ဲJackie Chan ဟာ သူ့ကို သားတစ်ယောက်လို သဘောထားတယ်လို့ ပြောခဲ့တဲ့ Daniel Wu

[email protected] [email protected]

ကမ္ဘာကျော်မင်းသားကြီး Jackie Chan ကိုတော့ မြန်မာနိုင်ငံက လူတိုင်းနီးပါး သိရှိကြမှာပါ။ Jackie Chan ရဲ့ ဇာတ်ကားတော်တော်များများရဲ့ ထူးခြားချက်ကတော့ အက်ရှင်ကားတိုင်းလိုလိုက စတန့်ပြကွက်တွေဟာ လူစားမထိုးပဲ သူကိုယ်တိုင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက သူ့ဇာတ်ကားတွေကြည့်ပြီး ဇာတ်ကားပြီးသွားရင်တောင် မထသေးပဲ နောက်ဆုံးမှာမှ ပြတတ်တဲ့ ရိုက်ကွင်း Documentary က သူ့ရဲ့ စတန့်ပြကွက်တွေကို တော်တော်များများ စောင့်ကြည့်ခဲ့ဖူးမှာပါ။

မင်းသားကြီး Jackie Chan ဇာတ်ကားတွေထဲက လူသိအများဆုံးဇာတ်ကားကို ပြောရမယ်ဆိုရင်တော့ Police Story ဇာတ်ကားပါပဲ။ Police story ဟာ ဘယ်လောက်တောင် အောင်မြင်သလဲဆိုရင် ဇာတ်ကား(၆)ကား အထိ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီဇာတ်ကားတွေထဲကမှ (၂၀၀၄) ခုနှစ်က ထွက်ရှိခဲ့တဲ့ New Police Story ဇာတ်ကားကိုတော့ တော်တော်များများ သိကြမှာပါ။

အခုလည်း အဲဒီဇာတ်ကားထဲက ဟောင်ကောင်ရဲမင်းကြီးသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Daniel Wu ကတော့ Jackie Chan ဟာ သူ့ကို အမြဲတမ်း သားတစ်ယောက်လို ဆက်ဆံပြီး ဒီနေ့ဒီအချိန်အထိ သူ့ရဲ့ ဒုတိယသားသဖွယ် အမြဲတမ်း သွန်သင် ဆုံးမလေ့ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

“Jackie နဲ့ ကျွန်တော် ဇာတ်ကားက နှစ်ကားပဲ တွဲရိုက်ဖူးတယ်။ ပထမဇာတ်ကားကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ New Police Story ဇာတ်ကားရယ်၊ နောက်တစ်ကားကကျတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Shinjuku Incident ရယ်။ အဲဒီနှစ်ကားမှာပဲ ဆုံခဲ့ဖူးပေမယ့် ကျွန်တော့် သူ့ကို တော်တော်သံယောဇဉ်ရှိတယ်ဗျ။ သူလည်း ကျွန်တော့်ကိုဆို အမြဲ သူ့သားတစ်ယောက်လို ဆက်ဆံတယ်။

ပြီးတော့ သူက အလုပ်အရမ်းလုပ်တယ်။ ကျွန်တော်တောင် အနားယူဖို့ စဉ်းစားနေပေမယ့် သူက အခုထိ အနားမယူသေးဘူး။ သူ့သားကို ဆုံးမလို့ မရရင်လည်း ကျွန်တော့်ကိုပဲ အမြဲဆုံးမခိုင်းတယ်။ Jaycee Chan က လူငယ်လေ။ ပြီးတော့ ကျွန်တော့်နဲ့က ညီအကိုလို ပေါင်းတော့ ကျွန်တော်နဲ့ ပြောရဆိုရပိုလွယ်တယ်။ ကျွန်တော့်အတွက်တော့ Jackie က အဖေတစ်ယောက်လိုပါပဲဗျာ” လို့ အသက် ၄၅ နှစ်အရွယ် Daniel Wu က ပြောကြားခဲ့ပါတယ်။

READ
စစ်သားတွေနဲ့ ရဲတွေပါခေါ်ပြီး ပါလီမန်အစည်းအဝေးတက်ခဲ့တဲ့ အယ်လ်ဗေးဒိုးသမ္မတ

Pyi Hein Kyaw

SHARE