာ တွေ့တဲ့ တစ်စိမ်း တစ်ယောက် က သူ့ကို အိမ်ယာမဲ့ လို့ ထင်ပြီး ပိုက်ဆံ ပေးသွားတဲ့ အကြောင်းလေးပါ။

Image:twitter/Daniel Radcliffe

” ဒါက ရယ်လဲ ရယ်ရ၊ ထူးလဲ ထူးဆန်းတဲ့  ကိစ္စပါ..” ဆိုပြီး BBC ရဲ့ The Graham Norton Show မှာ ပြော ခဲ့တာပါ။သူ့ရဲ့ ချစ်သူ Erin Darke နဲ့ အရှေ့ ကမ်းရိုး တန်း မှာ နေတုန်းက အချိန် တွေကို ပြန်ပြော ပြခဲ့တာပါ။” လမ်းပေါ်မှာ ကျ တော်က ကျ တော့် ခွေး နဲ့ အတူ  ရပ်နေတယ်။ကျတော့် ကောင်မလေးက ဆိုင်ထဲ မှာ ရောက်နေတာ ပေါ့ဗျာ။အပြင်မှာက လည်း အရမ်းအေးနေတဲ့ အချိန် လေ။ကျ တော့်မှာက Hoodie လေး နဲ့ ကုတ် အကြီး ပဲ ၀တ်ထားတယ်။ကျ တော့ေ ခွး ကတော့ အရမ်းချမ်း နေတာပေါ့။ဒါကြောင့် ကျ တော်ကလည်း ခွေးကို အနွေးဓါတ် ပေး ဖို့ လုပ်တာပေါ့ဗျာ။

READ
ရွှေအိမ်စည်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ပြောလာတဲ့ Global Beauties
Image:twitter/@alisan_uk

အဲ့ဒီမှာပဲ  အမျိုးသား တစ်ယောက်က ကျတော့်ကို ခပ်လှမ်းလှမ်း ကနေ ပြုံး ပြီး ကြည့်နေတယ်။ပြီးတော့ ကျတော့်  ဆီ လျှောက် လာပြီး  ပုခုံးပေါ်ကို ငါးဒေါ်လာ လာ  တင်ပေးပြီး ကော်ဖီဝယ် သောက်လိုက်ပါ ဆိုပြီး ပြောသွားတယ်..” ဆိုပြီး အိမ်ယာမဲ့ ထင်ပြီး  သူ့ကို ငါးဒေါ်လာ လာ ပေးသွားတာ ခံရဖူးတဲ့အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။” ကျ တော့် ရဲ့ မုတ်ဆိတ်တွေကို မကြာခဏ ရိတ် ပေးဖို့ လို နေပုံရတယ်..” ဆိုပြီးတော့လည်း အရွှန်းဖောက်ခဲ့ပါတယ်။မုတ် ဆိတ် တွေ၊ဖရိုဖရဲ ပုံစံ၊ ခွေး တစ်ကောင်နဲ့  အေး နေတဲ့ ကြားက အပြင်မှာ ရောက်နေ တော့ သနားစရာ အိမ်ယာ မဲ့ လို့ တစ်ဖက်လူက မြင်သွားပုံရပါတယ်။

Image:IG/Daniel Radcliffe
 ဟယ်ရီပေါ်တာ ဇာတ်ကောင်နဲ့ အသိအမှတ်ပြု ခံရတဲ့ ကြောင်းနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာတော့..” ငယ်ငယ် လေး နဲ့ သရုပ်ဆောင် လုပ်တဲ့ အခါ ကျ တော့ လူတွေက ခင်ဗျားကို အချိန် တိုင်းဒါပဲ လုပ် နေမယ်ထင် ကုန် ကြရော၊ ကျတော့် ရဲ့ ဘ၀က ကျတော်အမြဲ ကြိုးစားတယ်။ဒီလို မျိုး မဖြစ်ဖို့၊တက်နိုင်သမျှ ဒီလို ဖြစ်လာနိုင်ေ ချ ကနေ ပြေးထွက်ဖို့။ တခါ တလေ ခင်ဗျားက ကျတော့် အပေါ် ရိုင်းတာရှိနိုင်တယ်ဗျာ၊ဒါပေမယ့် ကျ တော်က ရပါတယ်။အဆင် ပြေ ပါတယ် ပြောမယ်။ကျ တော် ကလည်း ခင်ဗျားရိုင်းတာကို တကယ်ပဲ သတိ မပြု မိတာဖြစ်မယ်ဗျာ..” ဆိုပြီး  ပြောခဲ့ပါတယ်။
Image:twitter/@JumpCut_Online

Fan တွေ  တွေ့ရရင် ပျော်မြူး နေတာ နဲ့ ပတ်သက်ပြီးလည်း လူဆိုတာ ပရိသတ်က ဓါတ်ပုံ  တွဲ ရိုက်ဖို့ ပြောလာတဲ့ အချိန် တိုင်းတော့ ကိုယ့်ရဲ့ Mood က အမြဲ တော့ ကောင်း မနေ နိုင်ဘူးလို့ ၀န်ခံခဲ့ပါတယ်။” လူ တစ်ယောက် ကျ တော်နဲ့ ဓါတ်ပုံတွဲ ရိုက်ဖို့ ပြောလာတိုင်း ကျတော် ပျော် မနေ တာတော့ ၀န်ခံတယ်ဗျာ။ကျတော် Gym ရောက်နေတာ မျိုးဆိုရင် လေ.. တကယ်ပဲ စိတ် အနှောင့်အယှက်ဖြစ်ရတယ်။ကျ တော့်မှာဗျာ. ရပါတယ် ။အခု ကျတော် ချွေး အရမ်းထွက်နေလို့ ခဏ စောင့် ပေးနိုင်မလား ပြောရတယ်..” ဆိုပြီး သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့် ခဲ့ပါတယ်။Daniel Radcliffe ရဲ့ ဇာတ်ကားသစ် Escape from Pretoria ကတော့ (၂၀၂၀) မတ် (၆) ရက်နေ့ မှာ ထွက်ရှိ တော့မှာပါ။

Source:insider.

READ
ဝိတ်ကျဖို့ ကြိုးစားခဲ့ရပုံတွေကို ဝေမျှပေးလိုက်တဲ့ အားတီ
SHARE